ရေး-မြို့မငြိမ်း
မူရင်းအဆို-မေရှင်
စိတ်ချလက်ချ ကြည်ဖြူချင်
မြေပေါ်တွင် သူပဲ စွဲလို့သာခင်
သစ္စာတော်ပန်း မသွေတမ်းဆင်
တူနှစ်ကိုယ် သည်းရွှေဆိုင်မြဲခိုင်ခိုင်
ပေါင်းဖက်ဖို့စိတ်မှာ မျှော်မြင်
စိတ်ချလက်ချ ကြည်ဖြူချင်
မြေပေါ်တွင် သူပဲ စွဲလို့သာခင်
သစ္စာတော်ပန်း မသွေတမ်းဆင်
တူနှစ်ကိုယ် သည်းရွှေဆိုင်မြဲခိုင်ခိုင်
ပေါင်းဖက်ဖို့စိတ်မှာ မျှော်မြင်
အခုများဖြင့် သူဉာဏ်တွေဝင်
အသစ်တွေ့လို့ မောင်မေ့တယ်ထင်
မျှော်သူပမ်း လွမ်းသမျှ စာတင်
ချစ်သူ့ထံရည်မှန်း ပျို့မှာတမ်းဆက်တယ်ရှင်
မိုးကလေးညို့ညို့ လွမ်းစိတ်ပိုချင်
ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင်
သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ
စိတ်စွဲလို့ပင်
ချစ်သူ့မျက်နှာလေးကို တမြင်မြင်
မိုးကလေးညို့ညို့ လွမ်းစိတ်ပိုချင်
ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင်
သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ
စိတ်စွဲလို့ပင်
ချစ်သူ့မျက်နှာလေးကို တမြင်မြင်
စားစား သွားသွား နေနေ
မောင့်အပူပွေသူပါရှင်
မြင်တော်မူဦး မောင့်ရဲ့ မေ့တတ်လွန်းထင်
လွမ်းစာရေးလိုက်ရပါတယ်ရှင်
မိန်းကလေး လက်ရေးသီရင် ခွင့်လွှတ်မယ်ထင်
တကိုယ်ရည်တွေးဆွေး နေ မရွှင်
ရော်ကာရမ်း ခန်းစက်ရာဝင်
မျက်တောင်ကလေးယှက်
ဖူးလက်တင် ဖော်မဲ့သူတွင်
တကိုယ်ရည်တွေးဆွေး နေ မရွှင်
ရော်ကာရမ်း ခန်းစက်ရာဝင်
မျက်တောင်ကလေးယှက်
ဖူးလက်တင် ဖော်မဲ့သူတွင်
စိမ်း ကားသလောက် ပျိုမငြိုငြင်
လာခဲ့ရင်ရန်တွေ့မှာမို့လား
ဒေါသမထား ရက်ဘူးရှင်
အသက်လောက် မောင့်ကိုပဲခင်
မိဘအပေါ် ဆိုးနွဲ့လေ သမျှ
သူနဲ့ကျမှ ဝဋ်လည်တယ်ထင်
သနားစေချင်လို့ ပျို့ငွေလွှာတင်
မိုးကလေးညို့ညို့ လွမ်းစိတ်ပိုချင်
ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင်
သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ
စိတ်စွဲလို့ပင်
ချစ်သူ့မျက်နှာလေးကို တမြင်မြင်
မိုးကလေးညို့ညို့ လွမ်းစိတ်ပိုချင်
ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင်
သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ
စိတ်စွဲလို့ပင်
ချစ်သူ့မျက်နှာလေးကို တမြင်မြင်
စားစား သွားသွား နေနေ
မောင့်အပူ ပွေသူပါရှင်
မြင်တော်မူဦး မောင့်ရဲ့ မေ့တတ်လွန်းထင်
လွမ်းစာရေးလိုက်ရပါတယ်ရှင်
မိန်းကလေး လက်ရေးသီရင်
ခွင့် လွှတ် မယ် ထင်
facebook.com/reel/1184904048031981/?s=single_unit
ဒေါက်တာတင့်ဆွေ

Comments
Post a Comment