စုံ နဲ့ ဆုံ အတော်ကို မတူပါ။ အခုခေတ်စားနေတဲ့ ကားနံပတ် စုံဂဏန်း၊ မဂဏန်းကို သိရင် စုံ ကို သိမယ်။
မြစ်စုံဆိုတာ မြစ် ၂ စင်း တစုံကို ရေတွက်တာ။
မြစ်ဆုံဆိုတာ မြစ် ၂ စင်း ဆုံတွေ့တာ။
ဥပမာ ဧရာဝတီမြစ်ဆုံ။ ဧရာဝတီ-ချင်းတွင်း မြစ်ဆုံ။
ချင်းတွင်းမြစ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ မြင်းခြံမြို့၏ မြောက်ဘက် ခပ်လှမ်းလှမ်းတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ထိုသို့ မြစ်နှစ်သွယ်ဆုံရာ ထင်ရှားသော ပထဝီဝင်အမှတ်အသားသည် သမိုင်းဝင် မန္တလေးမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာ (၃၀ မိုင်) ခန့်အကွာတွင် တည်ရှိပါသည်။
တိကျသော တည်နေရာ: ဤမြစ်ကြီးနှစ်သွယ်သည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ အစပ်တွင် လာရောက်ဆုံစည်းကြသည်။ မြစ်ဆုံရာအချက်နှင့် အလွန်နီးကပ်သောနေရာတွင် ပုခန်းကြီးကဲ့သို့သော မြို့ရွာများ တည်ရှိပြီး၊ စက်မှုလက်မှုလုပ်ငန်း ထွန်းကားသော မြို့ကြီးတမြို့ဖြစ်သည့် မြင်းခြံမြို့မှာမူ မြစ်ရေနှစ်သွယ် ပေါင်းစပ်သွားသည့် နေရာ၏ တောင်ဘက် ခပ်လှမ်းလှမ်းတွင် တည်ရှိသည်။
သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရန် အဝတ်အစားသစ် တစုံဝတ်ပြီး သွားရမည်။ စုံဂဏန်းကို ဓါတ်ဆီပေးမဲ့ရက်မှာသာ သွားနိုင်မည်။
စုံ
စွယ်စုံကျော်ထင်ကျမ်း
စွယ်စုံဆင်
စုံကန်
စုံစမ်းသည်
စုံစီနဖာ
စုံစုံစေ့စေ့
စုံစုံညီညီ
စုံစုံလင်လင်
စုံတွဲသီချင်း
စုံတောမြိုင်
စုံပတတ်ပင်
စုံဘက်သည် (စုံဖက်သည်)
စုံမက်မြတ်နိုး
စုံမြိုင်
စုံမဝှက်သည်
စုံရေမက်ရေ
နွားကြန်စုံ
နှစ်ခုတစုံ
ယမိုက်အစုံ
အင်္ဂါစုံ
အပြည့်အစုံ
ဆုံ
ကံဆုံသည်
ကဆုံပေါက်ပြေးပြီ
ငရုတ်ဆုံ၊
ဆီဆုံ
ဆုံကျည်ပွေ့
ဆုံကုန်းရွာ
ဆုံစည်းသည်
ဆုံဆို့နာ
ဆုံဆီ
ဆုံတားရွာ
ဆုံလည်ကုလားထိုင်
ဆေးဆုံ
တင်ပါးဆုံ
တွေ့ဆုံသည်
ပေါင်းဆုံသည်
မင်းကြီးကတော် ခင်ဆုံ
မောင်းဆုံ
လက်ဆုံစားသည်
လမ်းဆုံလမ်းခွ
စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/.../blog-post_48.html
စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ https://burmese-spelling.blogspot.com/.../blog-post_982.html
စဉ် စင် ဆင် https://burmese-spelling.blogspot.com/.../blog-post_559.html
စွယ် ဆွယ် စာ ဆာ https://burmese-spelling.blogspot.com/.../blog-post_597.html
စာ ဆာ အဆာသွတ် အမှားများ https://burmese-spelling.blogspot.com/.../blog-post_115.html
စက် ဆက် https://burmese-spelling.blogspot.com/.../blog-post_490.html
စွဲ ဆွဲ https://burmese-spelling.blogspot.com/2022/08/blog-post_39.html
စွဲ နှင့် ဆွဲ https://burmese-spelling.blogspot.com/2023/09/blog-post_18.html
စုံ နဲ့ ဆုံ https://burmese-spelling.blogspot.com/2023/02/blog-post_947.html
စလုံး ဆလိမ် https://burmese-spelling.blogspot.com/2023/10/blog-post_203.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment