တနေ့ကြရင် … လို့တင်ထားတာတခု တွေ့လိုက်တယ်။
"တနေ့ကျရင်" အသုံးကသာ မှန်ပါတယ်။
အချိန်ကာလ (သို့မဟုတ်) အခြေအနေတခုခုသို့ ဆိုက်ရောက်လာခြင်း၊ ကြုံကြိုက်လာခြင်းကို ဖော်ပြရာမှာ "ကျ" ကိုသာ အသုံးပြုရပါတယ်။
၁။ "ကျ" (ကကြီး ကတ်သတ်) အသုံးပြုပုံ
အဓိပ္ပာယ်။ ။ အချိန်ကာလတစ်ခုခုသို့ ဆိုက်ရောက်လာခြင်း၊ အလှည့်ကျခြင်း၊ ကျရောက်ခြင်း။
ဥပမာ။ ။
တနေ့ကျရင် (နောင်တချိန်ချိန် ရောက်လာသည့်အခါ)
မိုးကျရင် (မိုးရာသီ ရောက်လာလျှင်)
စနေနေ့ကျမှ လာခဲ့ပါ။
၂။ "ကြ" (ကကြီး ရရစ်) အသုံးပြုပုံ
အဓိပ္ပာယ်။ ။ လူအများ၊ အရာဝတ္ထုအများ စုပေါင်းလုပ်ဆောင်ခြင်းကို ပြသည့် အများဆိုင်ပစ္စည်း ဖြစ်သည်။
ဥပမာ။ ။
သွားကြစို့။
စားကြပါ။
လူတွေ ရောက်လာကြပြီ။
ထို့ကြောင့် "နောင်တချိန်ချိန်သို့ ဆိုက်ရောက်လာမည့် အနာဂတ်ကာလ" ကို ရည်ညွှန်းသည့်အတွက် "တနေ့ကျရင်" သည်သာ မူရင်းအမှန်ဖြစ်ပါတယ်။
ယခုခေတ်မှာ မြန်မာစာကို မှားရေးနေကြသည်။
မှားအောင်ဖြေကြသည်။ သို့သော် စာမေးပွဲ မကျသည့် စနစ်ကြောင့် အမှားများလာခြင်းဟု ယူဆနိုင်ပါသည်။
ဘယ်အခါကျမှ မှန်လာမည်နည်း။
ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment