တဖန် ၁၁၁၃-ခုနှစ် မှ ၁၂၂၅-ခုနှစ် အထိ ရာဇဝင် အဖြစ်အပျက်တို့ကို ဒုတိယအကြိမ် သမိုင်း ကော်မရှင် ဖွဲ့စည်းကာ ပညာရှင် ၅-ဦးတို့က ၁၂၂၉-ခုနှစ် တော်သလင်းလဆန်း ၅-ရက်နေ့တွင် ‘ဒုတိယ မှန်နန်း’ကို ရေးသားခဲ့သည်။
ဤတွင် ဦးမောင်မောင်တင် K.S.M., A.T.M က ၁၁၁၃-ခုနှစ်မှ ၁၁၈၃-ခုနှစ်အထိ ရာဇဝင် အဖြစ်အပျက်၊ စာသား အတိအကျတို့ကို ‘ပထမ မှန်နန်း’ မှ ၎င်း၊ ၁၁၈၃-ခုနှစ်မှ ၁၂၂၅-ခုနှစ်အထိ ရာဇဝင် အဖြစ် အပျက် စာသား အတိအကျတို့ကို ‘ဒုတိယ မှန်နန်း’မှ၎င်း၊ မူရင်းအတိုင်း ယူကာ ၁၂၂၅-ခုနှစ်မှ ၁၂၄၇-ခုနှစ်အထိ ၃၂-နှစ် အကြောင်းအရာတို့ကို ရေးသား၍ စုပေါင်းလျက် ‘ကုန်းဘောင်ဆက် မဟာ ရာဇဝင်တော်ကြီး’ဟု အမည်တပ်ကာ ၁၉၀၅-ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။
ယခုအခါတွင် နံ့သာတိုက်က ၁၁၁၃-ခုနှစ်မှသည် ၁၂၄၇-ခုနှစ်တိုင်အောင် အလောင်းမင်းတရားကြီး မှသည် သီပေါမင်း ပါတော်မူသည်အထိ ကုန်းဘောင် ၁၁-ဆက် နန်းတွင်းရေး ရာဇဝင်တို့ကို မြန်မာ ပညာကျော် ၁၈-ဦးတို့၏ ရာဇဝင် စာပေများ၊ ယနေ့ခေတ်သမိုင်း သုတေသီတို့၏ အထောက်အထား၊ အပြည့်အစုံဖြင့် တကျိုင်ဗမာ သော ရတနာပုံခေတ် ရာဇဝင်စာပေများနှင့် ပေါင်းစပ်ရိုက်နှိပ် ထုတ်ဝေရန် စီစဉ်ပြီးပြီ။
ကုန်းဘောင်ခေတ် သမိုင်း
ကုန်းဘောင် နန်းဆက် မဟာရာဇဝင်ကြီး
သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း တည်းပြတ်သည်။
ရှာရ ဖွေရ ဖတ်ရှုရ လွယ်ကူရန် စာမျက်နှာတိုင်းတွင် သက္ကရာဇ်စဉ်များကို သီးခြား ရိုက်နှိပ်သည်။ ချွတ်ချော် တိမ်းစောင်းနေသည့် သက္ကရာဇ်၊ လ၊ ရက် တို့ကို မူရင်း အတိုင်းပင် ရိုက်နှိပ်၍ အစစ်အမှန်များကို သိပ္ပံနည်း၊ ဗမာဂဏန်းနည်းတို့ဖြင့် တွက်ချက်၍ နေ့စွဲ အမှန်များနှင့်တကွ အခြား သိသင့်နှိုင်းရာ အကြောင်းအချက်တို့ကို မုံရွေး မဟာ ရာဇဝင်ကြီး၊ သုသောဓိတ မဟာရာဇဝင်တော်ကြီးတို့နှင့် ညှိနှိုင်း၍ အောက်ခြေမှတ်စုဖြင့် အခိုင်အမာ ဖော်ပြမည်။
စျေးနှုန်း အထူးချိုသာမည်။
နံ့သာတိုက်၊ ၁၃၊ ၁၀၇ လမ်း၊ တောင်ညွန့်၊ ရန်ကုန်၊ ဖုန်း ၁၂၀၀၂
ဒေါက်တာတင့်ဆွေ
Comments
Post a Comment