နှိုင်းယှဉ်ချက်နှင့် အဓိပ္ပာယ်ခွဲခြားပုံ
၁။ သဏ္ဌာန် (သ + ဏကြီး + ဌဝမ်းဘဲဆင့်) = ပုံပန်း၊ အသွင်အပြင်၊ Shape
အရာဝတ္ထုတစ်ခုခုရဲ့ မျက်မြင်ကိုယ်တွေ့ ပုံစံ၊ အရွယ်အစား၊ အသွင်အပြင် လက္ခဏာကို ပြလိုတဲ့အခါ “ဏကြီးအောက်မှာ ဌဝမ်းဘဲဆင့်” တဲ့ သတ်ပုံကို သုံးရပါတယ်။
အဘိဓာန်အဖွင့် - “အရာဝတ္ထုတခု၏ ပုံစံကို သီးခြားရိပ်သာ ဖော်ပြနေသော အခြင်းအင်္ဂါများ။”
တွဲဖက်ဝေါဟာရများ - ပုံသဏ္ဌာန်၊ လူ့သဏ္ဌာန်၊ တိရစ္ဆာန်သဏ္ဌာန်၊ တြိဂံသဏ္ဌာန်၊ လခြမ်းသဏ္ဌာန်။
၂။ သန္တာန် (သ + နငယ် + တလင်းချိတ်ဆင့်) = စိတ်/ရုပ်အစဉ်၊ မျိုးရိုး၊ Continuity
စိတ်အစဉ် သို့မဟုတ် ခန္ဓာကိုယ်အတွင်းက သဘောတရားတွေ အဆက်မပြတ် ဖြစ်ပျက်စီးမျောနေတဲ့ အခြေအနေမျိုးကို ပြလိုတဲ့အခါ “နငယ်အောက်မှာ တလင်းချိတ်ဆင့်” တဲ့ သတ်ပုံကို သုံးရပါတယ်။
အဘိဓာန်အဖွင့် - “အဆက်မပြတ် ဖြစ်ပေါ်နေသော စိတ် သို့မဟုတ် ရုပ်အစဉ်။”
တွဲဖက်ဝေါဟာရများ - စိတ်သန္တာန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ သန္တာန်တူ (မျိုးရိုးတူ)။
“ပုံပန်းအသွင် ပြလိုအံ့၊ ဏကြီးအောက်က ဌသဏ္ဌာန်။”
“စိတ်ရုပ်အစဉ် ဆိုလိုအံ့၊ နငယ်အောက်က တသန္တာန်။”
ဥပမာစာကြောင်း - “သူ့ စိတ်သန္တာန် ထဲမှာ ရှိတဲ့ အတွေးတွေကို လူအများ မြင်နိုင်အောင် ကပြတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှု ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ သရုပ်ဖော်တတ်ကြတယ်။”
သန္တာန် – န / သန်ဒန် / အဆက်မပြတ် ဖြစ်ပေါ်နေသော စိတ် သို့မဟုတ် ရုပ်အစဉ်။ “ကခုန်ခြင်းသည် အတွင်းစိတ်သန္တာန်ကို ကိုယ်လက်လှုပ်ရှားမှုဖြင့် သရုပ်ဖော်ခြင်း ဖြစ်သည်။” ယဉ်ကျေး၊ ပ၊ ၃၅။ [ပါ]
သန္နိဋ္ဌာန် – န / သန်နိတ်ထန် / စိတ်ဆုံးဖြတ်ခြင်း။ “ယုံကြည်ထိုက်လှသော သန္နိဋ္ဌာန်စကားဟု မှတ်အပ်၏။” ပေဝိ၊ ပ၊ ၉။ [ပါ]
သန္နိဋ္ဌာန်ချ – ကြီ / သန်နိတ်ထန်ချ / စိတ်ဆုံးဖြတ်သည်။ “လှူပါတော့မယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်။” ထေရီ၊ ဒု၊ ၁၃၉။
သန္တရသ – န / သန်တရသ / ကဗျာဆိုင်ရာ ရသကိုးပါးတွင် ပါဝင်သော တည်ငြိမ်ခြင်း၊ ငြိမ်းအေးခြင်း အရသာ။ [ပါ]
သန္တာ – န / သန်ဒါ / ထုံးဓာတ်အများဆုံးပါဝင်၍ ကျောက်မျက်၊ ကျောက်ခက်၊ ကျောက်တန်းများကို ဖြစ်ပေါ်စေသော ပင်လယ်သတ္တဝါတမျိုး။ (သန္တာနီ၊ သန္တာနက် စသည်ဖြင့် ကွဲသည်။)
သန္တာခဲ – န / သန်ဒါခဲ / သန္တာကောင်မှ ဖြစ်ပေါ်သော ထုံးကျောက် အခဲအစအန။
သန္တာငေါ့ – န / သန်ဒါငေါ့ / သန္တာကောင်မှ ဖြစ်ပေါ်ရရှိသော ကျောက်တမျိုး။
သန္တာပြန် – န / သုဒါဗျန် / ၁။ အပ်ချုပ်နည်းတမျိုး။ (လျာထားသည့် ပထမနေရာမှ တတိယနေရာသို့၊ အောက်မှ ထိုးချုပ်ပြီးမှ ဒုတိယနေရာသို့ ထိုးချုပ်နည်း။ တနည်း၊ ငွေခြည်ပေါက်ကို လက်ဝဲဘက်အပေါ်မှချ၍ အလယ်ပေါက်ကို ဖြတ်လျက် လက်ယာဘက်မှတဖန် အလယ်ပေါက်ကိုဖြတ်၍ လက်ဝဲဘက်သို့ ထိုးချုပ်နည်း။) ၂။ မြင်းဆိုင်းလက္ခဏာ။ (ကျင်ကြီးစားခြင်း၊ ကျင်ငယ်သောက်ခြင်း အစည်သဖြင့် နောက်ခြေနှစ်ဘက်ကြားသို့ အမြီးဝင်ခြင်းဟူ၍ သုံးမျိုးရှိသည်။)
— ကြီဝိ / သုဒါဗျန် / ၁။ တုံ့ပြန်လျက်။ ၂။ ဆန့်ကျင်အားဖြင့်။
— ကြီ / သုဒါဗျန် / ဦးစိုက် ပြောင်းပြန် ဖြစ်သည်။ ကျမ်းသန္တာလန် – ကြီ၊ လည်းရှု။ (သန္ဒါပြန်၊ သန္ဒါပြန် ဟူ၍လည်း ရေးကြသည်။)
သန္တာရောင် – န / သုဒါယောင် / အနီကဲသော လိမ္မော်ရောင်၊ အဝါသွေးပါသော ဟင်္သပြဒါးရောင်။
ပုံသဏ္ဌာန် – န / ပုန်သန်ဒန် / အရာဝတ္ထုတခု၏ ပုံစံကို သီးခြားရိပ်သာ ဖော်ပြနေသော အခြင်းအင်္ဂါများ။ (ပုံစံ၊ အရွယ်၊ အရောင်၊ အမျိုးအစား၊ ဝတ္ထုပစ္စည်း စသည်များ စွာပါဝင်သည်။)
သတ္တမပုံ (image_2ba044.png) — "ဘဏ္ဍာ" ဆိုင်ရာ ဝေါဟာရများ
ဘဏ္ဍာ – န / ဗန်ဒါ / ပစ္စည်းဥစ္စာ။ [ပါ]
ဘဏ္ဍာစိုး – န / ဗန်ဒါစိုး / ပစ္စည်းဥစ္စာ ထိန်းသိမ်းစောင့်ရှောက်ရသူ။
ဘဏ္ဍာတိုက် – န / ဗန်ဒါဒိုက် / အဖိုးတန် ရတနာ ရွှေ ငွေ ဥစ္စာပစ္စည်းတို့ကို သိမ်းဆည်းထားသိုရာ အဆောက်အအုံ။
ဘဏ္ဍာထိန်း – န / ဗန်ဒါတိန်း / အသင်းအဖွဲ့၊ လုပ်ငန်းဌာနစသည်တို့၏ ငွေကြေးအဝင်အထွက်ကို စိစစ်ထိန်းသိမ်းပိုင်ခွင့်ရှိသူ။
သဒ္ဒဗေဒ
သဒ္ဒါကျမ်း
သဒ္ဒါရုံ
သဒ္ဓါတရား
သန်(အား ရည်)
သန်ကောင်(ဝမ်းတွင်း)
သန်ချဆေး
သန်စွမ်း
သန္တာကျောက်
သန္တာလန်(ကျွမ်း)
သန္တာန်(စိတ်)
သန္ဓေကောင်း
သန္နိပါတ်နာ
သန္နိဋ္ဌာန်
သန်ဘက်ခါ
သန်မြန်
သန်လျက်ခုံ
သန်လျက်ဓား
သန်လျင်းချိတ်
သန်လျင်းထမ်းစင်
သဗ္ဗညုတဉာဏ်
သမ္ဗန်(အနက်)
သမ္ဗန်လှေ
သမ္ဘာရင့်
သမ္မတ
သမ္မာဒေဝနတ်
သမ္မန်စာ
သဏ္ဌာန်(ပုံ) ကို ခဏခဏမှားရေးကြလို့ တင်ပြရန် ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment