Skip to main content

“တသန်းကြယ်ရောင်၊ ပြူလတ်ယောင်သို့၊ ကန်အောင်စုံစေ့၊ ရွှေဝေလေ့ဟု”




ပြည်ထောင်စု မြန်မာနိုင်ငံတော်

ဗုဒ္ဓသာသနာအဖွဲ့  

ဖြန့်ချိသည့် စာအုပ် အမှတ်စဉ်-၄

အထွေထွေတည်းဖြတ်အုပ်ချုပ်သူ

ပါမောက္ခ ဦးမောင်မောင်ကြီး           

ရှင်မဟာသီလဝံသကျော်

စပ်ဆိုတော်မူသော

ဆုတောင်းခန်းပျို့

တည်းဖြတ်သူ – ဒေါ်သန်းဆွေ(မဟာဝိဇ္ဇာ) ရန်ကုန်တက္ကသိုလ်

ဆုတောင်းခန်းပျို့                                 ၇

၈။ ဤသို့ခပ်သိမ်း၊ ပျော်ရိပ်ငြိမ်းလျက်၊ ရံမက်ရှုပုံ၊ ထိုမြို့စုံလည်း၊ ပြည့်စုံမဆိတ်၊ ဆယ်ရပ်ထိတ်မျှ၊ လမြိတ်စပ်ကာ၊ ပြည်သာယာ၌၊ အောင်ချာ သီးသီး၊ သဘင်ကြီးလျှင် ၊ နှီးလတ်တုံသော်၊ ငါးစုံသံလွင်၊ ပဉ္စင်တူရိယာ၊ ခွက်ခွင်းစသည်၊ တီးထထောင်းထောင်း၊ ကြေးနှင်းမောင်းလည်း၊ ညောင်းညောင်းညုန်းညုန်း၊ မိုးနှယ်အုန်း၍၊ ချုန်းချုန်း ကျည်းကျည်း၊ ငြိမ့်မျှပြည်က၊ အသည်အလာ၊ ဗိုလ်ပါ ရှိုးရှိုး၊ မျိုးလေးပါးတို့၊ ဆန်းပြားမောင်းဝါ၊ ရေတွတ္တြာသို့၊ တိမ်ပြာရပ်ပမ်း၊ ဆန်းကြယ်မွမ်း၍၊ ရင်လွှမ်းရွှေချူ၊ သရဘူမကိုဋ်၊ ဦးစိုက်ပန်းခက်၊ ကွက်ရရွက်တီ၊ လက်လက်ညီမျှ၊ ဘိုးရှိဖြူနီ၊ ယက္ကင်စီလျက်၊ ပန်းသီ လန်းလန်း၊ စုလည်း ဇွန်းနှင့်၊ တသန်းကြယ်ရောင်၊ ပြူလတ်ယောင်သို့၊ ကန်အောင်စုံစေ့၊ ရွှေဝေလေ့ဟု၊ ချစ်ဖွေ့ငွေငေါ်၊ ဆင်လတ်သော်တည့်၊ ရိုက်ကြော်ပင်လယ်၊ မြစ်ဝှမ်းနှယ်လျှင်၊ တဆယ်မညီပြား၊ ၁ သံဝါကြားသည်၊ ပြည်ဖျား ရပ်ကြီး ပီပီတည်း။

________________________________________

[စတုတ္ထပုံ - စာမျက်နှာ ၉ နှင့် အောက်ခြေမှတ်ချက်]

၉။ ခပ်သိမ်း စုံအင်၊ ထိုပြည် တွင်၌၊ ကြည်းပြင်တောင်နား၊ နုပျ များသော်၊ ပွါးသားရွာလျှံ၊ တိုင်းနိုင်ငံ၌၊ ကြက်ပျံမကျ၊ ရေစာဝ၍၊ စည်လှဝန်းကျင်၊ မွမ်းမွမ်း ဖြင်၏၊ ကောင်းကင်ရဟတ်၊ နတ်ရေလွှတ်လျက်၊ မချွတ်ရွာ။

________________________________________

(၁) တ-နေဗ္ဗာတြာသို့။

(၂) ပ-မြူလရောင်သို့။

(၃) ဒု-တဆယ်မြည်ပြား။

________________________________________

ဂ                                 ဆုတောင်းခန်းပျို့

ဗြဲ၊ ၁ လခွဲတကြိမ်၊ မိုးဖြင့်စိမ်၍၊ မသိမ်မဖျင်း၊ လုပ်လက်တွင်းလည်း၊ မျိုးမြင်းမသောင်း၊ ခန့်တိုင်းကောင်း၏၊ နတ်ပေါင်း ကစား၊ ပင်လယ်နားဝယ်၊ ထွန်းငြား ချိုချဉ်၊ ဥယျာဉ်ပင်ပျို၊ အလိုလည်းရောက်၊ နတ်ကောက် သလဲ၊ နီထွေးဖြင်ဝန်း၊ အံ့ဘွယ်ဆန်းသား၊ ဘုကျွန်းဗိမာန်၊ ပြည့်စုံဟန်လည်း၊ မတန်လှည့်ပဲ၊ ဆယ်ဆကဲဟု၊ ကျော်သဲကျွန်းလုံး၊ အညီတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ