ချက်ပြုတ်နဲ့ ချက်ပြုပ် ဘယ်ဟာက အမှန်လဲဆရာ။ ပြုတ်ထက် ပြုပ်ကိုပဲ အမှန်လို့စွဲနေတော့၊ ပြုတ်လို့ပြန်ပြင်ဖို့ အတော်အချိန်ယူရဦးမယ်။ ကျမ်းကိုးလေးနဲ့ ပြင်ပေးပါဦးဆရာ
ချက်ပြုတ် – အစာအာဟာရကို ကျက်အောင် ပြုလုပ်ခြင်း (ဥပမာ - ဟင်းချက်ပြုတ်သည်)။
ပြုတ် – ရေပူတွင် နူးနပ်အောင် ပြုလုပ်ခြင်း (ဥပမာ - ကြက်ဥပြုတ်၊ အသီးအရွက်ပြုတ်)။
ချက်ပြုပ် ဟု "ပ" သတ်ဖြင့် ရေးသားခြင်းမှာ မှားယွင်းပါသည်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) နှင့် ဆရာကိုင်စွဲထားသည့် ၁၉၈၆ မတိုင်ခင် စံနှုန်းများအရလည်း "ချက်ပြုတ်" ဟု "တ" သတ်ဖြင့်သာ ရေးသားရမည်ဖြစ်ပါသည်။
image_e719c2.png
ပြုတ်¹ – ကြိ / ပျုတ် / ၁။ အတွဲအဆက် ကွာလွတ်သည်။ ၂။ တာဝန်မှ ဖြုတ်ပယ်ခြင်း ခံရသည်။ ၃။ တည်တံ့ခိုင်မြဲခြင်းမရှိ ပျက်ပြားသည်။ “နောက်ဆုံး၌ ဆိုင်ကလေး ပြုတ်သွားလေတော့၏။” လင်ကွန်း။ ၃၈။
ပြုတ်² – ကြိ / ပျုတ် / တစုံတရာကို ရေ သို့မဟုတ် အရည်တွင် ထည့်၍ မီးအပူတိုက်သည်။
ပြုတ်³ – ကြိ / ပျုတ် / အသံ အော်ဟစ်သည်။ “ကြံ့က ဟောက်ရုတ်၊ ပြုတ်သည်အသံ၊ ချေငယ်က ဟောက်။” နဝဒေး ရတု၊ ၆၇။ ၁။
ပြုတ်ကြော် – န / ပျုတ်ကျော် / ၁။ ဆီရောရေပါ တပေါင်းတည်းချက်ပြီး ရေခမ်းသည့်အခါ ဆီကျန်နှင့်မွှေထားသောစားဖွယ်။ ၂။ ပြုတ်ပြီးနောက် ဆီပွတ်ထားသော စားဖွယ်။ ၃။ ကြော်ပြီးနောက် ရေအနည်းငယ် ထည့်၍ ချက်သော စားဖွယ်။
ပြုတ်ချက် – န / ပျုတ်ချက် / အရည်ရွှမ်းစွာ ဆီကျန် ရေကျန် ချက်ထားသည့်ဟင်း။
ပြုတ်ဆေး – န / ပျုတ်ဆေး / ရေနှင့် ကျိုထားသော ဆေး။
ပြုတ်ဆတ်ဆတ် – ကြိဝိ / ပျုတ်ဆတ်ဆတ် / မနူးမနပ် ဖြစ်လျက်။ နူးမည်ယောင်နှင့် မနူးနပ်ပဲ။
ပြုတ်ဆန် – န / ပျုတ်ဆန် / စပါးကို ပေါင်းပြုတ် နေလှန်းပြီးမှ ကြိတ်ခွဲသည့်ဆန်။
ပြုတ်တူ – န / ပျုတ်တူ / ဖြုတ်တူ – န၊ ရှု။
ပြုတ်တူ – န / ပျုတ်တူ / တစုံတရာကို မြဲမြံစွာ ထိန်းညှပ်ထားနိုင်သော ကိရိယာ။
ပြုတ်ပြုတ်¹ – ကြိဝိ / ပျုတ်ပျုတ် / လုံးဝကုန်စင်။ အကြွင်းမဲ့။ “နှာသံမှတ်က ပြုတ်ပြုတ်စင်မယ်၊ ဘယ်ထိမထင်၊ ရန်ကိုချိုးချည့်။” ရတနာ။ ၇၃။
ပြုတ်ပြုတ်² – န / ပျုတ်ပျုတ် / ပြုတ်ပြုတ်ဟူ၍ မြည်သံ။ “ဗလုံးဗလွေး၊ ပြုတ်ပြုတ်၊ ပလုတ်တုတ်၊ တီးမှုတ်တီးမှုတ်သည်။” ဗန္ဓ။ ၁၅။
ပြုတ်ပြုတ်ပြုန်း¹ – န / ပျုတ်ပျုတ်ပျုန်း / ဗြောတီးရာ တွင် ပလုတ်တုတ် နှစ်ချက်နှင့် ဗဟို တချက် တီးသံ။
ပြုတ်ပြုတ်ပြုန်း² – ကြိ / ပျုတ်ပျုတ်ပျုန်း / လုံးဝ ပျက်စီး ဆုံးရှုံးသည်။
image_e719a2.png
ဖားပြုပ် – န / ဖပျုတ် / ဗဟ်ပျုတ် / ကျောတွင် အဖုအပိမ့်ရှိပြီး ကုန်းပိုင်းအနေများသည့် အရောင်မွဲခြောက် ကွက်ကျား၍ မာကျောသော ဗဒိုက်သော ဖားတမျိုး။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment