Skip to main content

တစောင်း ရှားစောင်း ရှားစောင်းပြာသာဒ် ရှားစောင်းလက်ပတ်


အခါ်တွေက ရောထွေးနေတယ်။ တယောက်တမျိုး။ ပဒုမ္မာပင်လို့လည်းရှိသေး။

ဆေးပညာစာအတွက် မြန်မာလိုအမည်တွေက ဂွကျတာယ်။ ဆေးပညာဆိုတာ အမည်မှားတာနဲ့ လွဲရော။

ဆေးသုတေသနအရ Aloe Vera ရှားစောင်းလက်ပပ် မှန်တယ်။

ရှား – န / ရှား / အပူပိုင်းဒေသများတွင် ပေါက်လေ့ရှိသော အထူးသဖြင့် အညိုရောင်ရှိပြီး၊ ဖန်သော အရသာရှိသော အဆေးထုတ်ယူရသည့် အနှစ်ပါ ပင်စောက်ကြီးတမျိုး။

ရှားစေး – န / ရှားဇေး / ဆေးဆိုးခြင်း၊ သားရေနယ်ခြင်း၊ ဆေးဝါးအဖြစ် သုံးရစားရခြင်းစသည် အနည်းနည်းအသုံးဝင်သော ရှားပင်မှထုတ်ယူရသည့် အဆေး။

ရှားစောင်း – န / ယှားဇောင်း / ယှားလောင်း / အပူပိုင်းဒေသတွင် အလေ့ကျပေါက်ရောက်၍ အရည်ရွှမ်းပြီး ဆူးရှိသော အခက်အလက်တို့၊ ပင်စည်ပွားရွက်လက်အဖြစ် ဖြာထွက်လေ့ရှိသော အပွင့်ပွင့်သည့် အပင်မျိုး။ (ပင်စည်ပွားရွက်လက် ပုံစံအရွယ်အစားအလိုက် ရှားစောင်းအမျိုးအမည် ကွဲပြားသည်။)

ရှားစောင်းခါး – န / ယှားဇောင်းဂါး / ရှားစောင်းချဉ် – န၊ နှင့် အတူတူ။

ရှားစောင်းချဉ် – န / ယှားဇောင်းဂျဉ် / လေးမြှောင့် သဏ္ဌာန် ရွက်လက်များ အဆစ်လိုက်ဖြာထွက်၍ ချဉ်ဖန်ခါးသောအရသာရှိသည့် ဟင်းချက်စားရသော ရှားစောင်းတမျိုး။

ရှားစောင်းပြာသာဒ် – န / ယှားဇောင်းဗျတ်သတ် / ရွက်လက်များ အဆင့်ဆင့်ပွားထွက်၍ အလွန်မြင့်သည့်တိုင် ကြီးရင့်ပေါက်ပွားတတ်သော၊ ခြံစည်းရိုးအဖြစ် စိုက်လေ့ရှိသည့် ရှားစောင်းတမျိုး။ (ရှားစောင်းကြီးဟူ၍လည်း ခေါ်သည်။)

ရှားစောင်းမြင်းနား – န / ယှားဇောင်းမျဉ်းနား / အမျှားဝိုင်း၍ မြင်း၏နားရွက်သဏ္ဌာန် ပင်စည်ပွားရွက်လက်များ၊ ပင်စည်၏ ဝဲယာနှစ်ဖက်မှ ဖြာထွက်လေ့ရှိသော ခြံစည်းရိုးအဖြစ် စိုက်လေ့ရှိသည့် ရှားစောင်းတမျိုး။

ရှားစောင်းလက်ညှိုး – န / ယှားဇောင်းလက်ညှိုး / ပင်စည်ပွား ရွက်လက်မှာ လုံး၍ရှည်ပြီး၊ အဆင့်ဆင့်ဖြာထွက်လေ့ရှိသော၊ အရည်ကို နားကိုက် ပျောက်စေရန် အသုံး ပြုရသော ရှားစောင်းတမျိုး။

ရှားစောင်းလက်ပတ် – န / ယှားဇောင်းလက်ပတ် / ခါး သော အနှစ်သားကို မုန့်ခါးအဖြစ် ပြုပြင်အသုံးပြုရသော၊ အခြေမှ ရွက်ချွန်များ ပတ်လည်ဖြာထွက်သော ရှားစောင်းတမျိုး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ