ဆို မာမာအေး
ကိုလူပျို-ချောချောလှ တော-တောက ကျုပ်တို့ကို ညှို့နေသလား-ဒို့တတွေများ လူမြင်မြင်ချင်းဘဲ အတွင်းအသဲက လိုက်လိုက်ဖို ကြိုက်သလိုဘအနား ငိုက်ကိုသွား မောင်ခေါ်ရာစိုက်စိုက်နဲ့ လိုက်ခဲ့မယ့် တောကပျို အထုပ်ကလေးပိုက်လို့ ဘယ်ဆီကို ဆိုက် လိုက်မယ်အကိုတဲ့....။
တော-ကိုလူပျို....မြို့သားကြီးကို ဒို့လိုများ တဘက်သတ်နဲ့ချစ်ပါလား.... အသက်အပ်မယ့် မေတ္တာထား-သွားတူတူ လာတူတူ စားတူတူ ထိုင်တူတူ အိပ်တူတူ နေတူတူ တွဲတူ နှစ်ကိုယ်မခွဲ မြူချို-ချို အသဲယူတော့ဆို။
(သဘောရိုး-မနောရိုး တောသူမလေးမျိုး.... ) (မြို့သူလိုလဲမခွဲဘူးအကို ရှုင့်-ရှုင့်.... ချစ်လာရင်အရှင်း ဘွင်းဘွင်းဆို ဟင့်-ဟင့်.... စိတ်မှာမချို သိပ်ကြိုက်စရာမလို အို.... နည်းနည်းဖြစ်ဖြစ် ချစ်-ချစ်ပါအကို.... ) (မြို့သားရာ ပျိုအနားလာတော့ မြေကန်သင်းမှာ ခြေဆင်းကာချော့) (နုံး-သူမှာ ဖုံး-ဖုံးကာ.... ဖိ-ဖိလို့မျို ဘာကလိုလို.... အုံ့ ပုန်းပူမိ.... )
ကိုလူပျို.... ချောချောလှ ................. လိုက်မယ်အကိုတဲ့....)။
တေးတရာ
မှတ်ရန်
ဒို့တတွေ၊ တဘက်သတ်၊ တေးတရာ တွေကို မှန်အောင်ရေးတတ်ကြစေသတည်း။
လူမြင်မြင်ချင်းဘဲ သည် လူမြင်မြင်ချင်းပဲ မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment