Skip to main content

စေတနာ


အဖိုးအိုတယောက်သည် မိမိ၏ ခြံစည်းရိုးနားတွင် မြေများကို တူးဆွကာ သရက်ပင်ပေါက်ကလေးများကို စိုက်ပျိုးနေ၏။ အိမ်ရှေ့မင်းသားသည် တောကစားထွက်လာရင်း ထို ခြံစည်းရိုးအနားသို့ ရောက်လာ၏။

အဖိုးအိုလည်း မင်းသားကိုတွေ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုပြုပြီးလျှင် လတ်ဆတ်၍ မွှေးကြိုင် ချိုမြိန်သော သရက်သီးတို့ဖြင့် ဧည့်ခံ၏။ မင်းသားလည်း အားရပါးရ သုံးဆောင်ပြီးသော် –

မင်းသား။ ။ "သရက်သီးများကို သုံးဆောင်ရသည်မှာ အလွန် အရသာ ရှိလှပါသည်။ ကျွန်ုပ်တခု မေးပါရစေ၊ ကျွန်ုပ်လာစဉ်က အဖိုးမည်သည့် အပင်ပေါက်များ စိုက်နေပါသနည်း။"

အဖိုးအို။ ။ "သရက်ပင်ပေါက်ငယ်များ စိုက်ပျိုးနေပါသည်။ အရှင်သား။"

မင်းသား။ ။ "အဖိုးအသက်မည်မျှ ရှိပြီနည်း။"

အဖိုးအို။ "ကျွန်ုပ်၏အသက်သည် ရှစ်ဆယ်ရှိပါပြီ။"

မင်းသား။ ။ "အဖိုးအသက်သည် မည်မျှဆက်၍ ရှည်နေဦးမည်ဟု အဖိုး ထင်သနည်း။"

အဖိုးအို။ ။ "ကျွန်ုပ် သေရဘို့ နေရဘို့ အရေးသည် ကုသိုလ်အတိုင်းဖြစ်သောကြောင့် မခန့်မှန်းနိုင်ပါ အရှင်သား။"

မင်းသား။ "(ရယ်သွမ်းသွေး၍) ထိုသို့ဖြစ်လျှင် ယခု အဖိုး စိုက်ပျိုးနေသော သရက်သီးကို အဖိုးစားရန် မျှော်လင့်နေပါသလား။ မိမိအတွက် အကျိုးခံစားခွင့် မရနိုင်သည့် အလုပ်ကို လုပ်ခြင်းသည် မိုက်မဲရာ မကျသလော။"

အဖိုးအို။ ။ "ယခု ဤသရက်သီးကို အသင်မင်းသား စားသုံးနိုင်ခြင်းသည် ကျွန်ုပ်၏ဘိုးဘေးများကစိုက်ပျိုးခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်ယခုစိုက်ပျိုးနေသော သရက်ပင်ပေါက်များ ကြီးပြင်းလာသောအချိန်တွင် ကျွန်ုပ်၏ သားမြေးနှင့် နောင်လာနောက်သားများ စားသုံးနိုင်ကြပါလိမ့်မည်။"

ထိုသို့ အဖိုးအိုက ဟုတ်တိုင်းမှန်ရာကို လျှောက်လဲသော် အိမ်ရှေ့မင်းသားသည် များစွာသဘောကျသဖြင့်၊

မင်းသား။ ။ "အဖိုးပြောသော အဖြေသည် မှတ်သားထိုက်ပေစွ၊ ကျွန်ုပ် မစဉ်းမစား မဆင်မခြင် ပြောမိခြင်းကို သည်းခံပါ။ ကျွန်ုပ်သည် ယနေ့မှစ၍ ကျွန်ုပ်ဘို့ တဦးထဲကို မကြည့်တော့ပါ၊ ကျွန်ုပ်နှင့် တကွ နောင်လာနောက်သားတို့ အကျိုးရှိမည့် အလုပ်မျိုးကိုသာ လုပ်ပါတော့မည်။ အဖိုးအား ပူဇော်ပါရစေ။"

ထိုသို့ဆို၍ အိမ်ရှေ့မင်းသားသည် ပတ္တမြားလက်စွပ်တကွင်း ချီးမြှင့်ပြီးလျှင် စီးတော်မြင်းကို ရှင်လန်းစွာနှင်၍ ထွက်သွားလေ၏။

အဖိုးအိုသည် ငါ့စေတနာအလျောက် စိုက်ပျိုးသော အပင်ကလေးများသည် ယခုလက်ငင်း ပတ္တမြားသီး သီးကြပေပြီ၊ ပတ္တမြားသီး သီးကြပေပြီ။ အင်း၊ စေတနာ၊ စေတနာဟု ဝမ်းမြောက်ဝမ်းသာ မြည်တမ်းလေသည်။

တတိယတန်း မြန်မာဖတ်စာသစ် (၁၉၇၇) စာအုပ်ထဲက ဖြစ်ပါတယ်။

အခုခေတ်မှာ သူငယ်တန်းစာမကျေသူတွေ များလှတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ