တရှိုက်လောက် စုပ်ကာယူ။
ဂျိန်းဖောပျို နုသာတုံး၊ နံသာတုံး၊
ရှုံးလိမ့်မြို့သူ။
ပြွေနက်က ပြွေနက်က ကျူ၊ လူသံက ဝေးလေးလေး။
ခေါင်တန်းခိုးပေးတင့်
မညှိုးပေါင် တခုန်ခုန်ပ
နေအာရုဏ် အောင်လံစိုက်စေတော့
ဆွေအစုံ တောင်ယာတဝိုက်မှာ
ဒေါင်မရ ကလိုက်ချည့်သေး။ ။ (မျိုးမြင့်ဆွေ)
ဝေါဟာရအဖွင့်များ
၁။ နံပန်ခယင် (NAMPAN HKYENG) = ပန်းအနီ။ (အိုးစည်တွင် ချည်ဆွဲထားသော သိုးမွေးပန်းပွားအနီ)။
၂။ အကီဝါ (AGYI-WA) = သူကြီး။
၃။ ဆလန် (SALANG-WA) = သူကြီး။
၄။ ဒူးဝါး (DUWA) = သူကြီး။ ဆလန်ဝါထက် အဆင့်အတန်း မြင့်သည်။
၅။ လော့ခူး (LAUHKU) = ခေါင်ရည်။
၆။ ဒေါင်မ (DAMA-WA) = သမီးပေးရသော အမျိုးကို ခင်မင်ရင်းနှီးစွာခေါ်သော အာလုပ်စကား။
မှတ်ရန်
အခုခေတ်မှာ
တကျိုက်
တရှိုက်
တခုန်ခုန်
တဝိုက်
ကလိုက်တွေကို မှန်အောင်ရေးတတ်သူ ရှားပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment