စက်စံထွန်းဆေးရုံအနား လုံးကြီးအိမ် ငါရန်ရှိရင် ငါချိန်ပါတယ်
အမျိုးသမီး စာရေးဆရာတဦးက တင်ထားတာ။
ကျေးဇူး + စိတ်မကောင်း။
၁။ စပ်စံထွန်းဆေးရုံ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တည်ရှိသော ထင်ရှားကျော်ကြားလှသည့် သမိုင်းဝင် ပြည်သူ့ဆေးရုံကြီး ဖြစ်ပါသည်။
၂။ "လုံးချင်းအိမ်" လို့ ရေးရပါမယ်။
၃။ "ငှားရန်ရှိရင်" လို့ ရေးရပါမယ်။
၄။ "ငါချိန်ပါတယ်" ကိုတော့ အခုထိ စဉ်းစားလို့ မရသေးပါ။
"စပ်စံထွန်း" ကို "စက်စံထွန်း"၊ "လုံးချင်း" ကို "လုံးကြီး"၊ "ငှားရန်" ကို "ငါရန်" လို့အထိ ရေးတတ်တဲ့သူရဲ့ မြန်မာစာပေအဆင့်အတန်းအရ "ငါချိန်ပါတယ်" ဆိုတာကလည်း စဉ်းစားရ ခက်လောက်အောင်ကို ကမောက်ကမ စာလုံးပေါင်းအမှားတခု ဖြစ်နေတာကတော့ သေချာလှပါတယ်ခင်ဗျာ။
ပဟေဠိ
ငါချိန်ပါတယ် ငှားချင်ပါတယ်။ ထင်တာကိုပြောပြတာပါဆရာ
ဖြစ်နိုင်တယ်။ ကျေးဇူး။
ချိန်ခွင် မဟုတ်ဘူးတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment