Skip to main content

အံ့ချီးဘွယ်


ကမာ္ဘ့အံ့ချီးဘွယ်ဝင် ကောင်းကင်ဥယျာဉ် ငယ်စဉ်က သင်ခဲ့ဖူးလို့ရေးတာအောက်မှာ မေးပါတယ်။

အံ့ချီးဖွယ် အံ့ချီးဘွယ် အမှန်အမှား မသဲကွဲ မရဲတရဲ အသုံးများ ကျွန်တော့်စိတ်မှာ ထွေ၍ပြား တဲ့။

စစ်အစိုးရလက်ထက်ထုတ် သတ်ပုံကျမ်းမှာတော့ အံ့ဖွယ်သရဲလို့ ပါတယ်။

ကျွန်တော်စာသင်ကတည်းက အံ့ဘွယ်လို့သာရေးလာတာ။ သတ်ပုံစာအုပ်ဟောင်းနှစ်ခုမှာ သည်လိုရေးထားပါတယ်။

သွားလာအံ့

သွားအံ့သည်

အံ့သြသည်

အံ့ဘွယ်ရာ

အံ့မခန်း

အံ့ရာပင်

အံ့ရာသော်

အံ့အားသင့်သည်

အံ့အဲသည်

အံ့ဘွယ်သရဲ

မောင်အံ့

ကျွန်တော့်စာအုပ်တွေကတော့ စုတ်နေပါပြီ။

ကဝိဓဇသတ်ပုံကျမ်း

ဥစ် ( စာမျက်နှာ ၁၆ )

ဥစ် — ဥစ်စြိုဟ် ၁၊ ဥစ္စာပစ္စည်း၊ ဥစ်ကသောက် ၂။

ဥည် — ဥဿဒရက်ရဲ၊ ဥဿပယားကျောက်၊ ဥဿုံလုံးဝ။

အန် — အော့အန်သည်၊ ကြွေအန် ကစားသည်၊ အန်စာ၊ အန်တု၊ အန်အားသင့်သည်၊ ကြွေအန်ခတ်သည်။

အံ — ဆွဲအံ၊ အံသွား၊ စာအံသည်၊ ဆင်အံငှက်ပျော။

အံ့ — အံ့ဩသည်၊ သွားအံ့သည်၊ လူမည်အံ့၊ အံ့ဩသည်၊ အံ့ဘွယ်သရဲ၊ အံ့အားသင့်သည်။

အန်း — လူမမာခြေထောက်အန်းနေသည်။

အမ်း — ငွေအမ်းသည်၊ ခရီးသွား အမ်းသည်၊ ရှေးကစကားမပြောခဲ့၍ အမ်းနေသည်၊ အမ်းချအမ်းထုပ်။

ဣန္ဒ — ဣန္ဒြေရှိသည်၊ ဣန္ဒနီလာကျောက်၊ ဣန္ဒြိယနိုင်ငံ၊ ဣန္ဒြာသကြား၊ ဣန္ဒပတ္တနဂိုရ်ပြည် (ဒေလီမြို့)။

အိန် — လက္ခုန်းအိန် အမတ်။

အိမ် — လူနေအိမ်၊ နှောင်အိမ်၊ အိမ် ရာ ထောင် သည်၊ အိမ်မြှောင်၊ လအိမ်ဖွဲ့၊ နေအိမ်ဖွဲ့၊ အိမ်သူဇနီး။

အိန့် — အိန့်ကလိန်စုန်း၊ ကျော်သံအိန့်၊ ချိုသံအိန့်။

အိမ့် — အစာဆီမို့အိမ့်သည်။

အိမ်း — စားပြီးနောက် အိမ်းတိမ်းတိမ်းရှိသည်။

အုန် — အုန်အောက်သည်၊ မအုန်မသက်။

အုံ — နားအုံ၊ နို့အုံ၊ ပျားအုံ၊ တောစွန့်အုံ့နား၊ တအုံ့နွေး

(စာမျက်နှာအောက်ခြေမှတ်ချက်)

၁ (ဝါ) ဥဇ္ဇ = မြင့်သော၊ မြတ်သော။

၂ (သင်္သကရိုက်)

အန် — ။အန်စာ။ အန်ကစားသည်။ အော့အန်သည်။ ကြွေအန်။ အားအန်ထုတ်သည်။ အန်ထောင် = (ကြီးစားသည်) = [ပေါ]။ အန်မရ = (ထောက်လှမ်းမရှိ) = [ပေါ]။ အန်ချင်း = အကန်ချင်း၊ အန္တိမဝိကမ္မဗုဒ္ဓနာ။ ။

အလ် — ။အလ္လာပ၊ သလ္လာပ။ ။

[ အံ့ - အန်း - အမ်း ]။

အံ့ — ။အံ့ဩသည်၊ အံ့အံ့ရသည်၊ အံ့စရာဖြစ်သည်၊ အံ့ဘွယ်ရာ၊ အံ့ရာသော်၊ အံ့ရာပိုင်၊ မောင်အံ့၊ အံ့အားသင့်သည်။ သွားလာအံ့။ ။

အန်း — ။ဖေါရောင်လေအန်း၊ လက်ခုံအန်းသည်။ မျက်နှာအန်းတန်းတန်း။ ။

အမ်း — ။အမ်းချ = (အားထုတ်သည်) = [ပေါ]။ ငွေအမ်းယူပါ။ ခရီးသွားအမ်းနေသည်။ အမ်းတန်းတန်း။ မခေါ်လို့ အမ်းနေကြ၏။ မအော်မအမ်း = (အကျင့်ဆိုးသွမ်းသည်) = [ပေါ]။ အမ်းပြီးနစ်ပြီး၊ အဗ္ဘာကာသဗ္ဘု။ ။

[ အပ် - အတ် - အဉ့် - အသ် - အမ် [။

အပ် — ။အပ်ချုပ်သည်။ အပ်နှံထားသည်။ အပ်စပ်သည်။ ပါးချဉ်းအပ်သည်။ တွယ်အပ်၊ လုပ်အပ်သည်။ လက်ရောက်အပ်သည်။ တပ်အပ်သေချာ။ ပြောဆိုအပ်သည်။ ရေးသားအပ်သည်။ ဦးရွှေအပ်၊ အပ္ပမေယျ၊ အပ္ပကနည်း၊ အပ္ပမာဒတရား။ ။

ဒေါက်တာတင့်ဆွေ

၂၀-၅-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ