အနေ့နေ့သည်
ယွင်းရွေ့ကုန်ပျောက်၊ ဇရာရောက်ခဲ့
သက်ထောက် ရွယ်အို၊ မဖြစ်လိုလည်း
နုပျိုခြင်းငှါ မစွမ်းသာတော့။ ။
အနှစ်နှစ်သည်
ကျွမ်းရစ်နောက်မှာ၊ ကွယ်ပျောက်ပါလည်း
ကညာ နွေဦး၊ လှတဖူးမူ
ဝင့်မြူးသာယာ ပျိုလှစွာ၏။ ။
"လာပါ ချစ်ဆွေ၊ အို အဆွေ
လွင့်ကြွေ မြေခ၊ ပန်းအလှတို့
နွမ်းလျ ပျက်ပြား၊ မသနားနှင့်
ချိုခါးသင်းမြက်၊ ဝိုင်အရက်ကို
သောက်လျက်ကြည်မွေ့၊ သည်ယနေ့ဝယ်
ပြုံး၍ ပျော်ပျော် နေပါစို့"။ ။ (နုယဉ်)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment