အမေတစ်ခု သားတစ်ခု အမှန်ကလား။ အမေတခု သားတခု အမှန်ကလား။ ဒီလိုပါဘဲ အမှန်ကလား။ ဒီလိုပါပဲ အမှန်ကလား။ ဘယ်ဟာအမှန်လဲ ဆရာ။
ပြန်စာ
အမေတခုသားတခု မှန်။
ဒီလိုပါဘဲ အချစ်နဲ့မကင်းပေ မှန်။
ဒါပေမဲ့
စာမေးပွဲမှာ မှန်အောင်မဖြေနဲ့
အလုပ်လျှောက်လွှာ မမှန်စေနဲ့
စာအုပ်ထုတ်ရင် အယ်ဒီတာတွေက
တ ရီပလေ့စ် အောလ် တစ်
ဘဲ ရီပလေ့စ် အောလ် ပဲ
လို့ ပြင်ပေးလိမ့်မယ်။
ဆိုရှယ်မီဒီယာနဲ့
သာလာယံဇရပ်မှာတော့
မှားလေ လူကြိုက်များလေ။
လူကြီးမင်းသဘော။
အမေတခုသားတခု https://www.youtube.com/watch?v=wBaNwi8wVf4
ပဲ နဲ့ ဘဲ ပဲ နဲ့ ဘဲ ပဲ နဲ့ ဘဲ https://burmese-spelling.blogspot.com/.../blog-post_4.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment