Skip to main content

နောင် အင်း လေး




ဝင်းဦး

၁၉၇၀ ခု အောက်တိုဘာလမှ ၁၉၇၁ ဖေဖော်ဝါရီလအထိ မြန်မာ့အလင်းနေ့စဉ် သတင်းစာတွင် ထည့်သွင်းခဲ့သော ဝင်းဦး၏ အဆက်ဆက် ဝတ္ထုရှည်ကြီးကို တပေါင်းတည်း ပြန်လည်ရိုက်နှိပ်သည်။

နောင်အင်းလေး-နောင်အင်းလေး။

ကြည်နူးဘွယ့်အစဉ် တောင်သေလာ ဝန်းပိုက်ရစ်ဆင်း

မှုံမှေးမှေး-မြင်သေးတော့ခင်၊

လှေငယ်တံငါယာဉ် ဟိုအဝေးတွင်....

တေးလှိုင်းသိုင်းဖွဲ့ဆင်၍နေသော ညဉ့်ပျိုနှမ အလှပြင်ချိန်တွင် ဂီတသံရှိန် မှိန်မှိန်ကလေးနှင့်ဖက်စပ် တွဲသစ်ကာ ရစ်လွှမ်းလာသည့် တျာကျ စာအလှကို မောင် တစွန်းတစ ဖွဖွကလေးကြားမိစဉ်က အတွဲအဖက် ချောမွတ်သော အမည်ဆန်းကလေးပင် တကားဟု စိတ်မှာကြည်မွေ့မိသွားပါ၏။ မောင်သည် အလှအပတွင် စိတ်အယဉ်နွဲ့ပျောင်းကာ ဟောင်းသည် သစ်သည်မရှိ၊ အလှသည် အလှပင်ဖြစ်ချေသည်။ အလှသည် နှလုံးသွေးမှ အညစ်ကျေးများကို အမြဲအစဉ် ဆေးကြောနိုင်ပေးမည်ဟု မူသေ တသမတ်တည်း ယူဆထားသူဖြစ်ပါသည်။ ထို့ကြောင့်ပင် နောင်အင်းလေးဟူသော ချစ်စရာစာစုကလေး၌ မိမိအတွေးကို တည်ကိန်းထားကာ အဓိပ္ပါယ်အယူအဆတွေ ပွားပစ်လိုက်မိခဲ့ပါသေးသည်။

အင်းလေး-

ဟိုတိမ်ဘုံစွန်းဆီက၊ လဲ့ဝန်းတိမ် လှေယာဉ်တို့ ရေပြင်တွင် ရွက်ကျင်လွှင့်သကဲ့သို့ တလှည့်တပြန် ရှက်စုံဖွင့်နိုင်သော မြေပြင်တွင် ရေတင့်သည်ဟု စာဖွဲ့ကြရသည့် ကန်အင်းလေး။

အင်းလေးကို ညွှန်းဆိုသည့် တမ်းချင်းကလေးဖြစ်သည်မှာကား မလင်းဘဲနှင့်မီ၊ မရှင်းဘဲနှင့်ပင် သိနိုင်လောက်ပါသည်။

သို့သော် “နောင်”ဆိုသည်ကိုတော့ မောင်အယူထွေးထွေးရှိခဲ့ရ၏။ နောင်နှင့် အင်းလေး တွဲဖက်ပေးခြင်း၌ အမည်သစ်တခု စာနုနုတခုအရိုက်သည်ကား မှန်၏။ အနက်သဘော ထွက်ပြောလိုသူအဘို့ရာ၌မူ အဘယ်ပါနည်း။

အသဲနှလုံးတို့ကိုသော်၎င်း၊ ဦးနှောက်အမြှင်မှေး အခန်းကလေးများကိုသော်၎င်း၊ ငြိမ့်ငြိမ့်ကလေး အစာကျွေးတတ်သူများမှာ တလုံးနှစ်လုံး စာစီကုံးခြင်း၌ မွေ့လျော်သူလည်းဖြစ်ရာ၏။ သို့မဟုတ်ကလည်း အဖြူပေါ်အနက်ထင်သော စာပေစကြာယာဉ်နှင့် စိတ်ကူးနယ်ဖြန့်ထတ်သူလည်းဖြစ်ရာ၏။ မောင့်မှာမူ နားထောင်ခြင်းနှင့် စကားဖေါင်ဖွဲ့ခြင်းကို ရောရှက်ခံစားတတ်သူဖြစ်စေရာ ပမာပမေး ဝါသနာကလေးနှင့်ဟု ဆိုရပါမည်။ မောင်သည် စာမွေ့သူတဦးဖြစ်လေ၍ နောင်အင်းလေး ဆိုသည်ကား...

မှတ်ချက်

ဝင်းဦးကို သိမှီသူတွေ နည်းတော့မည်ထင်ပါသည်။ တချိန်က ကမ္ဘာ့တေးဂီတနယ်မှာ ပရက်စ်လေ ခေတ်လောက် မြန်မာ့ရုပ်ရှင်၊ တေးဂီတနဲ့ စာပေနယ်မှာ ဝင်းဦးဟာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲံပါတယ်။ ၁၉၇၀-၇၁ ကာလမှာ မြန်မာပြည်တပြည်လုံးမှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးသား၊ သင်ကြား၊ ထုတ်ဝေခဲ့ပါကြောင်း ထပ်လောင်းသက်သေတခု တင်ပြခြင်းဖြစ်ပါတယ်။

တပေါင်းတည်း

တလှည့်တပြန်

တစွန်းတစ

တသမတ်တည်း

တလှည့်တပြန်

စာနုနုတခု

တလုံးနှစ်လုံး စာစီကုံးခြင်း၌

အမည်သစ်တခု 

စာနုနုတခု

စာမွေ့သူတဦး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ