Skip to main content

"၎င်း" "လည်းကောင်း"

 ၁။ အမှန်ပဲ ဆရာ အခုခေတ်မှာ မြန်မာစာကို စာလုံးပေါင်းမှန်အောင်ရေးနိုင်တဲ့သူ အတော်ရှားနေပါပြီ။
၂။ သမီးရဲ့ ကျောင်းစာအုပ်ကိုကြည့်မိတော့ "၎င်း" နဲ့ "လည်းကောင်း"ကို မှားရေးထားတယ်။ ဆရာမက အမှန်ခြစ်ပေးထားတယ်။ ဆရာမကိုယ်တိုင်က အမှားတွေသင်တယ်။
1. ၎င်း သည် ဘယ် စာလုံးကိုယူတာလည်းဆရာ ဗျည်း ၃၃လုံးထဲကဘယ်အလုံးလည်းဆရာ
2. ၄င်း/လည်းကောင်း ပြောပြပေးပါဆရာ
3. ဆရာ ၎င်းရဲ့ စာလုံးဟာ ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာတော့ ၎င်းကို ဝါကျအစမှာသုံးတယ်၊ လည်းကောင်းကိုတော့ ဝါကျနောက် ဆက်စပ်ရာနေရာမှာသုံးကြတာကို တွေ့ရပါတယ်ဆရာ။
4. ဆရာ မသိလို့မေးပါရစေ ၄င်းကိုသုံးရင် ရှေ့မှာထားသုံးတာမဟုတ်ဘူးလား
5. ဆရာခင်ဗျာ့ (၄င်း) အကြောင်းလေးသိချင်လို့ပါ သိချင်တာက လေး(၄) ကို ငသတ် သတ်လိုက်တာက ဘာကြောင့်လည်းကောင်းဖြစ်ရတာပါလဲ ဖတ်တော့ရော လေး ငသတ် လည်းကောင်းလို့ ဖတ်ရမှာဟုတ် ပါသလားဆရာ
6. ဆရာခင်ဗျာ့ (၄င်း)အကြောင်းလေးသိချင်လို့ပါ သိချင်တာက လေး(၄) ကို ငသတ် သတ်လိုက်တာက ဘာကြောင့်လည်းကောင်းဖြစ်ရတာပါလဲ ဖတ်တော့ရော လေး ငသတ် လည်းကောင်းလို့ ဖတ်ရမှာဟုတ် ပါသလားဆရာ
7. ဆရာတင်ထားတဲ့ အကြွေစိလေးမှာ တပြားကို ၁ါးလို့ ရေးထားတာ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂဏာန်း သင်္ချာနဲ့ အက္ခရာကို တွဲရေးထားတယ်။ နောက် ဥပမာတခုက လည်းကောင်းကို  ၎င်းလို့လည်းရေးတယ်နော်ဆရာ။ အဲလို အရေးအသားပေါ်မှာ ဘယ်လိုသဘောရပါသလဲ ခင်ဗျ။
8. မြန်မာစာမှာ လေး ငသတ် ဝစ္စနှစ်လုံးပေါက်ကို ဘယ်လို ပေါင်းပြီး ဖတ်ပြရမည် ကို ရှင်းပြပေးစေချင်ပါတယ်ရှင့်။ လေး ငသတ် ဝစ္စနှစ်လုံးပေါက် ဆိုတာ မရှင်းလင်းပါ။ ဥပမာစာလုံးတခု ရေးပြပါရန်။ ကျွန်မ မပြောတတ်လို့ပါ ဆရာရှင့်။ ၎င်း။
9. လည်းကောင်း နဲ့ ၎င်း  တင်ပြထားပါတယ်။ အရင်ကလည်း ရောရေးတာတွေ ရှိတယ်။
လည်းကောင်း နဲ့ ၎င်း ကို မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ပုံတင်ပြထားပါတယ်။ အသံထွက်လည်းပါတယ်။ 
လည်းကောင်း – စည်း /လကောင်း/ ၁။ ရှေ့က ဆိုခဲ့ပြီးသည့်အပြင် အခြားထပ်တူဆိုရန်ရှိသောအခါတို့တွင် ပုဒ်အသီးသီးတို့၏အဆုံး၌ တွဲစပ်သုံးသော စကားလုံး၏ ရှေ့ပုဒ်၊ နောက်ပုဒ်တို့ကို တပေါင်းတည်း တဆက်တည်း အနက်ကောက်ယူရန်ညွှန်ပြသောစကားလုံး။ “ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း မသိခြင်းကိုဆိုသည်။” လင်း။ ၁၀။ (ကံရော ကံ၏အကျိုးပါပေါင်း၍ ဆိုသည်။) ၂။ ထပ်တူအတိုင်းဟူသော အနက်ကို ဖော်ပြသောစကားလုံး။ “ကိန္နရီကား၊ ဤဘဝလည်း၊ ရှေးနည်းလည်းကောင်း၊ ဆုယူဟောင်းတွင်။” ဘလ္လာ* ၁၁၅။
၎င်း¹ – စည်း /လကောင်း/ လည်းကောင်း – စည်းနှင့် အတူတူ။ (ရှေးက “လေးကောင်း” ဟုလည်းကောင်း ရေး၍ လေးကောင်းမှ ၄ ကောင်း၊ ၎င်း၊ ၎င်း၊ စသည်ဖြင့် အနည်းနည်း အတိုရေးပြုလာခဲ့ကြသည်။ အတိုရေးသည့်အခါ အညွှန်းနာမဝိသေသနဖြစ်သော ‘ယင်း’ အစား ‘၎င်း’ ကိုပင် သုံးစွဲလာခဲ့ကြသည်။) “၎င်းကိုခေါ်၍မေးလျှင် သိနိုင်၏။”
၎င်း² – နစ /လကောင်း/ ယင်း – နစ၊ နှင့် အတူတူ။
ရှေးက လေးကောင်း ဟုလည်း ရေး၍ လေးကောင်းမှ ၄ ကောင်း၊ ၎င်း၊ ( - ) စသည်ဖြင့် အနည်းနည်း အတိုရေးပြုလာခဲ့ကြသည်။ အတိုရေးသည့်အခါ အညွှန်းနာမဝိသေသနဖြစ်သော ‘ယင်း’ အစား ‘၎င်း’ ကိုပင် သုံးစွဲလာခဲ့ကြသည်။
“၎င်းကိုခေါ်၍ မေးလျှင် သိနိုင်သည်။”
အရင်က ကသတ်ကိုလည်း သေးသေးတင်နဲ့ရေးတယ်။ ဥပမာ မြောက် ကို မြောံ။ ၎င်း ဆိုတာ ထို၊ ယင်း၊ အနှီ၊ ဤ၊ နည်းတူ ဖြစ်တယ်။ လည်းကောင်းအစားသုံးလို့ မရတာတွေရှိတယ်။ ၎င်းအရာ၊ ၎င်းကိစ္စ၊ ၎င်းမင်းသမီး၊ ၎င်းဇာတ်ကား စသည်။ ၎င်း မဟုတ်ပါ။
လည်းကောင်း၊ သော်လည်းကောင်း နဲ့ ၎င်း ကတော့ မတူပါ။ တချို့က အမှုမဲ့အမှတ်မဲ့ ရောရေးနေကြတယ်။
ဒါရိုက်တာအဖြစ်လည်းကောင်း၊ မင်းသားအဖြစ်လည်းကောင်း ပါဝင်သည်။ ကာရာသည် မော်ဒယ်အဖြစ်လည်းကောင်း ရုပ်ရှင်းသမီးအဖြစ်လည်းကောင်း နာမည်ကြီးသည်။
ဆေးအတတ်သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း သင်ယူအပ်၏။ ခွဲစိတ်နေစဉ်အတွင်းလည်းကောင်း၊ ခွဲစိတ်ပြီးသည့်အချိန်တွင်လည်းကောင်း အရေးကြီးပါသည်။
၎င်းဖေ့စ်ဘွတ်သုံးသူတို့သည် စာရေးသားရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း မှားယွင်း လွဲချော်နေကြပေသည်။ ဆောရီး။
သီးခြားစာလုံးဖြစ်။ င တချောင်းငင်လည်း မဟုတ်။ ဟထိုးလည်း မဟုတ်။ ဂဏန်း ၄ ကနေဆင်းသက်လာ။ ကွန်ပြူတာ ကီးဘုတ်မှာတော့ ထွင်ပေးထား။ အဲတာက နောက်ပေါက်။ ၎င်း (၎င်း) ရော လည်းကောင်းပါ သူ့နေရာနဲ့သူ သုံးနိုင်လို့ထင်ပါတယ်။
၁၉၆၉ ခုနှစ်ထုတ် ဒေါက်တာသန်းထွန်းရေးသားတဲ့ ခေတ်ဟောင်းမြန်မာရာဇဝင်စာအုပ် စာမျက်နှာ ၆၁။ ၎င်းပျူဟူသော အမည် ပါရှိနေသေးသဖြင့်
ပျူစာတမျက်နှာ
ပုဂံနှင့်တကွ
တဖက်တွင်
ယပင်းချောင်းဝှမ်းတလျှောက်
တဆယ့်ခြောက်ရာစု
အထက်စာကြောင်းအတိုင်းတူနေတာကို ၎င်းလို့သာရေးလေ့ရှိကြတယ်။ အင်္ဂလိပ်လို Ditto (do) အထက်ပါအတိုင်းနဲ့ တူတယ်။
ကျွန်တော်လည်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း စီးပွါးရေးအခြေအနေကောင်းလို့ ကျန်းမာစေကြောင်း ဆုတောင်းလိုက်ပါသည် (ရွှေမန်းတင်မောင်)။
လည်းကောင်း နဲ့ ၎င်း ကို မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ပုံတင်ပြထားပါတယ်။ အသံထွက်လည်းပါတယ်။ 
၎င်း
အသံထွက် လဂေါင်း
လည်းကောင်းနှင့် အတူတူ။ 
(ရှေးက လေးကောင်း ဟုလည်း ရေး၍ လေးကောင်းမှ ၄ ကောင်း၊ ၎င်း၊ ( - ) စသည်ဖြင့် အနည်းနည်း အတိုရေးပြုလာခဲ့ကြသည်။ အတိုရေးသည့်အခါ အညွှန်းနာမဝိသေသနဖြစ်သော ‘ယင်း’ အစား ‘၎င်း’ ကိုပင် သုံးစွဲလာခဲ့ကြသည်။)
Pronouns ဤ ထို ယင်း အနှီ အဲဒါ ၎င်း လည်းကောင်း နာမ်စား https://burmese-spelling.blogspot.com/2023/01/pronouns.html
ဤ ထို ယင်း အနှီ အဲဒါ ၎င်း လည်းကောင်း https://burmese-spelling.blogspot.com/2022/10/blog-post_680.html
လည်းကောင်း နဲ့ ၎င်း https://burmese-spelling.blogspot.com/2023/04/blog-post_751.html
၍ ၌ ဤ ၎င်း https://burmese-spelling.blogspot.com/2023/05/blog-post_919.html
၎င်း လည်းကောင်း ဤ ထို ယင်း အနှီ အဲဒါ https://burmese-spelling.blogspot.com/2024/05/blog-post_679.html
အထူးမှတ်ချက်
မြန်မာ့စွယ်စုံကျမ်းကို pdf ဖိုင်လုပ်ပြီး တင်ထားတာတွေရှိတယ်။ မူရင်းအတိုင်း မှန်တာ ၂ ခုသာတွေ့ရပြီး ကျန်တာတွေက မှားအောင်ပြင်ထားတယ်။ 
မူရင်းစာအုပ် - ပြင်ထားသည်များ
ပဌမ - ပထမ
သမတ - သမ္မတ
၎င်း - လည်းကောင်း
မလုပ်ကောင်းပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ