ဖြန့် ဝန်း နှံ့ ဆင်
ငွေမှင်ရည် မြ ဆွေရှင် သီတ
စန်း လ ပုဏ္ဏမီ မှုန်ရီ ပြာ လဲ့
သိုင်းဖွဲ့ဖွဲ့ ဝေဝေစီ နဝင်းလ သင်္ခါညီ
ပင်ထက်ဟိုဆီ ဘယ်ရေးကိုဆိုသည်
နွေတေးရှင် ငှက်မောင် တကိုယ်ရည်
လွမ်းတေးကို သူပင်သီရော့မည်
ရော်ရည်မှန်းဆသည်
အိပ်မက် ဆန်တဲ့
နွေညပန်းချီ နွေညပန်းချီ
နှင်းမြူရိပ်ကို မြင်လျှင်
အမှတ်မထင် ဝေဝေဝါး
ဘဝပမာ လေလား
တင်စားမိသည် ဆီးတားကာဝှက်
လရက်နာရီ ချိန်မီရီ
အုံ့ကာဆိုင်းလို့မပီ တပိုင်းပြယ်လွင့်
နွေ အဖွင့်သို့ လေသင့်ရာလျောမျော
ရွှေ ရင့်လွှာသိင်္ဂီ
ပင်ထက်ဟိုဆီ ဘယ်ရေးကိုဆိုသည်
နွေတေးရှင် ငှက်မောင် တကိုယ်ရည်
လွမ်းတေးကို သူပင်သီရော့မည်
ရော်ရည်မှန်းဆသည်
အိပ်မက် ဆန်တဲ့
နွေညပန်းချီ နွေညပန်းချီ
နှင်းမြူရိပ်ကို မြင်လျှင်
အမှတ်မထင် ဝေဝေဝါး
ဘဝပမာ လေလား
တင်စားမိသည် ဆီးတားကာဝှက်
လရက်နာရီ ချိန်မီရီ
အုံ့ကာဆိုင်းလို့မပီ တပိုင်းပြယ်လွင့်
နွေ အဖွင့်သို့ လေသင့်ရာလျောမျော
ရွှေ ရင့်လွှာသိင်္ဂီ
လွမ်း မော သီ က ရီ
မေ့မရလေပြီ
ဂိမ္မာန်ခါတွင်းမီ
ဆောင်းရက်ကြွင်းသည့်နှယ်
နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်
ကမ္ဘာကုန် ကျယ်သရွေ့ဝယ်
ကမ္ဘာကုန် ကျယ် သရွေ့ဝယ်
လွမ်း ရ မည်
သံသာဝဲ ရစ်တွဲနှောင်ချည်
နွေရတု ခုမိန်ဆီ ညောင်းရွက်ဝါတို့
ဆန်ရင်ပြောင်း ကျယ်ကောင်းလေသော
စိတ်ဇော မနသီ မည်
ဆို ရေနံ့သာစိုးလှိုင်
https://www.facebook.com/100024070881343/videos/pcb.1710045557002604/2063638220885625
ဒေါက်တာတင့်ဆွေ

Comments
Post a Comment