သူ့မေးမှသာ သိမယ်။
သူ့အမှားကို အခုလို ကြော်ငြာသလိုလုပ်ပေးလို့ မှန်အောင်မရေးတတ်သူက ဝမ်းသာနေချင်နေဦးမှာ။
ခေတ်ကလည်း မှားတယ် လိမ်တယ်ပြောတိုင်းလည်း အထင်သေးမခံရတဲ့အပြင် မှားတဲ့၊ လိမ်တဲ့သူတွေကို ချီးမြှောက်၊ အားပေး၊ ဝယ်ယူသူတွေလည်း ရှိလာတယ်။
ကန်တော့။
အလိမ္မာ စာမှာရှိ = လူတဦး လိမ္မာယဉ်ကျေးစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် "စာပေ" သည် အဓိကအရင်းအမြစ်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
အလိမ္မာ = ယဉ်ကျေးချိုသာခြင်း၊ နည်းလမ်းကျခြင်း၊ အတတ်ပညာရှိခြင်းနှင့် ဘဝကို စနစ်တကျ နေထိုင်တတ်ခြင်းတို့ကို ခြုံငုံ၍ ခေါ်ဆိုခြင်းဖြစ်သည်။
စာမှာရှိ = ထိုသို့ လိမ္မာယဉ်ကျေးစေမည့် နည်းလမ်းများ၊ လောကီလောကုတ္တရာ အဆုံးအမများနှင့် သူတော်ကောင်းတို့၏ လမ်းညွှန်ချက်များကို စာအုပ်စာပေများထဲတွင် ရှာဖွေဖတ်ရှုနိုင်သည်ဟု ဆိုလိုသည်။
လူတဦးသည် မိမိကိုယ်တိုင် အတွေ့အကြုံမရှိသေးသည့်တိုင်အောင် ရှေးလူကြီးသူမများနှင့် ပညာရှိတို့ ရေးသားခဲ့သော စာပေများကို ဖတ်ရှုခြင်းဖြင့် ဘဝအတွက် သင်ခန်းစာများကို ကြိုတင်ရယူနိုင်ပါသည်။
အင်္ဂလိပ်စကားပုံနှင့် ခိုင်းနှိုင်းချက်များ
"Reading maketh a full man."
(Francis Bacon ၏ ဆိုရိုးဖြစ်ပြီး စာဖတ်ခြင်းသည် လူတဦးကို ပြည့်စုံရင့်ကျက်စေသည်ဟု ဆိုလိုသည်။)
"Knowledge is power."
(အသိပညာသည် အင်အားဖြစ်သည်။ စာဖတ်ခြင်းမှရသော ပညာသည် ဘဝကို ပြောင်းလဲနိုင်စွမ်းရှိသည်ကို ရည်ညွှန်းသည်။)
"A room without books is like a body without a soul."
(စာအုပ်မရှိသော အခန်းသည် ဝိညာဉ်မရှိသော ခန္ဓာကိုယ်နှင့်တူ၏။ စာပေ၏ အရေးပါမှုကို ဖော်ပြခြင်းဖြစ်သည်။)
"Today a reader, tomorrow a leader."
(ယနေ့ စာဖတ်သူသည် မနက်ဖြန်တွင် ခေါင်းဆောင်ဖြစ်လာလိမ့်မည်။ စာပေသည် လူတဦးကို လိမ္မာထက်မြက်စေကြောင်း ဆိုလိုခြင်းဖြစ်သည်။)
ဟိုတနေ့က ယောက်ျားလေး-မိန်းကလေး ချတ်လုပ်ကြသတဲ့။ သူ့ကောင်းလေးက စာကို အတည့်အမှန်၊ ဝါကျပြည့်ရေးတာကို ကောင်မလေးဆိုသူက ရှုံ့ချပါသတဲ့။
အဲလိုကောင်မလေး အိမ်ထောင်ရက်သားကျ၊ သားတွေသမီးတွေရတဲ့အခါ သူ့မိသားစုကြီးဟာ တည်တည်တန့်တန့် ဖြစ်မလာနိုင်ပါ။
အဲလိုမိသားစုမျိုးတွေ များလာရင် တိုင်းပြည်အခြေအနေ ဆိုးသည်ထက် ဆိုးပါလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment