• "မနေ့ကဆိုတာ သမိုင်းဖြစ်သွားပြီ၊ မနက်ဖြန်ဆိုတာကတော့ ပဟေဠိတခုပေါ့၊ ဒီနေ့ဟာ ဘုရားပေးတဲ့ လက်ဆောင်မွန်တခုပါ၊ ဒါကြောင့်လည်း ဒီနေ့ကို လက်ဆောင်မွန်တခုလို့ ခေါ်တာပေါ့။" — (Bil Keane)
• "ဒီနေ့ သင်လုပ်ဆောင်လိုက်တဲ့ အရာဟာ သင့်ရဲ့ မနက်ဖြန်တိုင်းကို ပိုမိုကောင်းမွန်စေနိုင်တယ်။" — (Ralph Marston)
• "အကျိုးမဲ့ စိုးရိမ်ပူပန်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့်ပေးတဲ့နေ့ဟာ ဒီနေ့ ဖြစ်ပါစေ။ အခွင့်အရေးကို အရယူပြီး သင်ပြောင်းလဲနိုင်တဲ့ အရာတွေအပေါ် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်လိုက်ပါ။" — (အမည်မသိ)
• "ပိုကောင်းအောင် လုပ်နိုင်တာဟာ ပိုကောင်းတာပါပဲ။"
• "ဘယ်ခံစားချက်မှ ထာဝရ မဟုတ်ပါဘူး။"
• "သင့်စိတ် အေးချမ်းနေတယ်ဆိုရင် သင်ဟာ လက်ရှိပစ္စုပ္ပန်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။" — (Lao Tzu)
• စကားလုံးသုံးလုံးဖြင့် ခွန်အားပေးချက်များ
"အကျိုးရှိအောင် လုပ်ပါ။"
"ရှေ့သို့သာ ဆက်လှမ်းပါ။"
"လုပ်ငန်းစဉ်ကို ယုံကြည်ပါ။"
ဒေါက်တာတင့်ဆွေ

Comments
Post a Comment