ကွန်မင့်တခု = ဆရာ အဲဒီပုံ မြင်ဘူးလား၊သိလား အပေါ်က စာလေး သတိရ လို့ပါ။
ဟုတ်။
ထန်းသီးမှုတ် အနေတော်ကို ဖြတ်၊ ချောပြီး လက်ကိုင်ရိုးတပ်တဲ့ အသုံးအဆောင်မျိုးကို ငယ်ငယ်က သုံးကြတာသိတယ်။
ပဲဟင်းအိုး၊ ဆီအိုး စတာတွေမှာ သုံးကြတယ်။
အဖွားတွေက သန့်ရှင်းပြီး ချောအောင်လုပ်ထားတဲ့ ထန်းသီးခွံထဲမှာ မြို့နေ တကူးတက မှာယူဝယ်ထားတဲ့ စိတ်ကြိုက် လက်ဖက်ကို သိပ်ထည့်၊ အပပေါ်ထိဆီးဖုံးအောင်လောင်းထည့်ထာပြီး လက်ဖက်တရိုးချင်း ဝါးကြသတဲ့။ အဲဒါကိုတော့ ကိုယ်တိုင် မမြင်ခဲ့ဘူးပါ။
ရှူးရှဲ စာလုံး မပေါ်သးပါ။
ဆီကလည်း ကိုယ့်အိမ်မှာတင် နွားဆွဲတဲ့ ဆီဆုံမှာ မြေပဲနဲ့ နှမ်းကျိတ်တယ်။ ကလေးတွေက တက်စီးကြ။ စီးဘူးတယ်။
နှမ်းဖတ်၊ ပဲဖတ်တွေကို နွားကျွေးကြတာလည်း ကိုယ်တိုင် သိမြင်ခဲ့ရတယ်။
အစစအရာရာ အစစ်တွေ၊ လက်ဖြစ်တွေ။ အော်ဂဲနစ် စာလုံး၊ ဟင်းမိတ် စာလုံးတွေတောင် မပေါ်သေးတဲ့ခေတ်က။
၂၀၁၈ ခုနှစ်က ဒီလိုရက်တွေမှာ ဇာတိရွာကို ပြန်ရောက်တော့ မျက်စိထဲပြန်မြင်၊ နွားစားခွက်က အနံ့တောင် ရခဲ့သေးတာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment