(မဟာစည်ဆရာတော်)
ဣစ္ဆာသယ ပိဋကတ် စာပုံနှိပ်တိုက်
ကောဇာ ၁၃၂၆ ခု။ (၁၉၆၄)
သာသနာ-၂၅၀၈-ခု၊ (က) ၃၇၉ ကောဇာ-၁၃၂၆-ခု၊
ကျေးဇူး။
နိဒါန်းကို ဒေါက်တာ ဦးမြင့်ဆွေက ရေးသားပါတယ်။
နိဒါန်းအကုန် တင်ပြခြင်း မပြုတော့ပါ။
စာမုပ်လုံး သတ်ပုံမှန်ပါကြောင်းကိုသာ နမူနာအဖြစ် တင်ပြပါတယ်။
မှတ်ရန်များ
တနေ့သော
တခုပြီးတခု
တကြိမ်တခါမျှ
တလခန့်အချိန်ယူ၍
ပထမပုံ (image_f622e8.jpg) — စာမျက်နှာ ၁၅
လုံလောက်စွာနားမလည်ခဲ့ပါ။ မည်သို့နားလည်အောင် ပြုလုပ်ရပါအံ့နည်းဟု တောင်းတ မျှော်လင့်မိပါသည်။
ကျွန်တော်အဖို့ အမှောင်ကိုခွင်းမည့် နေရောင်၊ လရောင်တို့သည် တခုပြီးတခု ထွက်ပေါ်လာသကဲ့သို့၊ ကျွန်တော်သိလိုသည့် တရားတို့ကို တမ်းတ၍မျှ မကြာမြင့်မီ သိဘို့ရာ အကြောင်းဆုံလာ ကြုံလာတတ်သည်က များပါသည်။
တနေ့သော သောကြာနေ့၏ ညနေချမ်းဝယ် သာသနာ့ရိပ်သာသို့ ယောဂီများအား ဆေးဝါးကုသပေးရန် အသွား၊ ကျွန်တော်တို့နှင့် ရင်းနှီးလှသော ဓမ္မမိတ်ဆွေကြီး ယောဂီ ဒေါ်အေးကြည်ကဆရာကြားနာဘို့ငှာလာပါတယ်၊ အေးအေးဆေးဆေး ဖွင့်ပြီး နာကြားပါဟု ပြောရင်း တိတ်ခွေများကို ပေးလာပါသည်။
၎င်းတိတ်ခွေများကား– ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် သံလျင်မြို့ (၂) ညတိုင်တိုင် ဟောကြားတော်မူခဲ့သော အရိယာဝါသ တရားတော်ကြီးကို၊ တရားသူကြီး ဦးသိန်းဟံက အသံဖမ်းယူလာခဲ့သော တိတ်ခွေများဖြစ်ကြောင်း သိရပါသည်။ ကျွန်တော့်အဖို့ အတိုင်းထက် အလွန်ဝမ်းသာလှပါသည်။
ထိုနေ့ညတွင်းချင်းပင် ရိပ်သာမှအပြန်လမ်း၅၀-ရှိကျွန်တော်၏ မိတ်ဆွေကြီး ဦးထွန်းတင်အိမ်သို့ သွားရောက်ကာ၊ ၎င်းတို့ အိမ်သားများနှင့် အတူဖွင့်၍ ကြားနာကြရပါသည်။ ကျွန်တော်သည် တကြိမ်တခါမျှ မရဘူး၊ မမြင်ဘူးသော ရတနာထုပ်ကို ရသကဲ့သို့ အတိုင်းထက်အလွန် ဝမ်းသာမဆုံး ဖြစ်ပါသည်။ ဦးထွန်းတင်တို့ အိမ်သားများသည်လည်း အရိယာဝါသ တရား
ဒုတိယပုံ (image_f6230a.jpg) — စာမျက်နှာ ၁၇
များလိမ့်အံ့ဟု အကြံ ဖြစ်ပေါ်လာပါသည်။ ဓမ္မဒါနကုသိုလ်ကိုလည်းယူလိုပါသည်။ ဤသို့ အကြံဖြစ်သည်အလျောက် နောက်တနေ့တွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားထံသို့ သွားရောက်ဖူးမြော်၍၊ အရိယာဝါသ တရားတော်ကြီးကို စာအုပ်အဖြစ် ပုံနှိပ်ခွင့်ပြုပါရန် ရိုသေစွာ ခွင့်ပန်လျှောက်ထားခဲ့ပါသည်။
ဆရာတော်ဘုရားကြီးထံမှ ခွင့်ပြုချက် ရရှိပြီးနောက်၊ ၎င်းတိတ်ခွေပေါ်၌ရှိသော အသံတရားကို စာတရားဖြစ်လာအောင် ကူးယူရေးအတွက်၊ အမျိုးသား စီမံကိန်းဌာနမှ လက်ရေးတို စာရေးဖြစ်သူ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော တူမလေး မနုနုအား အကူအညီ တောင်းရပြန်ပါသည်။
မနုနုသည် ငယ်ရွယ်သူဖြစ်သော်လည်း ရတနာသုံးပါး၊ဆရာသမားတို့ကို ရိုသေလေးစားတတ်သူဦးဖြစ်သည့်အလျောက်၊ ကျွန်တော်တောင်းခံသည့် အကူအညီကို ဝမ်းမြောက်စွာကူညီမည်ဖြစ်ပါကြောင်း ဂတိပြုပြီးလျှင်၊ ဖြစ်စင်သော စေတနာဖြင့် အသံမှ စာဖြစ်လာအောင် (၅)ရက်အတွင်း အပြီးကူးယူ ပေးခဲ့ပါသည်။
စာမူကို ဆရာတော်ဘုရားကြီးထံသို့ ပြန်လည်ဆက်ကပ်ရာ၊ ဆရာတော်ဘုရားကြီးသည် တလခန့်အချိန်ယူ၍ တည်းဖြတ် ပြင်ဆင်ပေးသနားတော်မူခဲ့ပါသည်။ စာအုပ်အဖြစ် ပုံနှိပ်ရန်အတွက် ကျွန်တော်အား စာပေကိစ္စနှင့်ပတ်သက်၍ အကူအညီ ပေးလေ့ရှိသော ဗုဒ္ဓဓမ္မလောက တရားစာစောင် အယ်ဒီတာ မင်္ဂလာ ဦးအောင်မြင့်အား အကူအညီတောင်းခံရပြန်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment