နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁) * လက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တပြန်လောင်းသော်၊ ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သား၊ တောင်မြင်းမိုရ်ရှိ၊ ဂုဏ်ကြီးဘိသည်၊ မွေးမိဘခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတဆူ၊ ဂုဏ်လုံးသွင်း၊ စိတ်ကထင်လျက်၊ ဦးတင်လက်ထား၊ အစားအစာ၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ မွေးကျွေးကြပေ၊ တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစသည်၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(၂) အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှုတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့၊ မှတ်ပါလေ။
(၃) ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂရုဓမ္မ၊ ပကာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက၊ မသင့်ချေ။
(၄) ပေါက်ဖော်သားချင်း၊ တဝမ်းတွင်းမှ၊ အရင်းအနှစ်၊ ဖွေစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အတုံဖြစ်က၊ ချစ်ကြလေ။
(၅) သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အင်းကြီးငယ်၊ ယှဉ်ခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။
(၆) ရှေးကစွန့်ကြဲ၊ ကံရင်းနဲ၍၊ ဆင်းရဲခဲ့တုံ၊ ကိုယ်မလုံ၍၊ သူ့ဂုဏ်ပိုင်ပိုင်၊ မဆင်နိုင်သော်၊ ကိုယ်တိုင်သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊ ဘုရားဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။
(၇) တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ။
* တတောင်တထွာ၊ ပြန်အထားဖြင့်-ဟုလည်း မူကွဲရှိသည်။
တပြန်လောင်း
တောင်မြင်းမိုရ်
တဆူ
တထွေ
တဝမ်းတွင်း
တယောက်
တတောင်တထွာ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment