Skip to main content

တောရကျောင်းပျော် ရှင်ဥတ္တမကျော်




ဇော်ဂျီ

(စာမျက်နှာ ၃၄)

အခါကား မြန်မာသက္ကရာဇ် ၈၈၂-ခုနှစ်အခါ ဖြစ်၍၊ နေရာကား ရတနာပူရ အင်းဝရွှေမြို့ ရွှေလွှတ် တော်အနီး ခမ်းနားသိုက်မြိုက်စွာ ဆောက်လုပ်အပ် သော မင်းထဲ ကနွားတော်တွင် ဖြစ်လေသည်။

မင်း။ ။ “တကာတော်ကို ချီးမြှင့်သော အားဖြင့် နေပြည်တော် ရွှေအင်းဝတွင် သီတင်းသုံးတော်မူပါ။”

ဆရာတော်။ ။ “ဆရာ ဘုန်းကြီးအား သာသနာ ဒါယကာတော် မင်းမြတ်သာလျှင် ပင့်ဖိတ်တောင်းပန် သည်မဟုတ်၊ ခမည်းတော်မင်းတရား လက်ထက်တော် စဉ် အခါကလည်း နေပြည်တော်တွင် သီတင်းသုံးရန် တောင်းပန် လျှောက်ထားဘူးသည်သာတည်း။ ဤသို့ အသက်အရွယ် ငယ်စဉ်အခါက တောင်းပန် လျှောက် ထား၍မျှ၊ ဆရာဘုန်းကြီး မပျော်နိုင်၊ စိတ္တုပ္ပါဒ်ကြီးရာတွင် ခိုအောင်းနေသည်ကို ယခုအသက်အရွယ် ကြီးရင့်မှ နေပြည်တော်တွင် နေမည်ဆိုသော်၊ မသင့်လျော်ပါ။”

မင်း။ ။ “ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်တော် မူရာ အရပ်၌ပင် သီတင်းသုံးတော်မူပါဘုရား။”

အထက်ပါ မင်းနှင့် ဆရာတော်တို့၏ စကားကို ကနွားတော်အတွင်းရှိ နေပြည်တော် ဆရာရှင်ရတ္တသာ တို့အပြင် နေပြည်တော် တံဆိပ်ရ မရ ဆရာတော်

(စာမျက်နှာ ၃၅)

.များနှင့် မှူးမတ်အားလုံးတို့ ကြားကြ လေကုန်သည်။ မင်းမှာ ရတနာပူရ အင်းဝပြည်သခင် ရွှေနန်းကြော့ရှင် နရပတိ ဖြစ်၍ ဆရာတော်မှာ ရှင်ဥတ္တမကျော်ဖြစ် လေသည်။

ဆရာတော်သည် ဖျင်နီသင်္ကန်းကို ရုံ၍၊ သပိတ် ဟောင်းအိတ်ဟောင်းကို လွယ်၍၊ စာကမ္ဗုလှေညှပ်ထေး ထေးကို ထမ်း၍၊ ပံသုကူ ဝါးရင်းတောင်ဝေး ကွေး ဍုတ်ဍုတ်ကိုနှက်၍၊ မင်းနေပြည် ဆရာတော်တို့နှင့် တကွ မင်းအား နှုတ်ဆက်ပြီးလျှင် တောင်တွင်းကြီးသို့ ပြန်ကြ လေသည်။

ဤအကြိမ်ကား ရှင်ဥတ္တမကျော်သည် အင်းဝသို့ ဒုတိယအကြိမ် ရောက်လာ၍၊ ရက်အတန်ငယ်ကြာမျှ တရားဓမ္မဟောပြောပြီးလျှင် အင်းဝမှ ဒုတိယအကြိမ် ပြန်ကြခြင်းဖြစ်၏ဟု ဆိုလေသည်။

အင်းဝသို့ ပဌမအကြိမ် ကြွလာသော အခါကား သက္ကရာဇ် ၈၅၉-ခုနှစ်တွင် ဖြစ်လေသည်။ ထိုအခါက ရှင်ဥတ္တမကျော်သည် မိမိနှင့်ကျောင်းနေဘက် ငယ် သူငယ်ချင်းလည်းဖြစ်သော၊ အင်းဝတွင်မင်းဆရာတဆူ လည်းဖြစ်သော ရှင်သီလဝံသနှင့် တွေ့လိုသောကြောင့် ကြွလာခြင်း ဖြစ်လေသည်။ ရောက်သောအခါ နေပြည် တော်တွင် စကားတတ် တရားတတ်ပင်ဖြစ်သော်လည်း၊ ဝါခွဲမာန်ဘုံဖျားသို့ ရောက်နေသော ခုံတော်ဦးကျမ်း ကို ချေချွတ်ရလေသည်။ ထိုမှစ၍ ငယ်သူငယ်ချင်းနှင့် လည်းတွေ့ရ၍၊ မင်းပေါက် စိုးကြားလည်း ဖြစ်လာ လေသည်။ ထိုအခါကလည်း အင်းဝပြည်ရှင် ခမည်း

တော် ဒုတိယဘုရင်မင်းခေါင်သည် ဆရာတော်အား နေပြည်တော်၌ သီတင်းသုံးရန် ပင့်ဖိတ်တောင်းပန်ဘူး လေသည်။ ဆရာတော်ကား မနေလို။ အင်းဝကိုရှောင် ခွါခဲ့သည်သာတည်း။

ရှင်ဥတ္တမကျော်သည် ထိုအခါမှစ၍ နှစ်ဆယ့်သုံး နှစ်တိုင်တိုင် တောင်တွင်းနယ်ပယ်မှစ၍ တောင်ငူနယ် စပ် ဟံသာဝတီ နယ်စပ်အထိ လှည့်လည်၍၎င်း၊ တောရ ဆောက်တည်၍၎င်း၊ တရားအားထုတ်ခြင်း၊ ကျမ်းစီရင်ခြင်း၊ ကဗျာသီခြင်း အမှုတို့ကိုပြုလေသည်။ နောက်ဆုံး သီတင်းသုံးသော တောရကျောင်းကား ဟံသာဝတီ နယ်စပ် ရိုးမတောင်ပြတ်တွင် နွားဝန်တင် စခန်းတခုဖြစ်သော ကမ္ဘားစောက်ရွာ အနီးရှိ တောရ ကျောင်း ဖြစ်လေသည်။ ဝါးဘိုးတိုင် လေးပင်သုံးခန်း စံလူမိုး အင်ဖက်ကာကျောင်းတည်း။

ရှင်ဥတ္တမကျော်သည် နေပြည်တော်တွင် မင်းဆရာ တဆူမလုပ်လို။ ကျောင်းတိုက် အခြံအရံဖြင့် သီတင်း မသုံးလို။ စည်သံ ခေါင်းလောင်းသံ အဲသီချင်းသံတို့ကို မကြားလို။ ထိုအရပ် ထိုအသံတို့မှ လွတ်ရာကျွတ်ရာဖြစ် သော တောအရပ်တွင် အထီးကျန် တရားအားထုတ်လို သော တောရကျောင်းပျော် ပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ ရာတွင် တောအရပ်ဖြစ်သော တောသစ်ရွက်စိမ်း၊ တော အသံဖြစ်သော ကျေးသံငှက်သံတို့ကို ချစ်ခင် နှစ်သက် သော စာဆိုပုဂ္ဂိုလ်လည်းဖြစ်လေသည်။ ယခုအခါတွင် သဘာဝအလျောက် ဖြစ်သော တောတန်းကျင် ရေဝန်း ကျင် ကောင်းကင်ဝန်းကျင်တို့ကို တင်တယ်ဟန်ကိုဖွဲ့ဆို

(စာမျက်နှာ ၃၇)

ကြသော စာဆိုမျိုးကို သဘာဝ စာဆိုဟု ခေါ်ကြလေသည်။ ရှင်ဥတ္တမကျော်သည် ထိုသဘာဝစာဆိုမျိုးတွင် အပါအဝင် ဖြစ်လေသည်။

ဆရာတော်သည် တခါတရံ ပေါင်းလောင်းမြစ်ကမ်း သို့၎င်း၊ စစ်တောင်း မြစ်ကမ်းသို့၎င်း၊ ရောက်ခဲ့ဟန်တူ လေသည်။ မြစ်တွင် ဆရာတော်သည် သဲသောင် ဖွေး ဖွေးကို၎င်း၊ ကမ်းခြေနှုင့်ရေတိုကို၎င်း၊ မြိုခိုးဝေသော တောခြေကို၎င်း၊ လွမ်းမျှော် မိရသည်။ သဲသောင်စပ် တွင် အစာရှာယင်း တွန်မြည်တတ်သော ရေကျေး ရေ ငှက်တို့၏ အသံကိုလည်းကြားမိရသည်။ ဆရာတော် သည် စိတ်မဆည်နိုင်အောင် ဖြစ်မိသောကြောင့် လေလားမသိ—

“သဲခင်းသာဝယ်

သီတာကြည်လှဲ၊ ငှက်သံနွဲ့နှင့်

လွမ်းဘွဲ့မြင်ခြေ၊ မြိုခိုးဝေ”

ဟူ၍ မိမိ၏အလွမ်းကို ထုတ်ဖော်ကျူးရင့်ခဲ့လေသည်။

လွမ်းသည်ဟူသော စကားခွန်းသည် အနက်ထူးထူး ထွေထွေ ရှိလှသည်ဟု ထင်မိသည်။ လွမ်းသည်ဟူရာ၌ သတိရခြင်း တောင့်တခြင်း၊ တဖန် ထိုနှင့်အတူ ကြည် နူးခြင်း ကျေနပ်ခြင်းတို့ယှက်လာ စပ်လာသော သဘော ဟု ယူသော် ရသင့်လေသည်။ ဥဒါဟရုဏ်ကား မယ် ဘွဲ့မောင်ဘွဲ့ အလွမ်းမျိုးတွင် တစုံတရာကိုမြင်၍သော် ၎င်း၊ ကြား၍သော်၎င်း၊ မယ်သည် မောင်ကို၊ မောင် သည် မယ်ကို သတိရ၏။ တောင့်တ၏။ ထိုသို့သောစိတ် တွင် ကြည်နူးခြင်းလည်းရှိ၏။ ကျေနပ်ခြင်းလည်း ရှိ၏။

(စာမျက်နှာ ၃၈)

တဖန်ကြည်နူးယင်းလည်း ကျေနပ်၍၊ ကျေနပ်ယင်းလည်း ကြည်နူးခြင်းရှိလေသည်။ ဤကား လွမ်းသည် ဟူသော စကားခွန်း၏ အနက်ကိုပေါ်စေရန် အားထုတ်ခြင်းပင် ဖြစ်သည်။

ဆရာတော်၏ အလွမ်းကား ထိုထက်ပိုမို၍ ထူးထွေ ရာသည်။ လွမ်းဘွဲ့တကာဟုဆိုသော ဆရာတော်၏ စိတ်အခြေကား အသို့နည်း။ သဲခင်းအား သာယာသည် ဟု ဖွဲ့ဆိုသဖြင့် ဆရာတော်၏စိတ် သာယာဟန် ထင် သင့်၏။ ရေအား ကြည်ကြည်လဲလဲ ဖွဲ့ဆိုသဖြင့် ဆရာ တော်၏စိတ် ကြည်လင်ဟန် ထင်သင့်၏။ ငှက်သံအား နွဲ့သည် ဖွဲ့ဆိုသဖြင့် ဆရာတော်သနားဟန် ချစ်ခင်ဟန် ထင်သင့်၏။ မြိုခိုးဝေသော တောခြေကို ပြုပြသဖြင့် လည်း ဆရာတော်၏ ကြည်နူးခြင်း ကျေနပ်ခြင်း တို့ မကွဲမပြား ဝိုးဝါး ထွေးယှက် နေဟန် ထင်သင့်သည်။ ထို့ကြောင့် ဆရာတော်၏ အလွမ်းအား သာယာခြင်း၊ ကြည်လင်ခြင်း၊ သနားချစ်ခင်ခြင်း၊ ကြည်နူး ကျေနပ်ခြင်း တို့ ထွေးရောယှက်တင် ဖြစ်နေသော သဘောဟူ၍ ယူ သော် ရကောင်းအံ့သို့ ရှိလေသည်။

ဆရာတော်သည် မည်သည်ကို တောင့်တ သတိရ သနည်း။ အဖြေကိုကား ဗျာမသိသာနိုင်တော့ပြီ။ သို့ မသိ သာနိုင် ဖြစ်လင့်ကစား အချက်တခုမှာ ထင်ရှားလေ သည်။ ထိုအချက်မှာ ဆရာတော်သည် ရေမြေကောင်း ကင် တော တောင် အရောင်အဆင်း စသော ရုပ် လက္ခဏာတို့၌ အာရုံဝင်စား၍ နှစ်သက်ပီတိဖြစ်ခြင်း၊ စိတ် အပန်း ပြေခြင်းဖြစ်သော အချက်ဟု ယူသင့်လေသည်။

(စာမျက်နှာ ၃၉)

ထိုအချက်ကို ထင်ရှားစေဦးစို့အံ့။ ရံဖန်ရံခါ ဆရာ တော်သည် သစ်တပင်ရင်း ဝါးတပင်အောက်တွင် နေ နားခိုက် အကိုင်းအခက်မှပြုတ်၍ မြေသို့ သက်လျောခဲ့ သော ရွက်ကျင့်တို့ကို နီးနီးကပ်ကပ် မြင်ဟန် တူလေ သည်။ ရွက်ကျင့်တို့၌ တပိုင်းဝါလျက် ရှိပြီဖြစ်သော် လည်း တပိုင်း စိမ်းလျက် ရှိသေးသည် ကိုလည်း သတိ ထားမိဟန် တူလေသည်။ ထိုရွက်ကျင့်တို့ကိုရှု၍ ဆရာ တော် ကြီးသည် ပီတိဖြစ်ဟန် တူ၏။ ထို့ကြောင့် ဆရာ တော်သည်—

“လေခမြေသက်၊ ဈာန်ဝိတက်သို့

သစ်ရွက်ယော်ရီ၊ ဣန္ဒြီငယ်

သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့

ရဂုံမြိုင်တွင်း၊ တောလုံး လင်းသား”

ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

ရွက်ကျင့်တို့မည်သည်မှာ ပေါ့ပါးသော သဘောရှိ သဖြင့် ချက်တဖြုတ် မြေသို့ ဆင်းနိုင်သည် မဟုတ်ချေ။ ဝဲကာ ဆိုင်းကာ ဖြည်းညည်းသာယာစွာ သက်လျော၍သာ ဆင်း လေသည်။ ဤသဘာဝသဘော၌ ဆရာတော် ကြီးသည် အာရုံဝင်စား နိုင်ခဲ့လေသည်။ ထို့ကြောင့်သာလျှင် ထို အကြောင်းကို ကဗျာဆီရာတွင် လေးလေး တွဲတွဲ ဆို ခဲ့ခြင်း ဖြစ်၏။ ဥပမာ ပေးရာတွင်လည်း “ဈာန်ဝိတက် သို့” ဟူသော ဥပမာကို ပေးခဲ့ခြင်းဖြစ်လေသည်။ “ဈာန် ဝိတက်သို့” ဟူသော စကားခွန်းနှင့် စပ်လျဉ်း၍ အချို့ ကကောင်းကင်ဈာန်ပျံရသေ့ ဈာန်လျောခြင်းကိုယူ၏။ အချို့ကလည်း ကသိဏ်းပုဂ္ဂိုလ်တို့၏စိတ်တွင် ပီတိ

(စာမျက်နှာ ၄၀)

အခြေသို့မရောက်ခင် အတည်မကျသေးသော ဝိတက် ဝိစာရဖြစ်ခြင်းသဘောကို ရယူကြလေသည်။ မည်သို့ ပင် အဓိပ္ပါယ်ယူစေကာမူ ဝဲဝဲဆိုင်းဆိုင်း ဖြစ်သောသ ဘောကား ထင်ရှားသည်သာ။

တခါတရံ ဆရာတော်သည် ကောင်းကင်ဝယ်နေ၏ အစွမ်းကြောင့်၎င်း၊ လေ၏အစွမ်းကြောင့်၎င်း၊ အရောင် အမျိုးမျိုးပြောင်းနေသော ပုံသဏ္ဌာန်အမျိုးမျိုးပြောင်း နေသော တိမ်တို့ကို မြင်ရ၏။ ထိုအခါ ဆရာတော်သည် ထိုသဘာဝသဘာဝတို့ကို အာရုံဝင်စား၍ ပီတိဖြစ်ခဲ့ဟန် တူ လေသည်။ ထို့ကြောင့်—

“တိမ်ညိုမိဂ္ဃ၊ တိမ်ဓူကနှင့်

တိမ်ပြာရောင်ယှက်၊ ခရမ်းဖက်၍

တိမ်သက်တရောင်၊ အဝါပေါင်ဝယ်၊

မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ

ရီခဲ့တပုံ၊ မှုံခဲ့တချက်”

ဟူ၍ တခဏကာလတွင် အရောင်အမျိုးမျိုး ပြောင်း ပုံသဘောကို သွက်လက်စွာ ကဗျာဆိုခဲ့လေသည်။ ထိုမှ တဖန်ဆက်၍ ပုံသဏ္ဌာန်ပြောင်းသော သဘောကို လည်း—

“ယုဂန်ထက်က

လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း

နဂါးရုံကြွ၊ ရန်ချင်းတွေ့သော်

ခိုးငွေ့တပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့”

ဟူ၍ နဂါးဂဠုန်တွေဟန် လိုက်ဟန် ဥပမာဖြင့် နှိုင်း၍ ရှုကြည့်ကာ ခံစားစွာ ဆိုခဲ့လေသည်။

(စာမျက်နှာ ၄၁)

ရှင်ဥတ္တမကျော်သည် မင်းနေပြည်ကို ကြည်၍ မိမိနှင့် လောကသို့ ခိုဝင်သော်လည်း လူလောကကို မေ့လျော့ခဲ့ သည်မဟုတ်ချေ။ ဆရာတော်သည် မိမိကိုယ်တိုင် သံ ယောဇဉ်ကို ဖြတ်နိုင်သော်လည်း သံယောဇဉ် မပြတ် နိုင်သေးသော သူတို့၏ အမှုအရာကို လှမ်း၍ ကြည့်သည် မဟုတ်ချေ။ တောင်ငူနယ်စပ် ဟံသာဝတီ နယ်စပ်တို့ တွင် လှည့်လည်ကျင့်သုံးစဉ်၊ ဆရာတော်မြင်နိုင် တွေ့ နိုင် ဆွမ်းခံရနိုင်သော သူတို့ကား ကရင်တောင်သူများ ပင် ဖြစ်တန်၏။ ထိုသူတို့သည် တောင်သူ့ဘာသာ တောင်ယာလုပ်စားသူများ ဖြစ်သဖြင့် တောခုတ်ခြင်း မီးတိုက်ခြင်းတို့ကို ပြု၍ ယာကို တီထွင်ကြရ၏။ ထို့နောက် စူးထိုးကာ မျိုးစေ့ချ၍ ကောက်ပဲသီးနှံတို့ကို ပျော် ရွှင်စွာ စိုက်ပျိုးကြသည်။ ထိုအမှုအရာတို့ကို ဆရာ တော်သည် နှစ်သက်ဟန်တူ၏။ ထို့ကြောင့်လျှင်—

“တောခွင်တောင်ထု၊ ပျော်ကြောင်းလှသည်

တောင်သူ့လေလေ့၊ ယာဖီးကြွသား

မျိုးစေ့ ဖြန့်ချိ၊ အေဝမာန်လျှင်

ညံတခြိမ့်ခြိမ့်၊ ဘဝင်မိမ့်မျှ”

ဟူ၍၎င်း၊

“တောင်သူ့ဗာလလည်း၊ ဘာသာမလေ၊

ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို

အားကြီးလုံ့လ၊ ဂုဏ်စွမ်းပြုလျက်”

ဟူ၍၎င်း တောင်သူတို့၏ လုံ့လဝီရိယ အားနှင့် တောင် သူ့ အလုပ်ကို ချီးကျူးဖွဲ့ဆိုခဲ့လေသည်။

(ကြည့်ရန်။ ။ “မြန်မာစာညွန့်ပေါင်းကျမ်း၊ ပဌမတွဲနှင့် ကဝိသေနင်္ဂဗျူဟာကျမ်း။”)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ