တခြားတိုင်းပြည်တွေမှာ အတော်ကို နည်းတယ်။ အိန္ဒိယနိုင်ငံကြီးမှာလည်း ပန်းပန်တဲ့ မကုလားမ အလွန်မတန်ရှားတယ်။ တောင်ပိုင်းပြည်နယ်တွေရောက်တော့ စပယ်ပန်းကုံးတွေနဲ့ တွေ့ရပါတော့တယ်။
ဥရောပနဲ့ ယူအက်စ်အေမှာလည်း ဒေသခံတွေထဲမှာ ပန်းပန်သူ မရှိပါ။
ပန်းတွေကတော့ အင်မတန်လှတယ်။ ပန်းအလှစိုက်ကြတယ်။ နေအိမ်နဲ့ အလုပ်နေရာတွေမှာလည်း အလှဆင်ကြတယ်။ လက်ဆောင်ပေးရာမှာ သင့်မြတ်တယ်။ သာရေး နာရေး သုံးတယ်။
"ပန်းပန်သည်" ကို အင်္ဂလိပ်အဘိဓာန်တွေမှာ တိတိကျကျမပါ။
အနီးစပ်ဆုံး ဖော်ပြချက်က "Wearing a flower in the hair" ဖြစ်ပါတယ်။
ပန်းပန်ထားတဲ့ အမျိုးသမီးကို "A woman with a flower in her hair" လို့ ရေးပါတယ်။
ကဗျာဆန်ဆန်အသုံးအနှုန်းကတော့ "Adorning one's hair with flowers" တဲ့။
တင်လိုတဲ့စာအတွက် ပန်းပန်ထားတဲ့ပုံရှာရတာ ခက်တယ်။
မြန်မာပြည်ကပုံတွေက စိတ်မချရ။ သုံးစေချင်လာ မသုံးစေချင်လား မသိရ။
AI ပုံကတော့ ကင်းလွတ်လောက်မယ် ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment