ဒါတော့ ဟုတ်တာပြောတာကွယ်
လူပြည်၌ မြှောက်ပင့်ပြောဆိုရာတွင် နာမည်ကြီးသော လူတယောက် သေဆုံးသွားပြီးနောက် ငရဲပြည် ယမမင်းကြီး၏နိုင်ငံသို့ ရောက်သွားလေသည်။
ထိုအခါ ယမမင်းကြီး၏ လက်အောက်ငယ်သားများက ယမမင်းကြီးအား “အရှင်ဘုရား၊ ဤလူမှာ လူပြည်၌ အလွန်မြှောက်ပင့်တတ်သော လူတယောက် ဖြစ်ပါသည်။ သတိထား၍ စစ်ဆေးတော်မူပါဘုရား” ဟု ကြိုတင် သတိပေးထားကြ၏။
ထိုလူကို ရှေ့တော်သွင်းစေရာ ယမမင်းကြီးကို မြင်လျှင်မြင်ချင်းပင် ထိုလူက “အင်း—ယမမင်းဆိုတာ ကြောက်စရာ အရှုပ်ဆုံးဆိုးဆိုးလို့ ကြားဖူးပါတယ်။ ခုတော့ ကြောက်စရာရုပ်လဲမရှိ၊ အရုပ်လဲ မဆိုးပါဘဲလား” ဟု ပြောဆိုလိုက်စဉ် ယမမင်းကြီး၏ ငယ်သားများက “ဟောဘုရား၊ အရှင်ဘုရားကို မြှောက်နေပြီ ဘုရား” ဟု တင်လျှောက်သောအခါ ယမမင်းကြီးက “ဒါတော့ ဟုတ်တာပြောတာကွယ်” ဟု မိန့်မြွက်တော်မူသည်ဟူသတတ်။
မောင်ဌေးရီ (ဘုတလင်)
တအုပ်လုံး သတ်ပုံတွေ မှန်ပါသည်။
အခုခေတ်မှာ "လူတယောက်" ကို စသတ်နဲ့ရေးနေကြတာတွေကတော့ မရယ်ရတဲ့ ဟာသ။
ရွှေသွေးဂျာနယ်များ https://www.facebook.com/shwethwayjournal/
https://drive.google.com/.../1kRIHZO.../view...
ဒေါက်တာတင့်ဆွေ



Comments
Post a Comment