Skip to main content

“မသိသော နားလည်မှု”


စာအိတ် ပြာတွင်

ကဗျာ တိုစ၊ ပန်းညွန့် လွကို

အလှဆုံးထိ၊ လက်ရေး ညှိနှင့်

ပုန်းနီ ထဲသို့ ထည့်လိုက်သည်။

ကဗျာ ချိုမြ၊ တို တစမှာ

ဝေးခွ ရပ်မြေ၊ မွေး မေမေသို့

ပန်းချွေ ခူးဆဲ၊ သား ရွှေခဲက

လှိုက်လှဲ ပြုံးပြ၊ လွမ်းဆွတ် တ၊ သည်

ရသ စာငယ် တို့သာတည်း။

ကျွန်ုပ် မွေးမိသည့်

ကဝိဥစ္စာ၊ ဤ ကဗျာ၏

ဝေဟာရ နက်၊ ခွဲစိတ် ဝက်၍

အချက် မိမိ၊ သူ မသိချေ

မသိ သော်လည်း၊ ဝမ်း မနည်းချေ

သိပ်သည်း တိုထွာ၊ ဤ ကဗျာကို

ပါမောက္ခကို၊ မမေး လိုချေ

ချိုသည်ဟုထင်၊ သူ့ဘဝင်နှင့်

သူ မြင်သလောက်၊ အနက် ကောက်၍

မိုးသောက် နေဝင် ဖတ်မည်တည်း။

(တင်မိုး)


“အိမ်ပြေး”

တိတ်တဆိတ်

အိမ်ရိပ် တကိုယ် ခွါလျက်

တေးကဗျာ ဆိုလို့ ညည်းပါလို့

ဧရာပြင် ရေ ခရီးမှာလ

လှေ စီး၍ လွှင့် ခဲ့တယ်။

တိမ်တွေကြား

ပြန့်ကား အတောင်ပံနဲ့

လေ ဆန်ကာ သူပျံ မြန်းပြီမို့

အိတ်တန်းမှာ အတူ ဆုံလို့

သားစုံ သမီးစုံ ပွေ့ကာပ

ဗျိုင်းရွှေဖြူ ဘာသာ ဓလေ့ ရယ်နဲ့

အေး မွေ့ တော့မယ်။

ကိုရွှေဗျိုင်း

မြက်ကိုင်း သောင်ညိုညိုက

ငါးချိုချို သူလျှင် ချောင်းကာပ

ငေါင်းစင်း လည်တံ ရှည်နဲ့

အချိန်မှီ အစာ ကောက်ပါလို့

အိမ်ရောက်အောင် သူပြန် မြဲပါကလာ့

ခွဲပါပေ့-သူ့နယ်ပယ်၊

တွယ်ပါပေ့-သူ့နှောင်ကြိုး။

လှေ တစင်းရယ်နဲ့

မြစ်တွင်း စုန် အဆန်ပေါ့

သီချင်းသံ ဘယ်မဆိတ်ပါလဲ

အိမ်ရိပ် ဘယ်ဆီမှာဟု

လွမ်းမျှော်ကာ ကိုယ်မနင်းပြီဟု

တစင်း လှေကိုလှော်၍

မြစ်ပေါ်မှာ ငှက်ကလေးတွေနဲ့

ပန်းဗေဒါ ပွင့်ပြာကလေးတွေနဲ့

တေးဖွဲ့ကာ ပျော်ပျော်နေမိ

လှော်ပါလေ အိမ်ခြေဦးဆီသို့

ကိုယ့်စိတ်ကို တန်တန်နှူါ်သော်လဲ

ကြည်နူးရာ ခိုလှုံနေလျက်

တကိုယ်ရေ စိတ်လေတွေးရာသို့

သည်မြစ်မှာ သည်ဆိုတေးတွေနဲ့

ဝေးခဲ့ မြစ်ရိုး။   ။ 

(တင်မိုး)

“လှေတစင်း နှင့် သီချင်းသည်”

(၁၉၆၃)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ