Skip to main content

မုန့်ဟင်းခါး

 မုန့်ဟင်းခါး
မြန်မာ့ရိုးရာ ငါးစွပ်ပြုတ် ဟင်းလျာတမျိုး ဖြစ်ပါသည်။ ၎င်းကို ဆန်လှော်မှုန့်ဖြင့် ပျစ်ပျစ်နှစ်နှစ်ရှိသော မွှေးပျံ့သည့် ဟင်းရည်ဖြင့် ပြုလုပ်ပြီး အများအားဖြင့် ငှက်ပျောအူ၊ ဘဲဥပြုတ်နှင့် အမွှေးအကြိုင်များဖြင့် တွဲဖက်သုံးဆောင်ကြပါသည်။ 
အဓိက ပါဝင်ပစ္စည်းများမှာ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငပိနှင့် ငံပြာရည်တို့ ဖြစ်သည်။ 
၎င်းကို မြန်မာနိုင်ငံတဝန်းတွင် နံနက်စာအဖြစ်သော်လည်းကောင်း၊ အဆာပြေစာအဖြစ်သော်လည်းကောင်း နှစ်သက်စွာ စားသုံးကြပါသည်။
ပါဝင်ပစ္စည်းများ
ဟင်းရည်အတွက်
• ငါးခူ - ငါးခူအကောင်ကြီး ၁ ကောင် သို့မဟုတ် ငါးအသားလွှာ (၂-၃ ပေါင်ခန့်)၊ ရေစင်အောင် ဆေးထားပါ။ (ငါးကြင်း၊ ငါးခူနဲ့ အခြား ငါးတွေသုံးကြပါတယ်)
• စပါးလင် - ၃-၄ ပင် (အောက်ခြေပိုင်းကို ထုထားပါ)။
• ဂျင်း - ၂ လက်မခန့် (ဓားပြားရိုက်ထားပါ)။
• ကြက်သွန်နီ (သို့မဟုတ်) ကြက်သွန်နီအသေး - ၆-၈ လုံး (နုပ်နုပ်စဉ်းထားပါ)။
• ကြက်သွန်ဖြူ - ၁၀-၁၂ တက် (ညက်နေအောင် စဉ်းထားပါ)။
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း။
• ငပိ - ထမင်းစားဇွန်း ၁-၂ ဇွန်း (မီးကင်ထားပါ)။ (တချို့က မထည့်ပါ)
• ငရုတ်သီးမှုန့် - ထမင်းစားဇွန်း ၁-၂ ဇွန်း (အစပ်ကြိုက်ပါက ထည့်နိုင်သည်)။
• ဆန်လှော်မှုန့် (သို့မဟုတ် ပဲမှုန့်လှော်) - ထမင်းစားဇွန်း ၃-၄ ဇွန်း။
• ရေ (သို့မဟုတ် ငါးပြုတ်ရည်) - ၂ လီတာ။
• ငံပြာရည် - အချိုအငန် အနေတော်။
• ငရုတ်ကောင်းမှုန့် - အနည်းငယ်။
တွဲဖက်စားသုံးရန်နှင့် အုပ်ရန်
• မုန့်ဟင်းခါးဖတ် - (ရေဆေးပြီး အသင့်ပြင်ထားပါ)။
• ဘဲဥပြုတ် - (ထက်ခြမ်းခြမ်းထားပါ)။
• ငှက်ပျောအူ (သို့မဟုတ် ပဲပင်ပေါက်) - စိတ်ကြိုက်ထည့်နိုင်ပါသည်။
• ကြက်သွန်ဖြူ/နီ ဆီချက် - အနည်းငယ်။
• သံပရာသီး - စိတ်ကြိုက်။
• နံနံပင် - လတ်လတ်ဆတ်ဆတ်။
• အကြော်စုံ - (ငါးဖယ်ကြော်၊ ဗူးသီးကြော်၊ ပဲကပ်ကြော် စသည်ဖြင့်)။
ဒေသအလိုက် မုန့်ဟင်းခါးတွေကတော့…
ရန်ကုန်မုန့်ဟင်းခါး
မန္တလေးမုန့်ဟင်းခါး
ပုသိမ်မုန့်ဟင်းခါး
ဘိုကလေး မုန့်ဟင်းခါး
ဟင်္သတမုန့်ဟင်းခါး
ဖျာပုံမုန့်ဟင်းခါး
အင်းလေးမုန့်ဟင်းခါး
တောင်ငူမုန့်ဟင်းခါး
ကရင်မုန့်ဟင်းခါး
ထားဝယ်မုန့်ဟင်းခါး
ရခိုင်မုန့်ဟင်းခါး (မုန့်တီ)
ဝါးခယ်မမုန့်ဟင်းခါး
တောင်တွင်းကြီးမုန့်ဟင်းခါး
ဒေသအလိုက် ချက်နည်း မတူတတ်ပါ။
သံပရာသီးခြမ်း၊ နံနံပင်၊ ငရုတ်သီးမှုန့်၊ အကြော်ကို သီးသန့်ပန်းကန်တွေနဲ့ ထားလေ့ရှိသည်။
တချို့က မုန်ဖတ်ကို ပဲမှုန့်၊ ဆီချက် စတာတွေနဲ့ သုပ်ပြီး၊ မုန့်ဟင်းခါးအရည်နဲ့ တွဲဖက်စားလေ့ရှိပါသည်။
စားအပြီးမှာ ဟင်းရည်ပူပူအနည်းငယ်သောက်တဲ့အလေ့လည်း ရှိပါသည်။
အငန်ဓါတ် အနည်းအများကို သွေးတိုးရှိသူများ သတိထားရပါမယ်။
ပုံအတွက် ကျေးဇူး။
စားကောင်း၊ ရောင်းကောင်း၊ ကျွေးကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ