Skip to main content

အဆီအဆိမ့် လို့ ရေးးသည်

ပုံထဲကစာ = အဆီအစိမ့်တွေစားလို့ အီနေရင် ဒီလို ပဲကြာဆံချဉ်စပ်အေးသုပ်လေး သုပ်စားကြည့်ရအောင်

စိမ့် ဆိုတာ

စိမ့်ကြီးမြိုင်ကြီး

စိမ့်စမ်း

စိမ့်ရေ

စိမ့်အေး

စိမ့်စမ်းရေ 


ရှုစိမ့်သည်

ရေစိမ့်

ရေစိမ့်ကျနေတာ

လုပ်စိမ့်မည်

စိမ့်

စိမ့်၁ – ကြိ / စိန့် / ၁။ အရည်သည် တခုခုကိုဖြတ်၍ တဖြည်းဖြည်း ချွေးထွက်သကဲ့သို့ ထွက်သည်၊ ဝင်သည်။ “မိုးရေသည် မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သွားသဖြင့်။” လူထုသိပ္ပံ။ ၄။ ၆၅။ ၂။ ခံစားမှု၊ ဝေဒနာ စသည်တို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ “အပူတုံးငယ်က၊ ချစ်လုံးကိုတော်ရုံလှိမ့်ပါတော့၊ ကျောစိမ့်စိမ့်လို့ ချမ်း။” ပဒု။ ၁၄။

– န / စိန့် / ၁။ ရေစိမ့်ထွက်ရာ စိုစွတ်သော အရပ်။ ၂။ စိမ့်ရေဖြင့် တောချုံပေါက်သော အရပ်။ “စိမ့်ကျယ်ခုံပြော၊ ဝေးပစ်တောဝယ်။” ပြူကန်* ၁။

စိမ့်၂ – ပစ္စည်း / စိန့် / အလုပ်ကိစ္စ ပြီးမြောက်စေမည့် အဖြစ်ကို ပြသည့် စကားလုံး။ စေအံ့။ စေမည်။ “ခုနစ်ရက်အတွင်း ရမိရမည်။” ကိကုဏ်။ ၂၃။

စိမ့်စမ်း – န / စိန့်စန်း / စိမ့်၁-န၊ ၁ နှင့် အတူတူ။ “စိမ့်စမ်းရေ တံခွန်ရေတို့ကို မှီဝဲသုံးဆောင် အပ်ကုန်၏။” ဥတု။ ၁၀။

စိမ့်တော – န / စိန့်ဒေါ / ၁။ စိမ့်မြေတွင် ပေါက်ရောက်သောတော။ ၂။ မိုးတွင်းအခါ ရေမြုပ်သော ရေချိုတော။

စိမ့်ပေါက် – န / စိန့်ဗောက် / [ဓာတု] စိမ့်အိုးပတ်လည်ရှိ အရည်စိမ့်ထွက်နိုင်သော အပေါက်ကလေး။

စိမ့်မြေ – န / စိန့်ဗျေ / ရေစိမ့်ထွက်ရာ မြေအရပ်။ “မြစ်ယံသဲကြမ်း၊ စိမ့်မြေချမ်းဝယ်၊ သစ်မင်းဟူမူ၊ မူသားဦးခေါင်း။” သမ္ဘာ* ၁၈။

စိမ့်ဝင် – ကြိ / စိန့်ဝင် / ၁။ ဆီ၊ ရေသည်တို့သည် မြေကြီး၊ သဲသည်တို့ အထဲသို့ တဖြည်းဖြည်း ဝင်သွားသည်။ “ဂွမ်းလွှာ ခုနစ်ထပ်တို့၌ လောင်းအပ်သော ဆီသည် စိမ့်ဝင်ပျံ့နှံ့၍ တည်သကဲ့သို့။” ကာဗျ။ ၇။ ၂။ [ဥပမာ] ခံယူချက်၊ သဘောတရား စသည်တို့သည် လူတို့၏ အသိဉာဏ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။ ၃။ [ဥပမာ] လူများစုအတွင်းသို့ လူနည်းစုက တဖြည်းဖြည်း ဝင်ရောက် နေရာယူသည်။ “ပါတီဝင်တွေဟာ လူထုထဲမှာ စိမ့်ဝင်နေရမယ်။”

စိမ့်အိုး – န / စိန့်အိုး / ၁။ [ဓာတု] နံရံပတ်လည် အပေါက်ကလေးများမှ အရည်စိမ့်ထွက်နိုင်သော အိုးတမျိုး။ ၂။ ရေစိမ့်ထွက်နေစေသော သောက်ရေအိုးတမျိုး။

ယခု "စိမ့်" ဝေါဟာရသည်လည်း ရှေးခေတ်ကဗျာလင်္ကာများနှင့် စကားပြေများတွင် (ဥပမာ- "သိစေစိမ့်သောငှာ" ဟူသော ကြိယာပစ္စည်းအသုံးမျိုးနှင့် "စိမ့်မြေချမ်း" ဟူသော နာမ်အသုံးမျိုးတွင်) အလွန်အဓိပ္ပာယ်ကျယ်ပြန့်စွာ အသုံးပြုခဲ့သည့် စံပြသတ်ပုံတခု ဖြစ်ပါသည်။

ဆိမ့်

ဆိမ့်သောအရသာ

အီဆိမ့်

ဆိမ့်အိမ့်

ချိုဆိမ့်

စိမ့်ကြီးမြိုင်ကြီး - ကိုအံ့ကြီး https://www.youtube.com/watch?v=AorbWJQKyNg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ