Skip to main content

ခုံတော်မောင်ကျဘမ်း အတ္ထုပ္ပတ္တိ

ကဝိသေနင်္ဂဗျူဟာကျမ်း

ရတနာပူရ အဝနေပြည်တော်ကြီး ကောင်းစားစဉ်

တောင်တွင်းကြီးမြို့ လုလင်၌ ပေလေးပင် ရှင်လေးပါးတွင်

နေမင်း၏အသွင် ထင်ရှားပေါ်လွင်

တပါးဝင်သော

ရှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း။

စကားစစ်တရားစစ်ထိုးခဏ်း။

ရင်းမြစ် အဆစ်အပိုင်း

ဟူသမျှတို့ကို ဖွင့်ပြ-ထုတ်ဆိုရာဖြစ်သော

ကဝိသေနင်္ဂဗျူဟာကျမ်း။

ကို-ထီးလှိုင်မြို့စား မင်းသားအုပ် အကြီးတော်ချုပ်

ဝန်ကြီး၏သား-ဦးအောင်သည်၊ ပညာလိုလား အမျိုးသားတို့

အလို့ငှါ ရေးသားစီရင် စက်တင်ပုံနှိပ်လိုက်ပါသည်။

(နိဗ္ဗစ္စထီမူပိုင်)

ကေနာဂမီရာ   အင် ဆန်း

K. NAGOOR MEERA & SONS.

ပြည်ကြီးမဏ္ဍိုင် ဝိဒူကတ်ပုံနှိပ်တိုက်

၂၅-လမ်း၊ တိုက်နံပါတ် ၅၂- ရန်ကုန်မြို့။

အဘိုး ၃ိ-အပြား ၅၀   Price K. 3-50

ဆရာတော်ဘုရားက ရှင်ခေမာအား လူကဲစမ်းခြင်း

တရံရောအခါ၊ ဆရာတော်သည် တပည့် (ကိုရင်ကုဏ္ဍလ) နှင့် စာဝါတူ ဆီဘက် ဘက်ဘက်ဖြစ်သူ (ကိုရင်ခေမာ) တို့ကို ခေါ်၍ ဆွမ်းခံကြွတော်မူရာတွင် မင်းအိုပျမ်းသာ စေတီတော် သို့ ရောက်တော်မူကြသောအခါ တံတိုင်းဘက်၌ ရှိသောရေတွင်း ဝယ်၊ အသက် (တဆယ့်ရှစ်နှစ်) (တဆယ့်ကိုးနှစ်) ခန့် ရှိကြ သော သူငယ်မနှစ်ယောက်တို့သည် ရေခပ်၍နေကြရာ ဆရာ တော်လည်း နောက်ပါမောင်ရှင်နှစ်ပါးနှင့်တကွ တံတိုင်း၏ အ တွင်းတွင် ခေတ္တမျှတန့်ရပ်နားနေတော်မူဆဲအခါ သူငယ်မ နှစ် ယောက်တို့သည် မိမိတို့ အချင်းချင်း မေးမြန်းကြသည်မှာဆိုပါ-

ညီးသည်တနေ့တနေ့ စာကျက်လျှင် အဘယ်မျှ ရပါသနည်းဟု မေးလေ၏။ ထိုအခါ အငယ်ဖြစ်သောသူက ပြန်၍ပြောသည်မှာ- အဗ္ဗ-ဆကျိခွိမှာ ကိုယ်ခွဲမရှိ၊ ဆွမ်းကျွေးမှုကို ပထပ်ဟင်းရ အောင် အားထုတ်ခြင်း၊ ဆန်ဖွပ် နေလှန်းပြုလုပ်ခြင်း၊ ပိတောက် ကို ဖျက်ဆီးမှု ပြုရခြင်း၊ ကိစ္စများပြားလှသောကြောင့် စာကျက် ရန်ကာလကို အားလပ်ခွင့်မရပါ။ အလုပ်လုပ်ရင်းပင် ကျက်မှတ် ဘတ်ရွတ်ရပါ၍ တနေ့လျှင် ဂါထာ ငါးဆယ်ခန့်မျှ ရပါသည်ဟု ပြောရာ အောင်ပါပေဦးမ။ အမကြီးတို့မှာကား- ထင်ဝတ်တသက်၊ ပိတောက်တသက်၊ ကာဆေးနှို့ရှိ ကထာတက်နှင့်၊ ကွက်ရ-မှတ်ရ သောကြောင့် တမနက်မျှ ဂါထာ (နှစ်ဆယ်) သော်မှ အနိုင်နိုင်ရ တော့သည်ဟု ပြောသည့် အသံကို ဆရာတော်ဘုရားကြီးသည် တံတိုင်းအတွင်းကနေ၍ ကြားတော်မူလျှင် သာဓု အနုမောဒနာ ခေါ်တော်မူ၏။

ထိုနောက် မိမိနှင့်အတူပါလာသော မောင်ရှင်သာမဏေတို့ ၏ ပညာအဆင့်အတန်းကို သိတော်မူလိုသဖြင့်၊ ရေသောက်တော်မူလို သည့်အဟန် ပြုပြီးလျှင် (မောင်ရှင်ခေမာ) ကို ရေ အလှူခံချေဟု ရေတွင်းသို့ စေလွှတ်တော်မူလိုက်၏။

ထိုအခါ မောင်ရှင်ခေမာသည် သူငယ်မနှစ်ယောက်ရှိသော ရေတွင်းသို့သွား၍ ရေအလှူခံရာ၊ အငယ်ဖြစ်သော သူငယ်မက မေးသည်မှာ မောင်ရှင်သာမဏေ- မောင်ရှင်သည် အဘယ် ကျောင်းတိုက်ကပါနည်း။ မောင်ရှင်၏ ဘွဲ့တော်ကို အဘယ်သို့ ခေါ်ပါသနည်း မေးသော် (ကိုရင်ခေမာ) သည် ဤသို့ပြောလေ၏။ ငါ၏ဘွဲ့ကား ကလေး ငါးသံထွက်တိုက်မှာနေသည်၊ ငါ၏ ဘွဲ့မည် ကား- (မောင်ရန်ကင်း) ခေါ်သည်ဟု ပြောရာတွင် သူငယ်မက ပြန်ပြောသည်မှာ ရှင်မည်မှန်က (ကဏ္ဍလ-ကဿပ-ကလျာဏ) ဟူ၍ အဘိဓာန်အမည်ပေးရမောင်ရှင်ပြောခြင်းမှာ ရှင်မည်မဟုတ်၊ လူမည်ကဲ့သို့ပြောသောကြောင့် (ရန်ကင်း) ဆိုသည်ကား ဘေးမရှိ မှ ရန်ကင်းသည်၊ ဘေးမရှိခြင်း၏ ပိဋိသတ္တိသည်လည်း (ခေမံ၊ ခေမာ)

ဟူသော ပါဌ်သည်သာလျှင် ဟောရင်း အနက်ထွက်ရှိသော ကြောင့် (မောင်ရှင်ခေမာ) ဟူ၍ ဘွဲ့မည်ဘော် တွင်ဟန်ရှိ၏ဟု သဘောနှလုံး စွဲသုံးပိုက်ယူမိသောကြောင့် မောင်ရှင်သာမဏေ၊ မောင်ရှင်၏ဘွဲ့တော်သည် (မောင်ခေမာ) မဟုတ်လောဟုမေးရာ တွင် မောင်ရှင်သည် ဟုတ်ကြောင်းကို ဝန်ခံလေ၏။

ထိုအခါ သူငယ်မက လျှောက်ပြန်သည်မှာ မောင်ရှင်သာမ ဏေ- မောင်ရှင်၏ဘွဲ့ကား (မောင်ခေမာ) ဟု မှည့်ရိုးမှန်လျှင်၊ ဣတ္ထိ လိင်ဖျဉ်းဖြစ်ချေသည်ဟုဆိုသော် အကြီးဖြစ်သော သူငယ်မက ပြောသည်မှာ ညီမ-ညီးပြောသောစကားသည် မှည့်တော်မူရင်း ဆရာတော်သို့ ရောက်မည်၊ (သျှသဝ) ဟူသော သုတ်ကိုလည်း ထောက်၍ပြောပါဘိဟု ဆိုသည်ကို တံတိုင်းတွင်း၌ ရှိနေတော်မူ သော ဆရာတော်လည်း ကြားတော်မူ၏ (မောင်ရှင်ခေမာ) လည်း နှုတ်တုံ့မပြန် ဆိတ်ဆိတ်သားပြန်ခဲ့၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ