ပုံထဲမှာ နေ့လည်လို့ ရေးထာတာ မမှန်ပါ။
အဲလိုဘဲ အရင်ကလည်း စာကို မှန်အောင်မရေးတာမျိုး ရှိခဲ့ပါတယ်။
မြန်မာစာအကြောင်းလေးတွေ တင်ပြနေတာ ကြာပြီ။
တချို့က ရှေးကဟာတွေ လာမပြောနဲ့တဲ့။။
တချို့ က ဒါ ခေတ်တဲ့။
လူကြီးမင်းများခင်ဗျား -
ကျွန်တော်က ရှေးကဟာတွေ အကုန်မှန်၏လို့ တကြိမ်တခါမျှ မရေးပါ။
ဤဟာ မှန်၏ ထိုဟာ မှား၏ လို့သာ ရေးပါတယ်။
တိုင်းပြည်လူဦးရေ သန်း ၄၀ ရှိစဉ်ကလည်း
တချို့ မှန်
တချို့ မှား။
အခုလည်း
တချို့ မှန်
တချို့မှား။
ဝါးလုံးသိမ်ကောက်ချက်ဆိုတာ မှားလေ့ရှိတယ်။
အခုခေတ်မှာတော့ -
ပြင်ထားတာ မှန်၏ တဲ့။
အထက်အမိန့်သည် မှန်၏တဲ့။
တရားဝင်လို့ မှန်၏တဲ့။
အသိပညာ နည်းကြကုန်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment