Skip to main content

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး



ဟောကြားတော်မူသော

အရိယဝါသ တရားတော်

ဒေါက်တာ-ဦးမြင့်ဆွေ နိဒါန်းရေးသည်။

ဦးစံညွန့်-သား-ကိုလှမောင်

ရန်ကုန်၊ ဇွဲဓနပိဋကတ်စာအုပ်ဆိုင်ကြီး၊

ဈေးချို-ဗိရုနိဆိုင်အမှတ် ၂-၃

မန္တလေးမြို့

(ဂုတ္တသယ ရတနာရွှေအိုး တံဆိပ်)

ဂုတ္တသယ ပိဋကတ် စာပုံနှိပ်တိုက်

၁၁၃၊ ၂၄-လမ်း၊ ရန်ကုန်မြို့။

သာသနာ-၂၅၀၀-ခု၊ (က)၃၀၉ ကောဇာ-၁၃၂၆-ခု၊

အဖိုး ၂-ကျပ်။


၂၂ --- အရိယဝါသတရားတော်ကြီး

သုတ်ဆိုတာ မျဉ်းကြိုးဘဲ

မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေကို (သုတ္တ) သုတ်-လို့ ခေါ်ပါတယ်။ (သုတ္တ) သုတ်ဆိုတဲ့ ပါဠိစကားမှာ အနက်အဓိပ္ပာယ် အမျိုးမျိုး ရှိပါတယ်။ အဲဒီ အမျိုးမျိုးထဲမှာ အထူးစိတ်ဝင်စားစရာကောင်းတဲ့ အနက် အဓိပ္ပာယ်ကလေးတခု ကတော့ ဘာလဲလို့ ဆိုယင်၊ သုတ္တဆိုတာဟာ မျဉ်းကြိုးပါ ဘဲတဲ့။ မျဉ်းချတဲ့ကြိုးပေါ့။ လက်သမားဆရာများဟာ သစ်သား ကို ပြုပြင်တော့မယ်၊ ခုတ်တော့ ခုဆေတော့မယ်၊ ခွဲစိတ်တော့မယ် ဆိုယင်၊ ရှေးဦးစွာ မျဉ်းကလေး ချရတယ်။ အဲဒါကတော့ ထင်ရှားပါတယ်၊ အများဘဲ မြင်ဖူးနေကြမှာပါ။ အဲဒီလို မျဉ်းကြောင်းကလေး ချပြီးတော့ အဲဒီ မျဉ်းကြောင်းကလေး အတိုင်း ခုတ်ရ ဆွေရတယ်၊ ခွဲစိတ်ပြုပြင်ရတယ်။ လက်သမား ဆရာဟာ “ငါကျွမ်းကျင်နေတာဘဲ၊ မျဉ်းချဖို့ မလိုပါဘူး” ဆိုပြီးတော့ မျက်မှန်းနဲ့ ရမ်းဆပြီး ခုတ်လိုက် ဆွေလိုက် ခွဲစိတ် လိုက်ယင် မလိုတဲ့ နေရာတွေ ရောက်ပြီးတော့ ပျက်စီးလဲသွား တတ်တယ်။ မျဉ်းချပြီး ဆွေ ခုတ် ခွဲ စိပ် ပြုပြင်ယင်တော့ အပျက် အစီးမရှိဘဲ ကိုယ်အလိုရှိတဲ့အတိုင်း အချိုးတကျ ဖြစ်နိုင်တယ်။ ဒါကြောင့် လက်သမားဆရာတွေဟာ ရှေးဦးစွာ မျဉ်းချပြီးတော့ အဲဒီမျဉ်းကလေးအတိုင်း လိုက်ပြီး ဆွေ ခုတ် ခွဲ စိပ် ပြုပြင်ကြ ရ ပါတယ်။

သာသနာ့မျဉ်းကြောင်းကလေး

မြတ်စွာဘုရား၏ သာသနာတော်မှာလဲ အဲဒါလို ပါဘဲ၊ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒ သုတ်တရားတော်ဟာ

တတိယပုံပါ စာသားများ (image_adcfcd.jpg - စာမျက်နှာ ၂၃)

သာသနာ့မျဉ်းကြောင်းကလေး --- ၂၃

တရားကို ကျင့်လိုတဲ့သူတွေအတွက် မျဉ်းကြောင်း ပါဘဲ၊ ဗုဒ္ဓ ဘာသာဝင် ပုဂ္ဂိုလ်တွေဟာ အဲဒီ တရားမျဉ်းကြောင်းကလေး အတိုင်းဘဲ လိုက်ပြီးတော့ ကျင့်ရပါတယ်။

တရားမျဉ်းကြောင်းကလေးတွေ ချထားပုံကတော့-သီလကို ဘယ်လို ကျင့်ရမယ်-ဆိုတာ မြတ်စွာဘုရားက မျဉ်းကြောင်း ကလေး ချထားခဲ့တယ်။ အဲဒီမျဉ်းကြောင်းကလေးအတိုင်းဘဲ လိုက်ပြီး သီလကို ကျင့်ရတယ်။ သီလကို ကိုယ့်ဟာကိုယ် တမျိုး တမည် ထွင်ပြီးတော့ မကျင့်ရဘူး။ မြတ်စွာဘုရားက ငါးပါး သီလကို သတ်မှုမှ ကြဉ်ရှောင်ခြင်း၊ ခိုးမှုမှ ကြဉ်ရှောင်ခြင်း စသည်ဖြင့် ဟောထား ခဲ့တယ်၊ အဲဒီ ငါးပါး သီလကို အဲဒီ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ အတိုင်းဘဲ ကျင့်ရ တယ်။ အဲဒီ ငါးပါးထဲက နှုတ်ပယ် ပြီးတော့ လေးပါး သီလ သုံးပါးသီလစသည်ဖြင့် ဖြစ်စေ၊ မလိုတာတွေကို ထည့် သွင်းပြီးတော့ ခြောက်ပါးသီလ ခုနစ်ပါးသီလ စသည်ဖြင့် ဖြစ်စေ၊ ဒီလိုအသစ်အဆန်းထွင်ပြီးတော့ မကျင့်ရဘူး။ ပြီးတော့ သမာဓိဘာဝနာ ကို ဘယ်လို ပွားများရမယ်- ဆိုတာကိုလဲ မြတ်စွာဘုရားက မျဉ်းကြောင်းကလေး ချထားခဲ့တယ်၊ အဲဒီ မျဉ်းကြောင်းကလေးအတိုင်းဘဲ သမာဓိဘာဝနာကို ပွားများ ရတယ်။ သမာဓိကမ္မဋ္ဌာန်းက အမျိုးပေါင်း ၄၀-ရှိတယ်၊ အဲဒီအတိုင်း မဟုတ်ပါဘဲနဲ့ ကမ္မဋ္ဌာန်း ၅၀၊ ၆၀၊ ၇၀၊ စသည်ဖြင့် ဒီလို မဟုတ်တာတွေ တမျိုးတမည် အသစ်အဆန်း မထွင်ရဘူး။ ပြီးတော့ ပညာဘာဝနာ ကို ဘယ်လို ပွားစေရမယ်- ဆိုတာ ကိုလဲ မြတ်စွာဘုရားက မျဉ်းကြောင်းကလေး ချထားခဲ့တယ်၊ အဲဒီ ပညာဘာဝနာ မျဉ်းကြောင်းတွေကတော့ အများကြီးပါ -

ကျွန်တော့ မှတ်ချက်

၁၉၆၀-၇၀-၈၀ ခုနှစ်ကာလတွေမှာ ဝိပဿနာတရားနာသူတွေ၊ ကျင့်ကြံသူတွေ အများစုက မဟာစည်ဆရာတော်ကြီးရဲ့တရားကို အားကိုးခဲ့ကြရပါတယ်။

မဟာစည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ စာအုပ်တိုင်းဟာ မူရင်းမှန်ရင် သတ်ပုံတွေလည်း မှန်တယ်။ သတ်ပုံမမှန်ရင် ထင်သလိုပြင်ထုတ်ထားတာ။ မလုပ်ကောင်းပါ။

စာကိုမှန်အောင်မရေးတဲ့ တရား၊ သမိုင်း၊ သုတ၊ ရသ၊ ကာတွန်း၊ သီချင်းဆိုတာ အလကားသာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ