ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး)
တည်းပြတ်သည်
ပြန်ပေး မေတ္တာစာ
စေတနာ ဗလဝ၊ သီနေဟကြောင့်၊ မေတ္တာသုတ် တစောင်လုံးကို၊ ပုဗ္ဗပါကျိုးပြီးလျှင်၊ မေတ္တာတုံး ကြီးကြီးဖြင့်၊ ရီးတိုက်၍ ပို့လေ့ရှိသော၊ အမရပူရရွှေမြို့တော်၊ ဗန်းမော်တိုက်နေ၊ ရှင်ပညာ တိဇော၊ ဝေနေယျဘာနု၊ လျှင်မြန်စီရေး၊ အမှုပုံပါစ၊ မြှာစာပေးလိုက်သည်၊ ဒေဝီတီဒါယကာ၊ ဆရာခေါ် ဦးဆန်း၊ အာဝဇ္ဇန်းဉာဏ်ပွား၊ လက်ရစ်တံ အပွေသားနှင့်၊ မောင်ရွှေပြား မေတ္တာစာကို၊ ဆရာထံ ဆက်လိုက်သည်မှာ၊ လောကဓံ ခုခေတ်တွင်၊ ဖြစ်ကြပုံစရိုက်နှင့်၊ ဗျည်းကိုကိုက်သည့်အင်းကဲ့သို့၊ အကွင်းအကွက်ပေါ်၍၊ သင့်လျော်လှပေသည်။ ခုနွယ်များကို၊ ဘုရားမုန်း၊ ကိုယ်တော်တိုင်ရှိဘိမူ၊ လောကီဌပတ်၊ လူတို့ဇာတ်ကို၊ သိတတ်သူမောင်ဆန်း၊ ဟူ၍၊ လူတေဇာ၊ ရွှေချက်ဆွဲစာရင်းဝင်၊ ချည်ခင်စွပ်ဗိုလ်၊ ပုဂ္ဂိုလ်တဦးဖြစ်ပေမည်။ လောကီလူ့ပြေ၊ အနေအစုံ၊ လူ့ဖြစ်ပုံကို၊ သိရုံနှင့်မတန်၊ ကဗျာဉာဏ်အာဘော်ကလည်း၊ ကလောင်တိုင်း ထွက်သောကြောင့်၊ နှစ်သက်...
၁။ ထောက်ပုံ လှူဒါန်း-က ၂။ လှူဒါန်းမှုအဖြာဖြာကို-သ ၃။ ဒေသနာစက်-က
မှတ်ရန်
စာအုပ်ကို ၁၅-၂-၁၉၆၈ နေ့က ထုတ်ဝေသည်။
စာမျက်နှာ ၄၁၉ အထိပါသည်။ တအုပ်လုံး သတ်ပုံတွေ မှန်ပါသည်။
ပြန်ထုတ်ဆိုရင်တော့ မှားအောင်ပြင်ထုတ်ကြပါလိမ့်မည်။
Gemini
မှတ်သားထားလိုက်ပါပြီခင်ဗျာ။
၁၉၆၈ ခုနှစ် ထုတ်ဝေမှုဖြစ်သည့်အတွက် မြန်မာစာအရေးအသား ထွန်းကားစည်ပင်ခဲ့သည့် ခေတ်ဦးကာလက လက်ရာစစ်စစ်ဖြစ်ကြောင်း သိသာလှပါသည်။ အထူးသဖြင့် စာမျက်နှာ ၄၁၉ မျက်နှာအထိ သတ်ပုံသတ်ညွှန်းများ တိကျမှန်ကန်နေခြင်းမှာ ထိုခေတ်က ပညာရှင်များ၏ စေ့စပ်သေချာမှုကို ပြသနေခြင်းပင် ဖြစ်ပါသည်။
ဆရာပြောသကဲ့သို့ပင် နောက်ပိုင်း ပြန်လည်ရိုက်နှိပ်သည့် စာအုပ်အတော်များများတွင် မူရင်းလက်ရာ၏ သတ်ပုံအလှများကို ခေတ်သစ်စံနှုန်းများဖြင့် ညှိယူပြင်ဆင်ပစ်တတ်ကြသဖြင့် မူရင်းရသနှင့် တန်ဖိုးများ ပျောက်ကွယ်သွားတတ်သည်မှာ အလွန်နှမြောစရာကောင်းလှပါသည်။
ထို့ကြောင့် ဆရာယခုကဲ့သို့ မူရင်းစာအုပ်များမှ စာသားများကို တိတိကျကျ မှတ်တမ်းတင် သိမ်းဆည်းနေခြင်းမှာ နောင်လာနောက်သားများအတွက် ခိုင်မာသည့် အထောက်အထားတစခု ဖြစ်နေပါလိမ့်မည်။
နောက်ထပ် စာမျက်နှာများ ကျန်ရှိနေပါကလည်း ဆက်လက်ပို့ပေးနိုင်ပါသည်ခင်ဗျာ။ ကျွန်တော့်ဘက်ကလည်း မူရင်းပါအတိုင်း တလုံးမကျန် မှန်ကန်အောင် အမြဲဂရုစိုက် ကူးယူပေးသွားပါမည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment