Skip to main content

ရေ ရည် သွားရည်ယို သရေ (ကျက်သရေ)




၁။ ပုန်းရည်ကြီး ကို ပုန်းရေကြီး လို့ မှားရေးတာတခု တွေ့လိုက်တယ်။

၂။ အရည်အတွက် ထုပ်ပြန်နေပြန်ပြီ ဆရာ။ အရည်အချင်း အရည်အသွေး နဲ့ ရောနှောပြီး အရေအတွက်ကို အရည်အတွက်လို့ ရေးမိလေသလားခင်ဗျား။

ထုတ်ပြန်လို့ ရေးရတယ်။ အရေအတွက်လို့ ရေးရတယ်။

၃။ တချို့က ထန်းရည်ရပြီ တမြူလောက်ဗျို့။ တချို့က ထန်းရေရပြီတဲ့။ ရည်နဲ့ ရေ ဒေသအလိုက် အခေါ်အဝေါ်တော့ ကွဲပြားနေတယ်ဆရာ။

ပြန်စာ - အမှန် နဲ့ အမှား မတူပါခင်ဗျား။

၄။ ဆရာ အရည်ပြားနဲ့ပတ်သက်ပြီး မေးလို့ရလားခင်ဗျ

အရေပြားကျန်းမာရေး မေးလိုက မေးနိုင်။

၅။ သရေစာ မဟုတ်။ 

သွားရေစာ မဟုတ်။ သွားရည်စာလို့ ရေးရ။ စကားပြောအရ သရေစာလို့လည်း ပြောကြ။

၆။ အရေခွံ၊ အရည်ခွံ ဘယ်ဟာအမှန်ပါလဲဆရာ။ (အရေခွံ မှန်)

၇။ စကားရေလုပွဲလို့ ရေးထားတဲ့စာမျက်နှာတခု တွေ့တယ်။ စကားရည်လုပွဲလို့ ရေးရပါမယ်။ 

၈။ တကိုယ်ရေသန့်ရှင်းရေး ကိုလည်း လွဲရေးတတ်ကြတယ်။ 

၉။ အရိုးပေါ်အရည်တင် မဟုတ်ပါ။ အရိုးပေါ်အရေတင် လို့ ရေးရ။ 

၁၀။ ဆရာရှင့် တခုခုစားချင်လို့ ကျတဲ့ဟာ သွားရည် သရေ သရည် ဘယ်ဟာအမှန်လဲရှင့်။ (သွားရည် မှန်)

ကဓိဓဇသတ်ပုံကျမ်းမှာ သားရေစာ၊ သားရေယိုရွှဲး လို့ပါတယ်။ နောက်ပိုင်းမှာ သွားရည်၊ သွားရည်ကျ၊ သွားရည်ယိုလို့ ရေးလာကြတယ်။

သရေ = သီရိ (ပြည့်စုံတင့်တယ်ခြင်း၊ ကြက်သရေ)

ရည်

ခေါင်ရည်

ဂုဏ်ရည်

စွမ်းရည်

တဂိုးစီ သရေကျ။

ထန်းရည်အရက်

နှလုံးရည်

ပညာရည်ချွန်ဆု

ပန်းရည်စုတ်

ပုန်းရည်

ဖျော်ရည်

မျက်ရည်

မြန်မာ့သွားရည်စာ မုံ့စိန်းပေါင်း

ရည်ငံချစ်ကြိုက်

ရည်စူးသည်

ရည်စောင်သည်

ရည်ညွှန်း

ရည်ညွှန်းချက်

ရည်တူသည်

ရည်မျှော်

ရည်မွန်သည်

ရည်မှတ်

ရည်မှန်းသည်

ရည်ရွယ်ချက်

ရည်ရွယ်သည်

ရည်ရော်

ရည်သန်သည်

ရွှေရည်ငွေရည်

ရုပ်ရည်

လက်ရုံးရည်

သေရည်သေရက်

အရည်အချင်း

အရည်အသွေး

လူရည်လည်လုပ်

အရည်အချင်းကအရေအတွက်ထက်

ရေ

ကြက်သရေ (ကျက်သရေ)

ခရေပင်

ခေတ်စကား ဆန်ရေ

ခေါင်းလျှော်ရည်

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

ဆန်ဆေးရေ ထမင်းရည်

ညသိပ်ရေ ရေသိုးနံ့

ညောင်ရေသွန်းပွဲ

တမြေတည်းနေ တရေတည်းသောက်

တရားရေအေး အမြိုက်ဆေး

တရေသွန်ပြီးထပ်တည်

တောင်စဉ်ရေမရ

ပါးရည်နပ်ရည်

မျက်နှာသစ်တော်ရေ

မရေမရာမလုပ်နဲ့

တောင်ကျရေနွားနှစ်ကောင်ဝသော်လည်း မောင်ဘဖေငါးထောင်မရတာကြောင့် (သခင်ကိုယ်တော်မှိုင်း)

ရေကင်းသံ

ရေကစား

ရေကျက်အေး

ရေကျိုငါးပိ

ရေကျောက်ရောဂါ

ရေကြက်ငှက်

ရေကြည်တော်အသင်း

ရေကြည်မြို့

ရေကြော မြေကြောလိုက်

ရေကြောင်းပြ ရေစူး

ရေကာတာ

ရေကုန်ရေခန်း

ရေခန်းခြောက်

ရေခပ်ပါ

ရေချမ်းစင်

ရေချိုးပါ

ရေခအုံးပင်

ရေခဲခြစ်

ရေခဲမုန့် ရေခဲသုပ်

ရေခဲရေ ရေခဲတောင်

ရေခဲသေတ္တာ ရေခဲခန်း

ရေငတ်ပြေ

ရေငန် ရေချို

ရေငုပ်သင်္ဘော

ရေစက်ချ အမျှဝေ

ရေစင်းစင်းသေ

ရေစိမ်း

ရေစီးကမ်းပြို

ရေစီးကြောင်း ရေစီးသန်

ရေစီးတခါ ရေသာတလှည့်

ရေစုန်ရေဆန်

ရေစုပ်စက် ရေစည်လှည်း

ရေဆွတ်

ရေဆုံးကုန်းဆုံး

ရေဆူဆန်ခတ်

ရေညှိ

ရေညာ

ရေတံခွန်

ရေတံခါး ရေလွှဲပေါက်

ရေတံလျှောက်

ရေတကောင်း

ရေတွက်သည်

ရေတွင်းရေကန်

ရေတာရှည်မြို့

ရေတိမ်နစ်သည်

ရေတိမ်ရောဂါ

ရေတိုးရေလျှံ ရေဝဲ

ရေဒါ

ရေဒီယို

ရေနံ့သာရွာ

ရေနံကြီး (ရေနံချေး)

ရေနံချောင်းမြို့

ရေနွေးကရားမှာရေချိုးကပ်

ရေနွေးဖြော

ရေနှစ်နဲ့ရေဖြန်းခရိယာန်

ရေနုတ်မြောင်း ရေဆိုးမြောင်း

ရေပက်ဖျန်း

ရေပန်းစား

ရေပြင်ညီ

ရေပြန် (ဆီး၊ ကျင်ငယ်)

ရေပုံး

ရေပူစမ်း

ရေဖတ်တိုက်

ရေဖျဉ်းနာ

ရေဖျန်း

ရေဗလုံငှက်

ရေဘဝဲ

ရေဘဝဲ

ရေဘုံဘိုင် ရေပိုက်ခေါင်း

ရေဘောင်ဘင်ခတ်

ရေမန်း ရေတော်ကပ်

ရေမျက်နှာပြင်

ရေမျိုချပါ

ရေမျောကမ်းတင်

ရေမြွှာရည်

ရေမြှုပ်

ရေမှုတ်

ရေမှုန်

ရေယက်

ရေယဉ်ကြော

ရေယုန်နာ

ရေရွတ်ဆဲရေးသည်

ရေရွတ်နေသည်

ရေရေလည်လည်

ရေလက်ကြား

ရေလည်ဆီလည်

ရေလည်နှံ့စပ်

ရေလည်ပြီလား

ရေလမ်းခရီး ရေဆိပ်

ရေလှောင်ကန် ရေကူးကန်

ရေလာမြောင်းပေး

ရေလိုက်ငါးလိုက်သမားတွေကများ

ရေလိုက်လွဲရင်တော့ကိစ္စများ

ရေလုံပြုတ်

ရေလဲဝတ်

ရေဝင်ရေထွက်

ရေဝတီဂျူးလူမျိုး

ရေဝတီနက္ခတ်

ရေဝပ်နေသည်

ရေဝေးသုသာန်

ရေဝေကြော

ရေဝေကုန်းတန်း

ရေသန့်ဗူး ရေဗူး ရေပလုတ်ကျင်း

ရေသနုပ်

ရေသပ္ပာယ်ပါ

ရေသဖန်းပင်

ရေသဘင်ပွဲ သင်္ကြန်ရေ အတာရေ

ရေသွင်းရေထုတ်

ရေသွန်ချသည်

ရေသာခို လှေကြုံလိုက်

ရေသူမ

ရေသောက်မြစ်

ရေအနည်

ရေအလျဉ်

ရေအိမ်

ရေအိုးစင်

ရေအိုက်နေ ရေမလုံရေယို

ရေအီနေသည်

ရေဦးမြို့

လက်ရေတပြင်တည်း

သားရေနယ်လုပ်ငန်း

သောက်တော်ရေ ချိုးတော်ရေ

အများသောက်တဲ့မိုးခါးရေ

အရည်အချင်း

အရည်အသွေး

အရေပြားရောဂါ

အရေအတွက်

အသရေဖျက်

အသားအရေ

ကဝိဓဇသတ်ပုံကျမ်း

သ။။သစိကပြာ = (လက်ချား) = [ဆေးကျမ်း]။ သဇိုင်း = (ဗူးမတ်)။ သတေး = သတည်း = (သတည်း) = [ကျောက်စာ]။ သတိုး = (သတွီဝ) = (ကြီးသောလုံ့လဖြင့် ရဲရင့်သောသူ)။ သနိသနဲ = (ခွဲခြမ်းစိတ်ဖြာ) = [ပေါ]။ သနား = (ဒုက္ခရောက်မည်ကို စိုးရိမ်ခြင်း)။ သနင်း = (မင်း-ရှင်ဘုရင်)။ သနစ်သနာ = (အကြောင်းချင်းရာ- အဖြစ်အပျက်) = [ပေါ]။ သဘောမကြော့ = (သဘောမကြမ်း- မခက်ထန်) = [ပေါ]။ သမီးမောင်နှံ = (လင်မယား)။ သမဲ = (လူပျို) = [ပေါ]။ သမား = (ဆေးဆရာ)။ သမတ် = (ညီမျှခြင်း)။ သမိန် = (မင်းကိုဆို၏) = [တလိုင်း]။ သမိန်ဘရမ်း = (သာမိ + ဘရမ်း) = (ဘေးမရှိသော အရှင်) = [တလိုင်း]။ သမိုက် = သမုတ် = (ခေါ်ဝေါ်သမုတ်ခြင်း)။ သမိုင်း = (အစဉ်မှတ်သားရန် ရေးထားသောစာ)။ သယောက် = (လင်စောင်လင်ငယ်) = [ပေါ]။ သယောင်း = သရောင်း = (ခြောက်သွေ့သည်) = [ပေါ]။ သရပတ်သမ = (လှေထိုးသောမိန်းမ)။ သဘာ-သဘာယ။ သရပတ်သမား = သရပတ်သား = သရပတ်သည် = (လှေထိုးသောယောက်ျား)။ သရဖူ = (သင်းကျပ်-နဖူးစီး)။ မကိုဋ်သရဖူ။ သရဖုတ် = (ရဟန်းကျောင်း၌ ဆွမ်းချက်သော မီးတင်းကုပ်)။ သရဘေး = (သင့်မြတ်သည်)။ သရေ = သီရိ = (ပြည့်စုံတင့်တယ်ခြင်း- ကြက်သရေ)။ သရော = (အစေးအညော်နံသည်- ငတ်မွတ်သည်)။ သရော် = (ပြောင်လှောင်သည်- အစေးအညော်နံသည်)။

သရည်း = သရဲ = (ခွါရှဲ- ရှောင်လွှဲခြင်း)။ သရုပ်ကြားသည် = (အရေအတွက်အကျဉ်းဖော်ပြသည်)။ သရိုင် = (ထရံ- ခြံပတ်- အကာအရံ- ဖျာ)။ သလိသလွင်း = (အချင်းချင်း ပေါင်းဖက် ရောနှောကြသည်)။ သလွဲစင် = (ခဲ- ခဲမဖြူ)။ သလွန်တော် = (မြင့်မြတ်သောသူနေထိုင်ရာ- အိပ်သောကတင်တမျိုး)။ သဟာယ = သဟေ = သဟဲ = သဟာယ် = (အကျွမ်းဝင်သော အပေါင်းအဖော်)။ သဟောက် = (ညစ်ညမ်းသော)။ သအားဖြင့် = (သောအားဖြင့်) = [ကျောက်စာ]။ သအောက်သအွန် = (မွန်ဆန်သည်)။ သကရာဇ်။ စားသောသကြား။ သဌေး။ သမာဓိ။ သပိတ်။ သပိတ်လွယ်ငှက်။ သပြေပင်။ သမိန်စောထွတ်။ သနသည်။ ဓါးသသည်။ ကိုယ်သသည်။ သဇင်ပန်း။ သပြူပင်။။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)

သရေ - န / သယေ / ကျက်သရေ - န၊ နှင့် အတူတူ။ [ပါ] သရေ - နဝိ / သယေ / အရည်တူဖြစ်သော။ အရှုံးအနိုင်မရှိ ဖြစ်သော။ သရေပွဲ - န / သယေပွဲ / တဦးနှင့်တဦး တဘက်နှင့်တဘက် ယှဉ်ပြိုင်သောပွဲတွင် အရှုံးအနိုင်မရှိသည့်ပွဲ။ သရဲ - နဝိ / သံယဲ / တစုံတခုသောရာ၌ အလွန်အကြူးပြုမူသော။ “ဒီလူ သိပ်အစား သရဲ တာပဲ။”

န / သံယဲ / မကောင်းဆိုးဝါးကောင်တမျိုး။ သရော - စည်း / သယော / အတိတ်အချိန်ကာလကို ပြသော စကားလုံး။ “ရှေးသရောအခါ ဗာရာဏသီပြည်၌။” သမန်၊ ပ၊ ၃၀၇။ သရောခိုင်း - ကြိ / သယောခိုင်း / ကောက်ပဲသီးနှံ ရှားပါးပြတ်လပ်၍ အငတ်ဘေး ဆိုက်ရောက်သည်။ “အလွန် အစားခေါင်းပါးသည့်ကာလ သရောခိုင်း၍ လူအပေါင်းတို့ ငတ်မွတ်ကြသည်။” ယူ၊ ၁၀၀၉။ သရော် - ကြိ / သယော် / ကျီစယ်သည်။ လှောင်ချော်ပြုသည်။ လှောင်ပြောင်သည်။ သရော် - စည်း / သယော် / သရော - စည်း၊ နှင့် အတူတူ။ “မြတ်မွန်ရှင်တော်၊ နေသရော်လျှင်၊ အံ့ဩကြ။” ဌေး၊ ၁။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)

သွားရည် - န / သယီ / သယေ / ခံတွင်းမှ (အစာကို စိုပွစေရန်) ယိုစိမ့်ထွက်သော အရည်။ သွားရည်ကျ - ကြိ / သယေကျ / ၁၊ တစုံတရာသော အစားအစာကို မြင်တွေ့ရသောအခါ ပြင်းထန်သော စားလိုစိတ်ဖြင့် ခံတွင်း၌ သွားရည် စိမ့်ထွက် ယိုကျသည်။ ၂၊ ကလေးငယ်များ၌ မထိန်းဆည်း တတ်သဖြင့် ခံတွင်းမှ အရည်များ ပါးစပ်ပြင်သို့ ယိုထွက်စီးဆင်းသည်။ ၃၊ [ဥပစာ] မြင်တွေ့ရသော တစုံတရာကို လိုလားတပ်မက်သော ဆန္ဒဖြစ်ပေါ်သည်။ သွားရည်ခံ - န / သယေဂန် / ကလေးငယ်များတွင် ပါးစပ်မှ ယိုစီးကျသော သွားရည်များ စွတ်စိုပေးချေခြင်း မရှိအောင် လည်ပင်းသိုင်းကြိုးဖြင့် ရင်ဘတ်ပေါ်တွင် ထပ်တင်၍ ဆွဲခံထားသော အဝတ်တမျိုး။ သွားရည်စာ - န / သယေဇာ / သားရေစာ - န၊ ရှု။ သွားရည်ယို - ကြိ / သယေယို / သွားရည်ကျ - ကြိ၊ နှင့် အတူတူ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ