ကျမတို့ဆီမှာတော့ ပိန်းစွယ် ဟုခေါ်သည်။
ပန်းစွယ် မဟုတ်ပါ။
ပိန်ဆွယ် မဟုတ်ပါ။
ပိတ်ဆွယ် မဟုတ်ပါ။
အရပ်ခေါ်တွေ ဘယ်လိုခေါ်ခေါ် မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ ပိတ်စွယ် လို့ ရေးထားပါသည်။
(၁)
ပိတ်၁ – ကြိ / ပိတ် / ၁၊ အကြားအပေါက်ကို ဆို့ကာသည်။ “ပုလင်းကို ဖော့နှင့် ပိတ်သည်။” ၂၊ (တံခါးရွက်စသည်ကို) မပွင့်အောင်ဖုံးထပ်သည်။ “မြို့တံခါးကို ပိတ်နှင့်လေသဖြင့် မဝင်ရသော ကြောင့်။” မိပံု။ ၁၆၈။ ၃၊ အခွင့်အလမ်း တားမြစ်သည်။ ၄၊ အပိုင်းအခြား • တန့်ရပ်ပြီးပြတ်စေသည်။ (စာရင်းပိတ်၊ ကျောင်းပိတ်၊ ဆိုင်ပိတ်သည် အသုံးရှိသည်။)
ပိတ်၂ – ကြိ / ပိတ် / အလျှင်း။
ပိတ်၃ – န / ပိတ် / ချည်နှင့် ရက်လုပ်ထားသောထည်။
ပိတ်ကွယ် – ကြိ / ပိတ်ကွယ် / လုံးဝ ငြင်းဆိုသည်။ လုံးဝ ငြင်းကွယ်သည်။
ပိတ်ချင်း – န / ပိတ်ချင်း / အရသာ ပူစပ်သော အသီးပြွတ်ကလေးများပါ အတောင်ငယ်များသီးသည့် ဆေးဖက်ဝင် နွယ်ပင်တမျိုး။
ပိတ်ချင်းထိုး – ကြိ / ပိတ်ချင်းထိုး / ကြိုးစသည်ကို ပိတ်ချင်းတောင်သဏ္ဌာန် ထုံးဖွဲ့သည်။
ပိတ်စိမ်းပါး – န / ပိတ်စိမ်းဗား / ကော်မတင်ပဲ ကျဲကျဲရက်ထားသည့် ပိတ်ပါး။
ပိတ်စွယ် – န / ပိတ်စွယ် / ရှည်မြောမြောတက်သော၊ ရေစပ်တွင် ပေါက်လေ့ရှိသည့် ဟင်းလျာအဖြစ် အဖူးကို စားသုံးရသော အပင်တမျိုး။ (အပွင့်ကို ခေါင်းအုံးအစာအဖြစ် အသုံးပြုရသည်။)
ပိတ်ဆို့ – ကြိ / ပိတ်ဆို့ / မဝင်မထွက်နိုင်အောင် အဝကို ကာသန်းသည်။
ပိတ်တွန့် – န / ပိတ်တွန့် / ၁၊ ပိတ်သား အရှုံ့အတွန့်ငယ်များပါရှိသော ချည်ထည်တမျိုး။ ၂၊ ကော်တင်ထားသော ချည်နှင့် မစိပ်မကျဲ ရက်ထားသည့် အထည်ကြမ်းတမျိုး။
ပိတ်ပင် – ကြိ / ပိတ်ပင် / ဟန့်တားသည်။ အခွင့်မပြုပဲထားသည်။
ပိတ်ပေါင်း – န / ပိတ်ပေါင်း / ပုစွန်ပေါင်း – န၊ နှင့် အတူတူ။
ပိတ်ပိတ်သား – ကြိဝိ / ပိတ်ပိတ်သား / အလျှင်း။ မည်သို့မျှ။
(၂)
ပိန်း၁ – နဝိ / ပိန်း / မကျားမပြောက်ပဲ။ တပြင်တည်းပိတ်သော။
— ကြိဝိ / ပိန်း / တပြင်တည်း။
— န / ပိန်း / အရောင်မရောနှောသောအရောင်။
ပိန်း၂ – န / ပိန်း / အမြစ်ဥရှိ၍ အရွက်ပြန့်သော ပင်စည်မဲ့တနှစ်ခံ အပင်တမျိုး။ (ပိန်းရိုင်းနှင့် စားပိန်းဟူ၍ ကွဲသည်။)
ပိန်းကော – န / ပိန်းဂေါ / သစ်လုံးကိုထွင်းထားသော လှေရှည်တမျိုး။
ပိန်းကောမ – န / ပိန်းဂေါမ / ပိန်းကော – န၊ နှင့် အတူတူ။
ပိန်းကျား – ကြိဝိ / ပိန်းဂျား / လိမ်းခြယ်ရာ၌ သေသပ်အောင် မပြုပြင်ပဲ ကွက်ကွက်ထင်စေလျက်။
ပိန်းတန်းဖိနပ် – န / ပိန်းဒန်းဖနတ် / သားရေစိမ်းအောက်ခံတွင် ကတ္တီပါ စသည်အုပ်၍ ချုပ်ထားသော ညှပ်ဖိနပ်တမျိုး။
ပိန်းပိတ် – ကြိ / ပိန်းပိတ် / မကျားမပြောက် တပြင်တည်း ဖုံးလွှမ်းသည်။
ပိန်းပြိတ္တာကိုယ်ရောင် – န / ပိန်းဗျိတ္တာဂိုယောင် / အသားအရေတကိုယ်လုံး ဖျော့တော့ရောင်ရမ်းသောရောဂါ။
ပိန်းဥ – န / ပိန်းအု / စားသုံးရသော ပိန်းပင်မျိုး၏ ဥမြစ်။
ပိန္နဲ – န / ပိန္နဲ / ပူအိုက်စွတ်စိုသောဒေသတွင် ပေါက်လေ့ရှိ၍ ပင်စည်မှ ဆူးပြုပ်ရှိ စားရသော အသီးကြီးများသီးသည့် ပင်စောက်တမျိုး။ [ပါ]
ပိန္နဲကွင်း – န / ပိန္နဲဂွင်း / ပိန္နဲသီးအနုကိုပြုတ်၍ တို့စရာအဖြစ်စားသုံးရန် အကွင်းအချပ်လိုက် ကန့်လန့်ပါးပါးလှီးထားသော စားဖွယ်။
ပိန္နဲဆိုး – န / ပိန္နဲဇိုး / ပိန္နဲပင်၏ အခေါက်ကိုပြုတ်၍ (လိမ္မော်ရောင်) ဆေးဆိုးထားသည့် သင်္ကန်းစသည့်အထည်။
ပိန္နဲတိုင် – န / ပိန္နဲတိုင် / ၁၊ စေတီ၏ထီးချက်တွင် ငှက်ပျောဖူး၊ သို့မဟုတ် ဆတ်သွားဖူး၌ လျှိုစိုက်သွင်းထားသော ထီးတော်တင်ရန် အတိုင်တိုင်လုံး။ (ပန်းလည်တိုင် ဟုလည်း ခေါ်
ဒေါက်တာတင့်ဆွေ


Comments
Post a Comment