ကြက်သွန်သည် သူ့ချည်းသက်သက်ဆိုလျှင် အထောင်းခံရလေ့ မရှိသော်လည်း၊ ငရုတ်သီးနှင့် ရောနှောပေါင်းစပ်မိသောအခါတွင်မူ ငရုတ်သီးနှင့်အတူ အထောင်းခံရလေတော့သည်။
လူတဦးသည် မိမိကိုယ်တိုင်က အပြစ်မရှိသော်လည်း၊ အကျင့်စာရိတ္တ မကောင်းသူ သို့မဟုတ် ဒုစရိုက်လုပ်သူနှင့် ရောနှောပေါင်းသင်းမိပါက ထိုသူတို့ ကျူးလွန်သည့် အမှု၏ နောက်ဆက်တွဲဒဏ်ကို အတူတကွ ခံစားရတတ်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။
ငရုတ်သီးနှင့်အတူ တဆုံတည်း ကျခါမှ ကြက်သွန်သည် အထောင်းခံရသကဲ့သို့ မသူတော်နှင့်ပေါင်းမှ မိမိပါ ဒုက္ခရောက်ရသည်။
ကြက်သွန်ချည်းနေ အကောင်းသား၊ ငရုတ်သီးနှင့်ပေါင်းမှ အထောင်းခံရဟူ၍လည်း အသုံးရှိသည်။
"If you lie down with dogs, you will get up with fleas"
ခွေးများနှင့်အတူ အိပ်စက်လျှင် လှေးများကပ်ပါလာမည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment