တင်ထားတာခု = ကြာကြာထားရင်တောင် မမဲသွားအောင်လုပ်နည်း
မှတ်ချက်
မမဲ နဲ့ မတည့်သူက တင်ထားတာ တင်ရတယ်။
မမဲ ကို နှင်ထုတ်နေသလို ရေးထားတာကိုး။
မဲမသွားအောင် လို့ ရေးရတယ်။
ကွဲမသွားအောင် ဖန်ခွက်ကို သေသေချာချာကိုင်ပါ။
ခဲမသွားအောင် အအေးခန်းထဲက အပူဒီဂရီ စစ်ဆေးပါ။
လွဲမသွားအောင် တည့်တည့်ပစ်ပါ။
နည်းမသွားအောင် အသုံးစိစစ်ပါ။
ဆွဲမသွားအောင် ကားကို ရပ်ရမဲ့နေရာမှာသာ ရပ်ပါ။
မွဲမသွားအောင် စီးပွားတိုးတက်အောင်လုပ်ပါ။
မှားမသွားအောင် သတိထားရေးသားပါ။
မ ကို နေရာမထားတတ်တဲ့ အရေအသားတွေကို နေ့တိုင် နေ့တိုင်း တွေ့နေရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment