Skip to main content

ဦးလတ်၏ စပယ်ပင်လောက








ဦးလတ်သည် ၁၉၁၂ - ခုနှစ်မှ ၁၉၂၀ - ပြည့်နှစ်အထိ၊ ၇-နှစ်အတွင်းတွင် ကာလပေါ် ဝတ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စပယ်ပင်ဝတ္ထုကိုရေးသည်။ ထို့နောက် ရွှေပြည်စိုး၊ ထို့နောက်သုံးဘုံ၊ ထို့နောက် တနန်းပျော်ရင်သွေးတော်ကို ရေးသည်။ စပယ်ပင်ကို ၁၉၁၂-ခုနှစ်တွင် ထုတ်ဝေသည်။ ရွှေပြည်စိုးကို ၁၉၁၄-ခုနှစ်တွင် ထုတ်ဝေသည်။ သုံးဘုံကို အစိုးရထုတ် တိုင်းကျိုးသတင်းစာ၌ ၁၉၁၄ ခုနှစ်မှစ၍၊ အပတ်စဉ် ထည့်သွင်းခဲ့သည်။ စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေခြင်း မပြုခဲ့ချေ။ တနန်းပျော်ရင်သွေးတော်ကို ပြည်မြို့ထုတ် ပျော်တော်ဆက် မဂ္ဂဇင်းတွင် ၁၉၂၀-ပြည့်နှစ်ဦးလောက်မှစ၍ အပတ်စဉ်ထည့်သွင်းခဲ့သည်။ ထိုဝတ္ထုကို ရေးစဉ်တွင် ဦးလတ် အနိစ္စရောက်သည်။

စပယ်ပင် မပေါ်ခင် ကပင် မြန်မာကာလပေါ် ဝတ္ထုများပေါ်ခဲ့ကြပြီ။ ရှေးဦးစွာ ပြင်သစ် ဝတ္ထုဆရာကြီးဒူးမားရေးသော “ကောင့်တော့မွန့်တီခရစ်တို” “The Count of Monte Cristo” ခေါ် အင်္ဂလိပ်ဘာသာပြန် ပြင်သစ်ဝတ္ထု...

စာမျက်နှာ ၂ 

ကို ဂျိမ်းစ်လှကျော်က ပိစိတံတိုင်းအမည်ဖြင့် မြန်မာမူနှင့် ဆီလျော်အောင် ပြန်ဆိုရေးသား၍ ၁၉၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။ ထို့နှင့်ပြိုင်ပင် ဝန်စာရေး ဦးကြီးက ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ရေး၍ ထုတ်ဝေရာ၊ လူကြိုက်များလေသည်ဟု သိရသည်။ ထို့နောက် မြကလေဝတ္ထု၊ စိန်ကလေဝတ္ထုတို့ကို ရေးနှိပ်ထုတ်ဝေသည်။ ထို့နောက် မောင်တောလှခေါ် လူစွမ်းကောင်းဝတ္ထု တပုဒ်လည်း ပေါ်လိုက်သေးသည်။ ထိုဝတ္ထုတို့ကို အကြောင်းပြု၍ မြန်မာကာလပေါ် ဝတ္ထုသည် ယနေ့တိုင်အောင် ခေတ်စားလာဟန်တူသည်။ နောင်အခါတွင်၊ ကာလပေါ်ဝတ္ထု မပေါ်မီက ခေတ်စားခဲ့ကြသော မြန်မာမူဟန် ငယ်မူဟောင်း ကာလပေါ်ဝတ္ထု၏ အကဲကိုစမ်းနိုင်သဖြင့် ပီပီကောသွားကြသည်မှာ အထင်အရှားဖြစ်ပါသည်။

ဦးလတ်၏ စပယ်ပင်သည်၊ ကာလပေါ်ဝတ္ထုခေတ်စားခါစ အချိန်တွင် ပေါ်လာသည်ဟု ဆိုရာသည်။ ထိုအခါက ခေတ်ပေါ်ခါစ ကာလပေါ်ဝတ္ထုများကို နှစ်နှစ်ခြိုက်ခြိုက် မြိန်ရည်ယှက်ရည် ဖတ်ရှုကြသည်ဟု ဆိုသင့်သည်။ ဦးလတ်ကိုယ်တိုင်ကပင် ထိုအချက်ကို အားမလိုအားမရ ဝေဖန်ခဲ့သည်။ ဦးလတ်သည် ပေါ်ခါစ ကာလပေါ် ဝတ္ထုများကို အဆီနှင့်ပတ်ဝင်းဆပ်ပတ်ယမ်းနှင့် တူကြောင်း ဆိုသည့် အပြင်၊ ထိုဝတ္ထု ဆရာများ၏ ဉာဏ်စွမ်း၊ ဉာဏ်ကျယ်နှင့် ပြည့်စုံကြောင်း၊ ထိုဆရာများ၏ ဉာဏ်စွမ်း အံ့မခန်းဖြစ်ကြောင်း၊ ထိုဆရာများ၏ အာဝဇ္ဇန်းညွှန့်ကြောင်း၊ ကျွန်ကြောင်းတို့ကို...

စာမျက်နှာ ၃

လေးလေးနက်နက် ထောက်ခံခဲ့သည်။ ထိုကြောင့် မိမိ၏ စပယ်ပင် ဝတ္ထုနိဒါန်းတွင် ဦးလတ်က—

“အသီးသီး ဉာဏ်ကြီး ဉာဏ်ကျယ်တို့ အသွယ်သွယ် ကွန့်မြူး၊ ချိတ်ကူး၍ ထုတ်ကြသော မောင်ရင်မောင် မမယ်မဝတ္ထု၊ မောင်မှိုင်းဝတ္ထု၊ မြကလေဝတ္ထု၊ မောင်တောလှဝတ္ထု အစရှိသော ဝတ္ထုများကို ရေးသားစီကုံးတော်မူကြသော ဆရာများ၏ ဉာဏ်စွမ်းကို အံ့မခန်း ရှိလှပါတော့သည်။ စာကလည်းစော၊ ဝတ္ထုကလည်းဆန်း၊ ဆိုက်ဝါးကဲ့သို့ အသီးသီးသော ဆရာကြီးတို့၏ အာဝဇ္ဇန်းမှ တကန်း၊ တမံ၊ ဉာဏ်ရှိတိုင်း ညွှန်ပြီး၊ ကျွန်ပြီး၊ နားပိတ်ကြသည်မှာ အဆီနှင့်ပတ်ဝင်းဆပ်ပတ်ယမ်း ကဲ့သို့ တောက်ပြောင်နှင့် ပြည့်စုံပါကြောင်း” ဟု မှတ်တမ်း တင်ခဲ့သည်။

ဦးလတ် ထိုသို့ မှတ်တမ်းတင်သည်ကို ထောက် သဖြင့် ဦးလတ်သည် ဝတ္ထု၏ ဂုဏ်ထူးဝိသေသကို ကောင်းစွာ သိကြောင်း၊ ဝတ္ထု ဆရာများကို အလေး အမြတ် ထားကြောင်း သိသာလေသည်။ ထို့ကြောင့်လည်း ဦးလတ်ကိုယ်တိုင် ကာလပေါ် ဝတ္ထုကို ရေးဖွဲ့ခြင်းဖြစ်သည်၊ ဦးလတ်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်ပေနည်း။ ဦးလတ်သည် တရားဟော၊ စကားပြော၊ မြန်မာပျို့လင်္ကာတတ် ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဆိုသည်။ လူပေါင်းဆံ့၍ အရပ်

စာမျက်နှာ ၄ 

ရပ် အနယ်နယ် နှံ့စပ်သည်ဟုလည်း ဆိုသည်။ ဦးလတ်သည် စပယ်ပင်ဝတ္ထု၌ ဇာတ်လိုက်တဦးဖြစ်သော ရွှေဖီနယ်ပိုင် ဝန်ထောက်အကြောင်းကို အောက်ပါအတိုင်း ဖွဲ့ဆိုခဲ့သည်။ ဖွဲ့ဆိုပုံမှာ—

“နယ်ပိုင် ဝန်ထောက် မင်းသည် အောက်မြို့သားပင် ဖြစ်သော်လည်း၊ မြန်မာတို့၏ ပြောရေးဆိုရေး မူစနစ်၊ ထုံးစံ အလေ့အလာများကို အလွန်နှစ်ခြိုက်သည့်အပြင်၊ ပျို့၊ ကဗျာ၊ လင်္ကာ ခရောင်း ပုရာဏ်နှင့် များစွာဝသနာ ပါလေသည်။ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်ရုံမျှမက၊ မြန်မာစာအဖွဲ့အသီတို့ကိုလည်း အဆင့်အတင့် တော်ရုံ သိလေသည်” ဟု ဖွဲ့ဆိုခဲ့သည်။

ဦးလတ်သည် ရန်ကုန်သား ဇာတိဖြစ်၍၊ အစိုးရရာရှိတဦးလည်း ဖြစ်လေရာ၊ အထက်ပါ ဦးလတ်ဖွဲ့ ဆိုသော နယ်ပိုင် ဝန်ထောက်မှာ၊ တစိတ်တားဖြင့် ဦးလတ်၏ သဘာဝဘာဝပေးသော ဟန်ပတ်တူနေသည်ဟု ထင်မြင်နိုင်သည်။

စပယ်ပင်ဝတ္ထုသည် ဦးလတ် ပထမဆုံး ရေးသော ဝတ္ထု ဖြစ်သည်။ လက်ဝဲမင်းကြီး၏ ဝတ္ထုဟူသည်လည်း၊ ယခုထင်သည်း လက်ဝဲမင်းကြီး၏ ဝတ္ထုပင် ဖြစ်သော်လည်း၊ မြန်မာကာလပေါ်ဝတ္ထု သမိုင်းတွင် စာထိုးလောက်သော ဝတ္ထု ဖြစ်သည်ဟု ဆိုသင့်သည်။ လူချင်းချင်း လူ့အကြောင်းကို အပြောအဆိုအလွန်း ဖြစ်၍ အကြားအမြင် ဆုံးလည်း ဖြစ်သည်။ ပြောလည်းပြောသည်၊ နားလည်းနားသည်။ ပြောတိုင်းနားတိုင်းလည်း နှစ်ခြိုက်ကြသည်။ ထိုသဘော ရှိနေ...

စာမျက်နှာ ၅ 

သမျှ ကာလပတ်လုံး ဝတ္ထုသည် အစဉ်သဖြင့် ဇော်ဇော်စည် ဖြစ်မည်မှာ မုချဖြစ်၏။ စပယ်ပင်သည် အပျိုလူပျိုတို့၏ အချစ်ဇာတ်လမ်း ဆက်နွယ်မှုသာ မဟုတ်၊ လွမ်းစရာ၊ ဆွေးစရာမဟုတ်၊ လူတို့ကြားချင်း၊ နာချင်သော လူ့အကြောင်း၊ လောကအကြောင်း၊ ဝါ၊ လူ့သဘာဝ အဖွဲ့၊ လောကသဘာဝအဖွဲ့တို့နှင့်လည်း ပြည့်စုံပေသည်။ ရှင်းပါအုံး။

ဦးလတ်ရေးသော စပယ်ပင်သည် ဝတ္ထု ဖြစ်၏။ ထို့ကြောင့် ဝတ္ထု၏ အင်္ဂါအရပ်ဖြစ်သော ဇာတ်လမ်း ပါရှိရသည်။ ထိုဇာတ်လမ်းကိုမှီ၍ ဦးလတ်သည် မိမိကိုယ်တွေ့လောကမှ သုံးသပ်ဆင်ခြင်၍ ရခဲ့သော လူ့အကြောင်း၊ လောကအကြောင်းတို့ကို ပြောပြမည် ဖြစ်သည်။ ဇာတ်လမ်းသည် အောက်ပါအတိုင်း ဖြစ်သည်။

အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်မှ ဖြစ်ပွားနေခဲ့သော မြန်မာမှုမကင်းသေးသည့် စန္ဒရားပျော်ကြီးနောက် စစ်ကိုင်းဘက်သို့ ရှောင်နေသည်။ ထိုသို့ တိမ်းရှောင်နေခိုက် မိမိအသိခြံသူ ခင်သိမ့်ကို ရန်ကျည်းတု ရွာစေ အနီးပေါင်းစိုက်မိခဲ့ ဆောင်ပေးနေသည်။ မကြာမီတု ဘုန်းကြီးတပါးက ခင်သိမ့်ကို စောင့်ရှောက်လျက်ရှိသည်။ ခင်သိမ့်သည် အပျိုတဦးဖြစ်၍ ချောကြိုက်ပျော်လျက်ရှိသည်။ တနေ့သ၌ ရွှေဖီနယ်ပိုင် ဝန်ထောက်သည် နယ်လှည့်ရင်း ရန်ကျည်းတုရွာသို့ ရောက်လာရာ ခင်သိမ့်မြင်၍ ခင်သိမ့်ကို ဘုန်းကြီးက အကြောင်းကိုလည်း ပေးသည်။ ထိုသို့ စောစဉ်တွင် ရန်ကျည်းတု ဘုန်းကြီးသည်...

စာမျက်နှာ ၆ 

အထိတ်တလန့်ဖြစ်၍ တိမ်းရှောင်နေသော ခင်သီ၏အဖေအတွက် အသက်ချမ်းသာရာရကြောင်း အားထုတ်ရန် ရန်ကုန်သို့ရန်မည်ဟု ကြံစည်လေသည်။ ထို့ကြောင့် ခင်သိမ့်အဖေ ရာဇဝတ်ကို တပည့်တဦးကို လွှတ်၍ မိမိ၏ အကြည်အညိုကို ပြောစေသည်။ ရွှေဖီကင်းသို့ သွားသောအခါ ဘုန်းကြီးသည် ရန်ကုန်သို့ စုန်လေသည်။

ရွှေဖီသည် စစ်ကိုင်း၌ ခင်သိမ့်အဖေနှင့် တွေ့ပြီးသည့်နောက် ရွာအပြန်တွင် ရွှေဖီကို ထားပြများက ဖမ်း၍ သူတို့နှင့်အတူ လိုက်စေပြီးလျှင် ထားပြတိုက်ရာ၌ ပါဝင်စေသည်။ ထားပြများကို မိသောအခါ ရွှေဖီကိုပါ မိသည်။ ရုံးတင်စစ်ဆေးသောအခါ ရွှေဖီသည် ထားပြတို့အဓမ္မခိုင်းစေ၍ ပါဝင်ရကြောင်း ထင်ရှားစေသော်လည်း ထောင်ဒဏ် ခြောက်လ အပြစ်ပေးခံရသည်။ ရွှေဖီ၏မိခင် အရီးဒွန်းသည် သားအတွက် ပူပန်သဖြင့် အရီးခေါင်းနှင့် တိုင်ပင်ပြီးလျှင် ဘုန်းတော်ကြီးနှင့်အတူ ရန်ကုန်သို့ ရွှေဖီပါသည်အထင်နှင့် ရန်ကုန်သို့ စုန်ကြသည်။ ထိုအခါ ခင်သီလည်းပါ၍ အရီးဒွန်း၏ သမီး ခင်ခင်လည်း ပါသည်။

ရန်ကုန်ဘူတာတွင် ခင်သီပျောက်လေသည်။ ရှာကြပါသော်လည်း မတွေ့ရှိခဲ့ပေ။ ထိုအခါ ခင် အဖိုးကျွန်းအခွန် ရောက်သည်။ ထို့ကြောင့် ခင်ခင်နှင့် အဖိုးခေါ် အထက်သို့ ပြန်ကြသည်။ ခင်သိမ့်သည် ရန်ကုန်မြို့တွင် ခင်ကို အထင်လွဲ၍ အသက်မွေးသော မိန်းမတဦး၏ လက်တွင်းသို့ ရောက်၍ အနှိပ်စက်ခံရသည်။ တနေ့နံနက်တွင် ထိုမိန်းမ၏ အိမ်မှ ထွက်ပြေး၍ စာဆိုတန်းနေ ဦးကြာရိုး မင်းဘုံတို့ထံ ရောက်...

စာမျက်နှာ ၇ 

သည်။ ထိုမှတဆင့် ရန်ကုန်သို့ ရောက်နေသော မန်ကျည်းတုံ ဘုန်းကြီးနှင့်တွေ့၍ မန်ကျည်းတုံသို့ ပြန်သည်။ ပြန်ရောက်သောအခါ အားလုံးပြန်ဖြစ်သွားသည်။ ရွှေဖီလည်း ထောင်မှ လွတ်လာပြီ၊ နောက်အခါ ခင်သိမ့်သည် ရွှေဖီနှင့် ထိမ်းမြားသည်။ အဖထားခဲ့သော ပစ္စည်းအမြောက်အမြားကို ရကြသည်။

ဤကား စပယ်ပင်၏ ဇာတ်လိုက်ဟု ဆိုအပ်သော ခင်သိမ့်၊ ရွှေဖီတို့၏ အချစ်ဇာတ်လမ်း အကျဉ်း ဖြစ်သည်။ ထိုသူနှစ်ဦး၏ အဖြစ်အျပ်ကများသည် ထူးဆန်းလှပေသည်ဟု ဆိုနိုင်သည်မှအပ အခြား စွဲမက်ရာ မရှိချေ။ ထိုသူတို့၏ ဇာတ်လမ်းသည် ယုံတမ်းသာသာမျှလောက်သာ ဖြစ်သည်ဟုပင် ဆိုသင့်သည်။ ခင်သီနှင့် ဖခင် တကွဲတပြား နေကြရသည် ဆိုသည်မှာ အကြောင်းမလုံလောက်၊ မန်ကျည်းတုံ ဘုန်းကြီး ရန်ကုန်စုန်သည်မှာလည်း အကြောင်းမလုံလောက်၊ ခင်သီ ရန်ကုန်၌  လမ်းပျောက်ပြီးနောက် မန်ကျည်းတုံသို့ ပြန်လည်ရောက်လာရသည်မှာလည်း ထူးဆန်းလွန်းလှပါသည်။ ထိုဇာတ်လမ်းကို ဖတ်၍ နှစ်သက်ရသည်မှာ မျက်လှည့်ကြည့်၍ နှစ်သက်ခြင်းမျိုးနှင့်သည တူသည်ဟုသာ ဆိုသင့်သည်။ အမှန်၊ မန်ကျည်းတုံ ဘုန်းကြီး၊ အဖိုးခေါင်း၊ အဖိုးညွှန့်၊ ခင်သိမ့်သည် ရုပ်သေးသဘာဝမျှသာ ဖြစ်သည်။ တကယ်လူ့သဘာဝ ပါသည်ဟု ပြောနိုင်လောက်အောင် မပြည့်စုံချေ။ ဝါ၊ ခင်သိမ့်၊ ရွှေဖီတို့သည် ဦးလတ်၏ ကိုယ်တွေ့လောကကတည်းဟူသော ကျောက်တိုင် ကျောက်ခဲကို မှီခြမ်း၍ အသက်ဝင်နေသည် ထက်ရလောက်အောင် ထုဆစ်ထားသော ပန်းပုရုပ်...

စာမျက်နှာ ၈ 

များဖြစ်ကြသည်ဟု ဆိုသာချေ။ ထို့ကြောင့် လောကလောကပင် မဟုတ်၊ ပျော်ပွဲရွှင်ရုံသာဟု ယူသင့်သည်။

သို့ရာတွင် ဦးလတ်၏ကိုယ်တွေ့လောကယူ၍ ခြယ်ဂုဏ်သော လူ့အကြောင်း၊ လောကအကြောင်းတို့ကား စပယ်ပင်ကို တွေ့ရှိနိုင်သည်။ ထိုအကြောင်းတို့သည် ပျော်လည်းပျော်၍ ဝေဖန်ဆင်ခြင်စရာပင် ဖြစ်သည်။ ထိုအကြောင်းတို့ကို အထက်ပါ ဇာတ်လမ်း၌ နယ်ပိုင် ဝန်ထောက်အဖွဲ့နှင့်၎င်း၊ ဇာတ်လမ်းလက်တံတို့ရှိ ဦးသေစာ၊ မယ်ဇော၊ လောစံ၊ မောင်ရှိန်၊ မောင်စံပယ်တို့၏ အဖြစ်အပျက် အဖွဲ့တို့တွင် တွေ့ နိုင်သည်။ ထိုသူတို့သည် ဦးလတ်၏ ကိုယ်တွေ့လောကမှ သီးပွင့်လာကြသောသူများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဦးလတ်သည် နယ်ပိုင်ဝန်ထောက်၏ လူ့သဘာဝနှင့်၎င်း၊ ဦးသေလာ၊ မယ်ခေမာတို့၏ ပြုံးပျက်ပုံ သဘာဝနှင့်၎င်း၊ လောစံ၊ မောင်ရှိန်၊ မောင်စံပယ်တို့၏ လူ့သဘာဝနှင့်၎င်း၊ စစ်ကိုင်းစားခဲပန်တို့သည် သတိပြုဟန်တူသည် နှစ်သက်ခြင်း လည်းဖြစ်၏၊ ကရုဏာသက်မိခြင်းလည်းဖြစ်၏၊ ဖော်ဆုံးခြင်း လည်း ဖြစ်ခဲ့ဟန်တူ၊ ဤတို့ကြောင့်သာလျှင် ဦးလတ်သည် ထိုသူတို့၏ အကြောင်းကို နှစ်သက်ဖွယ်၊ သနားဖွယ်၊ စက်ဆုပ် ဖွယ်ကောင်းအောင် ဖွဲ့ဆိုနိုင်ခြင်း ဖြစ်လေသည်။

ရွှေဘိုနယ်ပိုင် ဝန်ထောက်အဖွဲ့သည် နှစ်သက်ဖွယ်ကောင်းသည်။ နယ်ပိုင် ဝန်ထောက်သည် အရီးခေါင်နှင့် တွေ့သည်။ ခင်သီအကြောင်း ပြောသည်။ သမီးနှင့် စကား ပြောသည်။ ပြောသောအခါတွင် နယ်ပိုင်ဝန်ထောက် ပေးစာထားတူ၍ မင်းသံမာနသံမသုံး၊ ယဉ်ကျေးသော အမူအ...

စာမျက်နှာ ၉ 

ရာကိုသာ သုံးသည်။ ဖော်ဖော်ရွေရွေရှိသည်။ ခင်သီကို မြင်ကတည်း နယ်ပိုင်ဝန်ထောက် ကြိုက်ဟန်တူသည်။ သို့ရာတွင် မိမိ၏ အိန္ဒြေကိုလည်း ထိန်းသည်။ ထို့ကြောင့် ခင်သီ၏ မေတ္တာကို မရလိုက်ဖြစ်ရသည်။ နယ်ပိုင် ဝန်ထောက်၏ သဘာဝသည် အမေနည်းကို မသိလိုသော သဘာဝ ဖြစ်သည်ဟု ယူဆနိုင်သည်။ ထို့ပြင် နယ်ပိုင်ဝန်ထောက်မှာ မိတ်ကောင်းဆွေကောင်း ဖြစ်သည်။ ကောင်းတတ်ပါသည်။ ရယ်စရာ ပျော်စရာ စကားတတ်သည်။ ထိုအချက်သည် တပည့် မောင်စံညွှန့်နှင့် ဆက်ဆံရာတွင် အထူးထင်ရှားသည်။

နယ်ပိုင် ဝန်ထောက်သည် ခင်သီ၏ မေတ္တာကို မရသဖြင့် မခံချင်ဖြစ်လာသော်လည်း၊ သို့ရာတွင် စိတ်ပုတ်ခြင်း ကားမရှိချေ။ နှစ်နှစ်ကာကာချစ်ကြိုက်ခြင်း မရှိသောကြောင့် ဖြစ်နိုင်သည်။ ဆရာ့အကြံမအောင်အောင်သည်ကို တပည့် မောင်ညိုက ရိပ်မိသောအခါ ဆရာ၏ သဘောကို သိပြီးဖြစ်သဖြင့်၊ ဆရာပျော်စေခြင်းငှါ ဆရာကို အစောင်းအချိတ်နှင့် လှောင်ပါလေသည်။ ထိုအခါ နယ်ပိုင်ဝန်ထောက်သည် အခြားတပည့်ဖြစ်သူ မောင်စံခဲဘက်သို့ လှည့်၍—

“တို့အိမ်ရှေ့က ခွေးကြီးဟာ နာမည်ဘယ်လိုခေါ်သလဲ” ဟု မေးလေသည်။ 

“ဂုတ်ကျားဟု ခေါ်ပါသည် ဘုရား...” 

“ဘာဖြစ်လို့ ဂတ်ကျားဟု ခေါ်သလဲ....” 

“ဂုတ်ကျားအနက်ဖြစ်သောကြောင့်သာ ဂုတ်ကျားဟု ခေါ်ပါသည် ဘုရား”

စာမျက်နှာ ၁၀ 

ဂုတ်ကကျား၍ ဂုတ်ကျား ခေါ်လျှင် ခွေနီများကိုတော့ ဘယ်လိုနာမည်မှည့်ရသလဲ” 

“ငနီဟု မှည့်တတ်ကြပါသည်” 

“ဖေမြင့်၊ ညီသော ခွေးများကိုကော ဘယ်လိုမှည့်ရသလဲ” “ညိုလို့ မှည့်ရပါလိမ့်မယ်...” “သြော်... ခွေးထဲမှာလည်း ထူးခြားသေးတာကိုး”

ဤသို့ဆို၍ ဝန်ထောက်မင်းသည် ဘေးတဖက်သို့ လှည့်၍ နေလေသည်။ ဤအချက်ဖြင့်ပင် နယ်ပိုင် ဝန်ထောက်၏ ရယ်မောပျော်ရွှင်တတ်သော သဘာဝသည် သိသာလေသည်။

ပဏ္ဍိတဝေဒနိယအသင်းမှ ဘုန်းကြီးဦးသေလာ၊ တကာလောစံ၊ တကာမောင်စံဖဲ၊ တကာမောင်ချိန်တို့ အကြောင်းကို စပယ်ပင်၏ ဇာတ်လမ်း လက်တက်၌ တွေ့နိုင်သည်။ ဦးသေလာသည် တရားဟော ဓမ္မကထိက ဖြစ်သည်။ ပဏ္ဍိတဝေဒနိယအသင်းကို ထောင်သည်။ လောစံနှင့် မောင်စံဖဲတို့သည် အသင်းလူကြီးများ ဖြစ်ကြသည်။ ဦးသေလာသည် မိမိ သီတင်းသုံးရာ စံကျောင်းတွင် သီလရှင် မယ်ခေမာကို နေစေသည်။ ဦးသေလာက မယ်ခေမာတို့ အကြောင်းကို ဦးလတ် ရေးသည်မှာ ထိုအခါက ဂရုစိုက်မိခဲ့သော အဖြစ်အပျက်တခုကို ဖော်ထုတ်၍ ရေးသားသည်ဟု ထင်ဖွယ်ရှိလေသည်။ မောင်ချိန်နှင့် မောင်စံဖဲတို့ စရပ်သို့ ထက်လာရာတွင် လူတယောက်...

စာမျက်နှာ ၁၁ 

မီးဖိုထဲသို့ ပြေးဝင်သွားသည်ကို မောင်စံချိန်တို့ မြင်ကြရပုံသည်၎င်း၊ ထို့နောက် ဦးသေစာ၏ ကုလားထိုင်ပေါ်တွင် မယ်ခေမာ၏ အင်္ကျီကို မြင်ကြရပုံသည်၎င်း အဆဲသိတ်ဖွယ်ပင် ဖြစ်သည်။

လောစံ အကြောင်းကို ရေးရာတွင် ဦးလတ်သည် စုံစုံလင်လင် ရေးနိုင်ခဲ့သည်။ စက်ဆုတ်ဖွယ်၊ သနားဖွယ် ဖြစ်အောင် ရေးနိုင်ခဲ့သည်။ လောစံသည် ဦးသေလာကို ကြည်ညိုသူ ဖြစ်သည်။ တကျိတ်တည်း တဉာဏ်တည်း ပြုလုပ်ခဲ့သည်။ လောစံသည် အသင်း၏ အကျိုးဆောင် ဖြစ်သော်လည်း၊ ကိုယ်နှုတ် နှလုံး ညံ့ဖျင်းဖြစ်ပါသည်။ ရယ်စောအခါ ထက်ဝါးကြီး၊ နှစ်ဘက် တော့ကော တီး၍၊ ရယ်မောတတ်သူ ဖြစ်သည်။ နောက်ပိုးဖြစ်သည်။ မယ်ခေမာ၏ တူမ သော်တာကို ထိကပါးရိကပါး ပြုချင်သည်။ ရန်ကုန်သို့ ရောက်လာသော အရီးခေါင်း၊ အရီးဒွန်း၊ ခင်ခင်တို့ကို စောင့်ရှောက်သူ ဖြစ်သော်လည်း၊ ခင်ခင်တည်းဟူသော ယုန်ကိုမြင်သောကြောင့် အရီးများ၏ ချုံကို ထွင်သူ ဖြစ်ပါသည်။ ဤကား စက်ဆုပ်ဖွယ်ကောင်းသော အချက်ဖြစ်သည်။ သို့ရာတွင် လောစံအလုပ် ပြုတ်သောအခန်းတွင် ဦးလတ်သည် လောစံကို သနားဖွယ် ဖြစ်အောင် ဖွဲ့သည်။ ထိုအခန်းတွင် လောစံသည် သနားဖွယ်သာ ဖြစ်သည်။ လောစံသည် လုပ်ရကိုင်ရ ခက်ခဲရှိခဲ့ပါသည်။ အပြစ်ဖြစ်ခြင်းသည် သူ၏အပြစ်ဖြစ်သည်ဟု ဆိုသင့်လေသည်။

ဦးလတ်သည် စပယ်ပင်ဝတ္ထုတွင် အခန်းပေါင်း ၂၁-ခန်းဖြင့် စပယ်ပင်လောကကို ဖန်တီးခဲ့သည်။ ထိုလောက...

စာမျက်နှာ ၁၂

တွင် စကားတတ် တရားတတ်လည်းဖြစ်၍ ယဉ်ကျေးသည်လည်းဖြစ်၍၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေတတ်သည်လည်းဖြစ်၍၊ စိတ်ကောင်းနှလုံးကောင်း ရှိသည်လည်း ဖြစ်သော လူ့သဘာဝကို သိချင်လျှင်၊ ရွှေဘို နယ်ပိုင် ဝန်ထောက်တွင် တွေ့နိုင်သည်။ အိန္ဒြေ စောင့်ထိန်းနိုင်သော လူ့သဘာဝကို သိချင်လျှင်၊ လောစံတွင် တွေ့နိုင်သည်။ အရောင်ဆောင်၍ နေတတ်သူတို့၏ သဘာဝကို သိချင်လျှင် ဦးသေလာ၊ မယ်ခေမာတို့တွင် တွေ့နိုင်သည်။ ခင်သီ၊ ရွှေဖီတို့ ဇာတ်လမ်းသည် လွမ်းစရာ ကောင်းလှပါ၏။ သို့ရာတွင် နယ်ပိုင် ဝန်ထောက်၊ လောစံ၊ ဦးသေလာ၊ မယ်ခေမာတို့သည် သာ၍ လွမ်းစရာ ကောင်းလှပါပေသည်။

(ဇော်ဂျီ ရသစာပေအဖွင့်)

၁၉၄၈။

(ပြင်စရာ အနည်းငယ်ပါနိုင်ပါသည်။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ