Skip to main content

နှလုံးသွင်းလို့ ရေးရ




၁။ အမြဲနလုံးသွန်းတတ်ပါစေ

နှလုံးသွင်းလို့ ရေးရ။

၂။ နှလုံးသွေးကြော ဘယ်နချောင်းရှိလဲ 

နှလုံးသွေးကြော ဘယ်နှစ်ချောင်းရှိလဲလို့ ရေးရ။

၃။ နှယောက်အိပ်လားဗျ 

နှစ်ယောက်အိပ်လို့ ရေးရ။

၄။ တရက်ဘယ်နဇွန်း ကျွေးရင်လုံလောက်လဲရှင့်

ဘယ်နှဇွန်းကျွေးရင်လုံလောက်လဲလို့ ရေးရ။

နှလုံးသွင်း = အာရုံစူးစိုက်သည်။

ကြားမိသတင်း၊ နှလုံးသွင်း၍၊ ရန်ချင်းလည်းဖြေ။

နှ

စိတ်နှလုံး

နှမ၊ 

နှမြော၊ 

နှမြောတသ၊ 

နှမသားချင်း

နှမိနှမြော = စုံမက်ချစ်ခင်ခြင်း

နှရွဲ = ရှုံ့မဲ့၍ငိုသည်

နှရား = ကြော်ဖွယ်လုလု၊ ကြောက်ကြိမ်းသည်

နှလုံး၊ 

နှလုံးကျဉ်းမြောင်း

နှလုံးကောင်းဝန်စီး

နှလုံးခုန်

နှလုံးတုန်

နှလုံးမရွှင်

နှလုံးမွေ့လျော်

နှလုံးရည်

နှလုံးရောဂါ၊ 

နှမ – န / နှမ / ၁။ မိဘနှစ်ပါးမှ ပေါက်ဖွားလာသော သားချင်းတို့အနက် ယောက်ျားကလေးများက မိမိအောက် ငယ်သော မိန်းကလေးကို ခေါ်ဝေါ်သောအမည်။ "ထိုသို့သော နှမ ရှိသည်ကို ယူ၍ မိဖုရားမြှောက်၏။" ဏိပုံ။ ဂ၇။ ၂။ သူစိမ်းမိန်းမကို ယောက်ျားက ယဉ်ယဉ်ကျေးကျေး ခေါ်သော အသုံးအနှုန်း။ "မလေးမိငယ် နှမငယ်၊ ဘဲ့နှယ်နာမ ခေါ်သတုံး။" ပါပိ။ ၄။

နှမစုံမွှေး – န / နှမစုန်မွှေး / တလင်တမယားက မွေးသော သားသမီး။

နှမြော – ကြိ / နှမျော / ၁။ မပေးရက် မကမ်းရက် ဖြစ်သည်။ ကပ်စေးနှဲသည်။ တွန့်တိုသည်။ "မပေးရက် မစွန့်ရက်အလွန်တရာ နှမြော စုံမက်တတ်သည်။" နရ။ ၃၃၅။ ၂။ မစွန့်လွှတ်နိုင်ဖြစ်သည်။ "ငါ၏ အသက်ကို မနှမြော။ စကားပျက်အံ့သည်ကိုသာ ငါနှမြောသည်။" စွယ်။ ပ။ ၂၀၅။

နှလုံး – န / နှလုံး / ၁။ (တွန့်ချည် ဆန့်ချည် ပိန်ချည် ဖောင်းချည် ဖြစ်ခြင်းဖြင့်) သွေးလှည့်ပတ် ခြင်းကို ဖြစ်စေသော တွင်းခေါင်းရှိသည့် ကိုယ်တွင်း အင်္ဂါ။ ဟဒယ။ ၂။ [ဥပစာ] စိတ်။ မနော။ "မကြည် နှလုံး၊ မပြုံးမရွှင်" ရာသီ* ၁။ ၃။ [ဥပစာ] သဘောထား။ "စလုံး လည်း သွေးသောက်နှလုံးကို သိလို၍သာ စမ်းသည်။" ကုလား၊ဒု၊၁၄၆။ ၄။ [ဥပစာ] အလို။ ဆန္ဒ။ "မယ်တော်မင်းသည် ဥယျာဉ်ကစားချင်သော နှလုံးရှိသောကြောင့် ဥယျာဉ် ကစားခြင်းဝင်ရာတွင်။" ဏိကုဏ်။၆၇၉။

နှလုံးကောင်း – နဝိ / နှလုံးဂေါင်း / သဘောထား ပြည့်ဝသော။ "ဘရံတဆစ်၊ မပြစ်မမှား၊ တရားပျော်ပိုက်၊ နှစ်ခြိုက်အင်ဗြူး၊ ကျင်မည်ကြိုးလျက်၊ ထမ်းပိုးလွင့်ကန်၊ သဒ္ဓာလွန်သည်။ ။အကျွန့်နှလုံးကောင်းသတည်း။" သံ* ၁၅၂။

နှလုံးခုန် – ကြိ / နှလုံးဂုန် / ၁။ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း စသည်တို့ကြောင့် နှလုံးသား ပိုမိုလှုပ်ခတ်သည်။ ရင်တုန်သည်။ "နှလုံးကျုံ့ချေ လျော့ချေပြုသည်ကို နှလုံးခုန်သည်ဟု ဆိုသည်။" စွယ်ကျမ်း၊ ၇။ ၂၅၇။ ၂။ နှလုံးသား တွန့်ချည် ဆန့်ချည် ပိန်ချည် ဖောင်းချည်ဖြစ်သေည်။

နှလုံးမွေ့ – ကြိ / နှလုံးမွေ့ / အလွန်သဘောကျသည်။ အလွန် ကျေနပ်သည်။

နှလုံးငြိမ် – ကြိ / နှလုံးငြိမ် / စိတ်ငြိမ်သည်။ စိတ်လှုပ်ရှားမှု ကင်းသည်။ "နေ့စဉ် နေ့ဆက် အမြဲလျက်၊ သုံးရက် ခန့်နှင့် နှလုံးငြိမ်၊ ထိုခန္ဓာအိမ် လွန်ရွှင်လန်း။" ဗန္ဓ။ ၆၁၇။

နှလုံးညွတ် – ကြိ / နှလုံးညွတ် / တစုံတရာဆီသို့ စိတ်ရောက်သည်။

နှလုံးတုန် – ကြိ / နှလုံးတုန် / ၁။ နှလုံးခုန် – ကြိ၊ ၁ နှင့် အတူတူ။ "မျက်နှာညိုးကြုံး၊ နှလုံးတုန်၍" ဒေရို။ ဒု။ ၁၃၃။ ၂။ စိုးရိမ်ပူပန်သည်။ "အဟုတ်ကို နှလုံးတုန်စရာ ကောင်းလှပေသပေါ့။" အာတီ။ စ။ ၆၁။

နှလုံးနာ – ကြိ / နှလုံးနာ / ၁။ ရွံရှာစက်ဆုပ်သည်။ "ကလင်တက်တက်လူမျိုးကို တွေ့ရမှာ ရွံမုန်းပြီး၊ အလွန်နှလုံးနာတဲ့အတွက်။" တင်မြတ်။ ၁၄၂။ ၂။ အော့ချင်အန်ချင်ဖြစ်သည်။ "ပျို့ခြင်း၊ နှလုံးနာခြင်း၊ ပါးစပ်မျက်လုံးယောင်ခြင်း။" သက်ရှည်။ ၁၁၉။ ၃။ စိတ်နာသည်။ အသည်းနာသည်။ နာကျည်းသည်။ "သတိုးကျော်လည်း နှလုံးနာ၍.... ခမည်းတော် အိမ်ရှေ့ မင်း အိမ်တော်ကစ၍ မီးတိုက်သည်။" ကုလား၊ ဒု။ ၉၁။

– န / နှလုံးနာ / နှလုံး၌ဖြစ်သော ရောဂါ။

နှလုံးနှစ်ခွ – န / နှလုံးနစ်ခွ / စိတ်နှစ်ခွ – န၊ နှင့် အတူတူ။

နှလုံးပိုက် – ကြိ / နှလုံးပိုက် / ယူမှတ်ယုံကြည်သည်။ နှလုံးသွင်းသည်။ "ဦးဘိုးလှိုင် သည် ကျေးဇူးရှင် ဆရာတော်ဘုရားအား ကျေးဇူးဆပ်ရပေတော့အံ့ဟု နှလုံးပိုက်လျက်။" ယောလှိုင်။ ၂၆။

နှလုံးပျို့ – ကြိ / နှလုံးပျို့ / အော့အန်ချင်သည်။ "ထိုပိုးတို့သည် ရင်ပြည့်ခြင်း၊ နှလုံးပျို့ခြင်း၊ အစာမကျေခြင်း.... တို့ကို ဖြစ်စေတတ်ကုန်၏။" ကာနု။ ၁၈၀။

နှလုံးပျက် – ကြိ / နှလုံးပျက် / စိတ်ဖောက်ပြန်သည်။ "ညီတော်ခြောက်ပါး စမ်းခေါင်းဟောက်လက်၊ နှလုံးပျက်တဲ့ မျက်နှာထားကို။" ပဒ။ ၇။

နှလုံးပြု – ကြိ / နှလုံးဗျု / ယူမှတ်သည်။ နှလုံးသွင်းသည်။ အာရုံစိုက်သည်။ "ဤခွေးနက်ကား ဤမိန်းမပျက်၏ ရန်သူဖြစ်လတ္တံ့ ဟု နှလုံးပြုလျက်။" သံဝတ်။ ၉၀။

နှလုံးဗူး – န / နှလုံးဗူး / နှလုံးသား၏ အတွင်းခေါင်းအရပ်။

နှလုံးမူ – ကြိ / နှလုံးမူ / သတိပြုသည်။ နှလုံးသွင်းသည်။ "ဘုရားမြတ်စွာလည်း ‘မောဂ္ဂလာန်နှလုံးမူနိုင်စေ’ ဟု မစတော်မူ၏။" ပါရာသစ်။ ၂၅။ "မင်းကြီးလည်း မည်သို့မျှမဆို နှလုံးမူကာသာ နေလိုက်၏။" ဝေဿ။ ၂၁၀။

နှလုံးသွေး – န / နှလုံးသွေး / နှလုံးခွန်းသားအတွင်း၌ တည်သော သွေး။ "ကျွန်ုပ်တို့၏ နှလုံးသွေးခဲသလို။" မဲသ။ ၇၁။

နှလုံးသွေးပျက် – ကြိ / နှလုံးသွေးပျက် / ၁။ (ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာကို မြင်တွေ့ရသဖြင့်) စိတ်ဖောက်ပြန်သည်။ ရူးသွပ်သည်။ နှလုံးပျက်သည်။ "ဥမ္မတ္တက အမိတ်နာ၊ နှလုံးသွေးပျက်၍ အလွန်ရူးသော အနာ။" ဓာတု။ ပ။ ၁၁၁။ ၂။ နှလုံးသွေး အသွားအလာ ဖောက်ပြန်သည်။

နှလုံးသွင်း – ကြိ / နှလုံးသွင်း / အာရုံတခုခု၌ စိတ်ကို အမှန်တလဲလဲ ဖြစ်စေသည်။ အာရုံပြုသည်။ အာရုံစိုက်သည်။ စဉ်းစား ဆင်ခြင်သည်။ "အဘယ်သို့သော အကျင့်ရှိသော ယောက်ျား၌ သင်သည်နှလုံးသွင်းသနည်း။" ဏိပုံ။ ၆၀၂။

– န / နှလုံးသွင်း / သဘောထား။ ယူဆချက်။ အလိုဆန္ဒ။ "အမျိုးမျိုးသော နှလုံးသွင်း သဘောထားကို။" သာသမ်။ ၆၁။

နှလုံးအိမ် – န / နှလုံးအိမ် / နှလုံးသား။ "ပဋိသန္ဓေစွဲနေ၍ တည်သည့်နေ့ရက်မှစ၍ နှလုံးအိမ်၌ တချင်ရွေးမျှသော သွေးသည်။" မီး။ က။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ