Skip to main content

ဝါဂီနစ်




မြန်မာသဘင်ပညာရှင် အဖွဲ့ချုပ်

(ဒဂုန်ပ ဦးဘတင်)

ဝါဂီနစ်

(၄-၁၀-၄၉-ရက်နေ့ညက ဂး ၃၀-နာရီအချိန်)

ဝါဂီနစ်ဖွဲ့၏ ဥက္ကဌ အဖြစ်

အသံလွှင့်ချက်။

“မြန်မာသဘင် ကြာခြည်လှစ်သလို၊ ရာဇဝင်နာမည် သစ်စေဘို့၊ ဝါဂီနစ်ယ်လို့ ဖွဲ့စည်းကာ”။ “ကျွန်တော်တို့ ဝါဂီနစ်အဖွဲ့ချုပ်ကြီးကို ဟိုလွန်ခဲ့တဲ့ ၁၃၀၈-ခုနှစ်က စပြီး သွားရှာလေသူ ဝန်ကြီး ဒီးဒုတ် ဦးဘချိုကိုယ်တိုင် ဖွဲ့စည်း ပေးခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ရှစ်ပါးသီလ ခံယူတဲ့ အခါ၊ ရှောင်ကြဉ်ကြရန် ဖြစ်တဲ့ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း ဆိုတဲ့ နစ္စ၊ ဂီတ၊ ဝါဒိတ သိက္ခာပုဒ် (၃) ခုကို ဝါဒါသီလိဋ္ဌ ဖြစ်စေခြင်းငှါ ဝါဂီနစ် လို့-အတိုချုပ် သုံးတဲ့ ခေတ်မှာ အတိုချုပ် နာမည် ပါဘဲ။ အရှည် ကတော့ မြန်မာသဘင် ပညာရှင် အဖွဲ့ချုပ်၊ အတို ကတော့ ဝါဂီနစ် ပေါ့ဗျာနော်။

“ပြည်နယ်ကနက်မှာ၊ အသရေမနုတ်ရန်ဘို့၊ ရည်ရွယ်ချက်တွေ အခြေလုပ်ထားကာ၊ ရွှေထုပ်ပါတဲ့ မြပုဝါလို”။ ကျွန်တော်တို့ အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ (၁၀) ချက် ရှိပါတယ်။ အဲဒီအထဲမှာ တဦးနဲ့ တဦး ညီရင်း အစ်ကို၊ မောင်ရင်းနှမထူ ပေါင်းသင်း ဆက်ဆံကြရမယ်။

စီးပွားရေးမှာလဲ၊ ကူညီ ယိုင်းပင်း ကြရမယ်။ မြန်မာ သဘင်ပညာကို နိုင်ငံခြားအရောက် ထွန်းကားပြန့်ပွားဘို့ ကြိုးစားရမယ်။ သဘင် ဆိုတဲ့ သုခုမ အနုပညာနှင့် တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ရမယ်။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီး သွေးစည်းကြရမဲ့ ဇာတ်လမ်းများကိုသာ ကပြကြရမယ်ဆိုတဲ့ ရည်ရွယ်ချက် တွေပါရှိပါတယ်။ ဒါကြောင့်၊ (ရွှေထုပ်ပါတဲ့ မြပုဝါလို) သခင်နုပြသမျှ အစဉ်အလာမှာ၊ သဘင်သုခုမပညာဟာ လက်နက်တပါးရယ်လို့ ထက်သထက် ထက်တဲ့ ဒုံးဟား သည့်ထက်ထုံးပါတဲ့၊ ပြည်လက်သုံးကို၊ သေးငယ်သည် ဟု ဘေးဖယ်ကာ မထား……)

အမျိုးရယ်၊ ခလေးရယ်၊ သဘင်သယ် ရယ်လို့ အယူတော် မင်္ဂလာစကား အတိုင်း သဘင်သယ်တွေဟာ အတိတ်ဆောင်တဲ့ နိမိတ်မောင်မယ်များ ဖြစ်ကြပါတယ်။ ဒါကြောင့်လဲဘဲ၊ သဘင်သယ်တွေကို၊ ဖယ်မထားနိုင် တော့တဲ့ ဝန်ကြီးချုပ် သခင်နုရဲ့ တနှစ်အတွင်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်လုပ်ရမဲ့ တာဝန် ဝေခွဲမှု (၁၆) ခုမှာ နံပါတ် (၁၅) မှာ ထည့်ထားပါတယ်။ “ကိန်းခမ်းသာကွယ်၊ ငြိမ်းချမ်းစရာ ထာဝစဉ်ရှုပြီးတော့၊ ကျွန်တော်တို့ရဲ့တာဝန်

ဝါဂီနစ် တခုဘဲရယ်လို့ သခင်နု ပြသမျှအမှု ထင်ရှားစေဘို့၊ ကျွန်တော်တို့ သဘင်သုခုမ အနုပညာရှင်များအား…… လှစ်လျှူ ရှုထားပေမဲ့၊ ကျန်တဲ့တာဝန်ကို ထမ်းခဲ့ပါတယ်ခင်ဗျား-ဟ-ဟ-ဟာ-အား၊ သခင်နုစီစဉ်တဲ့ ငြိမ်းချမ်းရေးကိုဖြင့် တနှစ်မပြည့်ခင် မပျက်မကွက် ဆက်ဆက်ကြီး ရကြပါစေသား ဟာ-ဟာ-ဟာ-အား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ