Skip to main content

မြန်မာနိုင်ငံ သတင်းစာများ


မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀

ရတနာပုံနေပြည်တော်သတင်းစာ

တလ ၄ ကြိမ် ထုတ်ဝေပါသည်။

တနှစ်တွက်

မြန်မာနိုင်ငံ သတင်းစာများ။ ။မြန်မာပြည်တွင် ပဌမဆုံး ထုတ်ဝေခဲ့သည့် “မော်လမြိုင်ခရော်နီကယ်” သတင်းစာကို စတင် ပုံနှိပ်သည့် ခုနှစ်မှာ ၁၈၃၆ ခုနှစ်ဖြစ်၍ ထိုစဉ်က အနောက်နိုင်ငံများ၌ သတင်းစာလုပ်ငန်းမှာ သိသိသာသာ ကြီး တိုးတက်လျက် ရှိနေပေပြီ။

၁၈၂၄ ခုနှစ်တွင် ပဌမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပြီးဆုံးခဲ့ပြီးနောက် အင်္ဂလိပ်အား မြန်မာက တနင်္သာရီနှင့် ရခိုင်တိုင်းတို့ကို ပေးလိုက်ရသည်။ ထိုနယ်များတွင် အင်္ဂလိပ်တို့သည် လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့်၊ စီးပွားကုန်သွယ်ခွင့်၊ သာသနာပြုခွင့်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ခွင့်တို့ကိုပါ တပါတည်း ရရှိလေသည်။

မော်လမြိုင်မြို့တွင် ပဌမဆုံး ထုတ်ဝေနိုင်ခဲ့သည့် “မော်လမြိုင် ခရော်နီကယ်” သတင်းစာကို တနင်္သာရီတိုင်း မင်းကြီး ဗလန်ဒယ် ဆိုသူက အင်္ဂလိပ်ဘာသာဖြင့် ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်နေ့၌ ထုတ်ဝေခဲ့၏။ ပဌမဆုံးအယ်ဒီတာမှာ အစိုးရ အခမဲ့ကျောင်း၌ ကျောင်းအုပ် လုပ်နေသော အမေရိကန် သာသနာပြု ဆရာကြီး မင်းနက် ဖြစ်သည်။ နောင်တွင် ကျောင်းကိစ္စများထက် သာသနာပြု ကိစ္စများတွင် ပို၍ စိတ်ဝင်စားကာ ဆောင်ရွက်နေသည်ကို အစိုးရက တွေ့ရှိသဖြင့် ကျောင်းအုပ် ရာထူးမှ ဖြုတ်ချလိုက်လေသည်။ ထို့ကြောင့် ကျောင်းကို ပိတ်ထားရပြီးလျှင် သတင်းစာကိုလည်း ခေတ္တမျှ ရပ်ဆိုင်း ထားရလေသည်။

၁၈၃၇ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကာလကတ္တားမြို့မှ သာသနာပြု ဆရာကြီး ဂျီ၊ ဂျီ၊ ဟပ်ဖ ရောက်ရှိလာသဖြင့် သတင်းစာကို ၁၈၃၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့၌ ပြန်လည် ထုတ်ဝေလေသည်။ ထိုစဉ်က သတင်းစာကို လပေး ယူသူများမှာ ၁၀ ယောက်မျှသာ ရှိသည်။ သို့သော် ကြော်ငြာများနှင့် အပြင် ပုံနှိပ် လုပ်ငန်းများမှ ရရှိသည့် ငွေများဖြင့် သတင်းစာ ထုတ်နိုင်အောင် ရရှိလေသည်။ “မော်လမြိုင် ခရော်နီကယ်” သတင်းစာသည် ဗြိတိသျှ အစိုးရထုတ် သတင်းစာ တစောင် ဖြစ်၍ အစိုးရ အမှုထမ်းများနှင့် အစိုးရဌာနမှ သတင်းများကို ထည့်သွင်း ဖော်ပြလေ့ရှိသည်။

အထောက်အထားများအရ သိရှိရသလောက် ပဌမဆုံး တိုင်းရင်းဘာသာဖြင့် ထုတ်ဝေသော သတင်းစာမှာ “ဆုတ္တုဂဇ” (ဝါ) “မောနှင်းစတား” ဖြစ်၍ ၁၈၄၁ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ ယင်း သတင်းစာကို ကရင်ဘာသာဖြင့် ခရစ်ယန်နှစ်ခြင်းသာသနာပြုအဖွဲ့က ထုတ်ဝေ၍ ထို...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ