(၁)
ငါသာ ငါထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်း တိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ပညာရှိက၊ သတိရလိမ့်
လကို နှုန်းထွေ၊ နေကို နှုန်းသင့်
မြေနှင့်ပမာ ကျင့်အပ်စွာ၏…
(ရှင်မဟာသီလဝံသ)
(၂)
ငါနှင့် ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
စိတ်ကျန်းမာန်လျှော့၊ ကျွန်ကန်တော့၏…
(ရှင်မဟာရဌသာရ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment