Skip to main content

အတု ဘယ်နှစ်မျိုးရှိသနည်း

ဆရာမင်းသုဝဏ်ရဲ့ ကဗျာတပုဒ်ကို ပန်းချီဒီဇိုင်းသစ်နဲ့ ကဗျာပါစာသားကို သတ်ပုံပြင်ထားတာတခု တွေ့လို့ တင်ပြပါတယ်။

ကြာနီတပွင့် ဖြူတပွင့်

အင်္ဂလိပ်လို အတုနဲ့ဆိုင်တဲ့ စာလုံးတွေကတော့ -

Top synonyms for fake or sham (as a noun/adjective) include counterfeit, phony, fraud, hoax, imitation, bogus, and spurious. These words describe something that is not genuine, deceptive, or a fraudulent imitation of a real thing. 

Top Synonyms for Fake/Sham:

Noun: Fraud, Hoax, Imposture, Phony, Humbug, Imitation, Pretense.

Adjective: Counterfeit, Bogus, Spurious, Feigned, Mock, Artificial, Synthetic, Fictitious.

Verb (to sham): Feign, Pretend, Simulate, Affect, Dissemble. 

Common Usage Contexts:

Counterfeit: Used for imitations of valuable items, such as money or goods.

Bogus/Spurious: Often implies something that is fraudulent or illegitimate, such as a "bogus report".

Mock/Artificial: Refers to a replica or imitation that might not necessarily be intended to deceive.

Phony/Fake: General, informal terms for anything insincere or not real. 

အတု ဘယ်နှစ်မျိုးရှိသနည်း

မြန်မာလို

၁။ အတု 

၂။ အယောင်ဆောင် 

၃။ အလိမ်

၄။ အညာ

ဆေးအတုမှာ ၃ မျိုးရှိတယ်။

၁။ ဆေးအမည်နဲ့ ဆေးထဲမှာပါတာ မတူခြင်း

၂။ ဆေးမည်မှန်ပေမဲ့ ဆေးထဲမှာပါတဲ့ ဆေးအလေးချိန်မပြည့်ခြင်း

၃။ ဆေးအာနိသင်ကုန်သက်တမ်းကို ပြင်ရေးထားခြင်။

မြန်မာစာအတု နှစ်မျိုးရှိသနည်း

၁။ စာရေးဆရာတဦးရေးထားတာကို ခိုးယူခြင်း (Plagiarism)

၂။ မူရင်းစာအုပ်တွေကို သတ်ပုံပြင်ထုတ်ခြင်း (Pseudonym forgery) (ထောင်ပေါင်းများစွာ ရှိပါပြီ)

သတ်ပုံပြင်ထားတဲ့ကဗျာ ထောင်ပေါင်းများစွာရှိပါသည်။

သတ်ပုံပြင်ထားတဲ့ဝတ္ထုစာအုပ် ထောင်ပေါင်းများစွာရှိပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ