ကွန်မင့်
ကျေးခြေ
ကျီးခြေ
ဒေါင်းခြေ
ဂျိုးခြေပါ
ချိုးခြေထောက်
ကျီးခြေ၊ ဒေါင်းခြေဟုခေါ်ပါသည်။
ကျီးခြေဖြစ်ပါမယ်။
ကျီး – န / ကျီး / ၁။ လူယက်ခိုးဝှက်စားတတ်သော ငှက်နက်တမျိုး။ (အိမ်ကျီး၊ တောကျီး ပြားသည်။) ၂။ ကာကတောရာ။ “ကျီးဗျိုင်းတံငါ၊ ဟင်္သာချိန်စင်၊ ဆင်မြင်းတသွန်၊ ဗျုဇွန်လိပ်မျိုး။” သာဓိ* ၄၀။။
ကျီးကန်း – န / ကျီးဂန်း / ကျီးငှက်။။
ကျီးကန်းတောင်းမှောက် – ကြိဝိ / ကျီးဂန်းတောင်းမှောက် / ထိတ်ထိတ်ပျာပျာ။။
ကျီးကန်းပါးစပ် – န / ကျီးဂန်းဗလတ် / ၁။ လူ့ ပါးစပ်အစွန် နှစ်ဘက်တွင် ကွဲ၍ ဖြူနေသောနေရာ။ ၂။ ယင်းနေရာတွင် ဖြစ်တတ်သော အနာ။။
ကျီးခြေ – န / ကျီးဂျေ / ၁။ သစ်သားတွင် ရိုက်နှက်ကုပ်တွယ်ရန် ပစောက်သဏ္ဌာန် ကုပ်ထားသော အဖျား နှစ်ဘက်ချွန် သံချောင်းသံနန်း။ “သံနွယ်သံမျှော၊ အလျော့အတင်း၊ သံကွင်း
ကျီးခြေ။” သာဓိ* ၅၉။ ၂။ ပစ္စည်းတင်စရာ အခုအခံ ခုံတမျိုး။ “ကျီးခြေတင်အမြောက်။” မှန်၊ ဒု။ ၂၂၀။ ၃။ မြက်တမျိုး။ “နေရာကျီးခြေ၊ ညွှန့်ဝေဝေ၊ ညွှန့်စီစီ။” နေကန်။ ၇။ ၄။ အရိုးနီသော ဟင်းရွက်ပင်တမျိုး။။
ကျီးခြေနွယ် – န / ကျီးဂျေနွယ် / ကျီးနီနွယ်ဟူ၍လည်း ခေါ်သော နွယ်ပင်ကြီးတမျိုး။။
ကျီးခြေမီးစာ – န / ကျီးဂျေမီးဇာ / ၁။ ထွန်းညှိရန် မီးစာတပ်ထားသော သုံးချောင်းထောက်တိုင်။ ၂။ အခြေတွင် သုံးမြှောင့်ကွဲလျက်ရှိသော ဆီမီးခွက် မီးစာ။။
ကျီးစောင့်ကြက်နှင် – န / ကျီးစောင့်ကျက်နှင် / အသေး အဖွဲအလုပ်။ သေးနုပ်သော အလုပ်။ သေးနုပ်သော အခြေအနေ။ အလုပ်မည်မည်ရရ မလုပ်နိုင်သော်လည်း အဖော်ရရုံထားခြင်း။။
ကျီးနိုး – န / ကျီးနိုး / အရုဏ်တက် နံနက်စောစောအချိန်။။
ကျီးပေါင်း – န / ကျီးဗောင်း / ၁။ သစ်ပင်တွင် တွယ်ကပ်ကြီးပွားတတ်သော ချုံပင်တမျိုး။ “ပယ်ထိုက်ရန်ညောင်း၊ မစည်ကောင်းသည်၊ ။ကျီးပေါင်းသစ်ပင် ပမာတည်း။” ပြည်စုန်* ၆။ ၂။ အရိုးအသား စသည်တို့ တွင် ဖြစ်ပေါ်လာသော အဖုအထစ်။။
ကျီးပေါင်းတက် – ကြိ / ကျီးဗောင်းတက် / အရိုး၊ သစ်ပင်စသည်တို့ ၌ အဖုအထစ် တိုးပွားလာသည်။။
ကျီးပြို – ကြိ / ကျီးဗျို / ညအခါ ကျီးများ ထိတ်ထန့်လန့်လန့် အော်မြည် ပျံသန်းသည်။။
ကျည်း¹ – န / ကျီး / တခုခုတွင် လျှိုတပ်ရသော အချောင်းအတံ။ တံကျည်း။ “သတိကျည်းနှက်၊ တံခါးရွက်ကို၊ လက်ဝီရိယ၊ မင်းတုပ်ချသို့။” သစ္စာ* ၁၁၃။။
ကျည်း² – န / ကျည်း / တွဲလွဲကျသော ညှာတံတွင် ပွင့်သီးသော ပင်လတ်တမျိုး။ (ရေကျည်း၊ ကုန်းကျည်း၊ ကျည်းဖြူ၊ ကျည်းနီဟု အမျိုးပြားသည်။)။
ကျည်းကုလား – န / ကျည်းဂလား / ကျေးကုလား / အိန္ဒိယတောင်ပိုင်းသားတမျိုး။။
ကျည်းကွေး – န / ကျည်းဂွေး / ကျေးဂွေး / ပြာသာဒ်ဆောင်ထိပ်ပိတ် ပန်းထောင်တွင် အလျားလိုက် အဖုအဖောင်း ဆက်ကာဆက်ကာ လုပ်ထားသော ပန်းပုအပြောက်တမျိုး။။
ကျည်းခွေ – န / ကျည်းဂွေ / (မြေ ပြိုမကျအောင်) ရေတွင်း၏ စက်ဝန်းနှင့်အညီ ပြုလုပ်ခံထားသော သစ်သားခွေ၊ ဝါးခွေ စသည်။။
ကျည်းဇောင်း – န / ကျည်းဗောင် / တံခါးရွက် တပ်ဆင်ရန် သုံးဘက် သို့မဟုတ် လေးဘက်ပတ်လည် အနားခတ်ထားသော သစ်သားခွေ။။
ကျည်းဝန်း – န / ကျည်းဝန်း / ဘုရားစေတီတွင် ရံပတ်ပြုလုပ်ထားရသော အဆင့်တန်ဆာတမျိုး။။
ကျည်းသား – န / ကျည်းသား / အဖျားဘက်တို့ တွင် အနံလွှဲစေ့ ဖြတ်ထားသော တညှိခန့်ရှိတုတ်ချောင်းတို့။ (ကျည်းကလက် ဆန်ဟုလည်း ခေါ်သည်။) “တယောက်တပြန်၊ ကျည်းသားလှန်သို့။” ဘူလင်* ၃၀၈။။
ကျေး¹ – န / ကျေး / ၁။ ခရိုင်အတွင်း မြို့ မှအပဖြစ်သော လူနေအိမ်စု။ ရွာ။ “မြို့ နှင့်မဝေး၊ ငါတို့ ကျေး၊ ငွေကြေးတောင်းရမည်။” ကဝိသတ်* ၁၇၇။ ၂။ ခရိုင်။ စီရင်စု။ “စစ်ဦးသထုံ ကျေး၊ စပ်သို့ ရောက်၍ ပုဂံက ကြည်းတပ် မရန်သေး။” သာလင်။ ၉၄။ ၃။ နယ်ပယ်သမန်။ “မြတ်မွန်တည်ဘက်ရေး တို့ တိုက်ကျေး။” ဥပရာ* ၄။။
ကျေး² – န / ကျေး / ၁။ လူစကားကို တု၍ ပြောတတ်သော နှုတ်သီးကောက်ချိတ်ရှိသည့် ငှက်။ ကြက်တူရွေး။ (၁။ ဖောင်းကား ၂။ တမာ ၃။ ကျေးသန္တာ ၄။ ကျေးဝါ ၅။ ကျေးကျုတ် ၆။ ကြက်တော ၇။ ကုလား ၈။ ကျေးပုဏ္ဏားဟု ကျေးမျိုးရှစ်ပါး ပြားသည်။) “တမာလည်းနု၊ ကျေးလည်းဥ။ တမာလည်းသီး၊ ကျေးလည်းကြီး။ တမာလည်းရင့်၊ ကျေးလည်းလွင့်။” ပုံ။ ၂။ ငှက်အမျိုးမျိုးကို ခြုံ၍ ခေါ်သော အမည်။။
ကျေးကုလား – န / ကျေးဂလား / ဦးခေါင်းညိုမှိုင်းသော ကြက်တူရွေးကြီးတမျိုး။။
ကျေးကျုတ် – န / ကျေးဂျုတ် / လည်ပင်းတွင် အနီရစ်ပါသော ကြက်တူရွေးအငယ်မျိုး။ “နှုတ်သီးသန္တာ၊ ကိုယ်စိမ်းဝါနှင့်၊
တမာဘောင်းကား၊ ကုလား ကျေးကျုတ်၊ မြည်းကြုတ်ကြုတ်တိ။” မဃ* ၄၄ဂ။။
ကျေးခြေကွန်ရက် – န / ကျေးဂျေဂွန်ယက် / ကျိုးဂျေဂွန်ယက် / ကြက်တူရွေး၏ခြေသဏ္ဌာန် ရက်လုပ်ထားသော ပိုက်ကွန်။။
ကျေးငှက် – န / ကျေးငှက် / ငှက်အမျိုးမျိုးကို ခြုံ၍ ခေါ်သောအမည်။ “ရရံတောယံ၊ ဥဩကျေးငှက်၊ ယဉ်ဘက်မကွာ။” ဂီတာ* ၁၄။။
ကျေးစေတိုင် – န / ကျေးဇေတိုင် / ၁။ အိမ်တော် နန်းတော်တို့ ၌ တပ်ဆင်စိုက်ထူရသော ပွတ်လုံးတိုင်တမျိုး။ ၂။ လှေကြီးများတွင် လွှဲထားသော ရွက်တိုင်တင်ရန် တန်းထိုးထားသည့် တိုင်နှစ်တိုင်။။
ကျေးစုတ် – ကြိ / ကျေးစုတ် / ကျေးဇူးကန်းသည်။။
ကျေးဇူး – န / ကျေးဇူး / ၁။ သူတဦးက သူတဦး အပေါ်တွင် ပြုအပ်သော ကောင်းမှု။ ဥပကာရ။ “တလုပ်စားဖူး၊ သူ့ ကျေးဇူး။” ပုံ။ ၂။ ကောင်းသောအရေးအရည်အချင်း။ အစွမ်းသတ္တိ။ ဂုဏ်။ “အကြားအမြင်များသော ကျေးဇူး ၌ ကြိုက်နှစ်သက်တော်မူ၍။” ပါရာ။ ၁၄၆။ ၃။ ကောင်းကျိုး။ အကျိုး။ “တကမ္ဘာ၍၊ ကျေးဇူး များကြောင်း၊ ထပ်ကာလောင်းလျှင်။” ပြည်စုန်* ၇။။
ကျေးဇူးကန်း – ကြိ / ကျေးဇူးဂန်း / သူတပါး၏ ကျေးဇူးကို မသိမမြင် သတိမရဖြစ်သည်၊ ပြုဖူးသော ကျေးဇူးကို မထောက်မထားပဲ ပြောဆိုပြုမူသည်။။
ကျေးဇူးခံကျေးဇူးစား – န / ကျေးဇူးဂန်ကျေးဇူးဇား / သူတပါးပြုသော ကျေးဇူးကို ခံယူသူ။။
ကျေးဇူးတင် – ကြိ / ကျေးဇူးဒင် / ၁။ သူတပါးက ပြုသော ကျေးဇူးကို အောက်မေ့ချီးကျူးပြောဆိုသည်။ “ကျေးဇူးမတင် လင်မရ။” ပုံ။ ၂။ သူတပါးပြုသော ကောင်းမှုအကြွေးသည် မိမိအပေါ်၌ တင်ရှိသည်။ “ပစ္စည်းလေးပါး သင်္ဂြိုဟ်၍ ကျေးဇူးတင်သော ဒါယကာတို့ကို တရားဟောခြင်းဖြင့် ဆပ်လေကုန်။” ပါရာ။ ၁၂။။
ကျေးဇူးပြု¹ – ကြိ / ကျေးဇူးဗျူ / စောင့်မကြည့်ရှုသည်။ ထောက်ထားငဲ့ညာသည်။ “အဆွေရခဲ့သော ငှက်ပျောသီးကို ငါ၏ အုန်းသီးနှင့် ကျေးဇူးပြု၍ လဲလှယ်ပါရစေ။” သတ်ကြီး။ ၈၇။။
၆။ ကျေး - စာမျက်နှာ ၃ (Screenshot 2026-05-26 215650.png)
ကျေးဇူးပြု² – ကြိ / ကျေးဇူးဗျူ / အကျိုးဖြစ်ထွန်း စေသည်။ “သစ်မြစ်သစ်ဥ ပင်စည် စသည်တို့ အား ကျေးဇူးများ၏။ ကျေးဇူးပြု၏။” ပဋိစ္စပွင့်။ ၄၆၆။။
ကျေးဇူးရှိ – ကြိ / ကျေးဇူးရှီ / ၁။ အကျိုးရှိသည်။ ၂။ သူတပါးပြုသောကျေးဇူး သက်ရောက်သည်။။
ကျေးဇူးရှင် – န / ကျေးဇူးရှင် / ကျေးဇူးပြုသောသူ။။
ကျေးတမာ – န / ကျေးတမာ / ဦးခေါင်းပန်းရောင် နှုတ်သီးဝါကြန့်ကြန့်အဆင်းရှိသော ကြက်တူရွေးတမျိုး။။
ကျေးတော – န / ကျေးဒေါ / ရွာငယ်။ ဇနပုဒ်။ မြို့ မှဝေးခေါင်သော အရပ်။။
ကျေးနှုတ် – န / ကျေးနုတ် / ကျိုးနုတ် / ၁။ သစ်ပင်တမျိုး။ “ခပေါင်း ကျေးနှုတ်၊ မျောက်လုပ်တည်သီး။” မြား* ၃၉။
၇။ ကျေး - စာမျက်နှာ ၄ (Screenshot 2026-05-26 215926.png)
၂။ ကြက်တူရွေး နှုတ်သီးကဲ့သို့ ကောက်ချိတ်သော အရာ။ “ထွက်ပြား ကျေးနှုတ်ကျွေးကျွေးဆုတ်သည်စိတ္တကုဋ်တောင်။” ဟံသာ* ၉။။
ကျေးနှုတ်သီး – န / ကျိုးနုတ်သီး / သံနှုတ်ကိရိယာ။
(ပုံ - ကျေးနှုတ်သီး ပုံတန်ဆာ)
ကျေးဖောင်းကား – န / ကျေးဗောင်းဂါး / အနီရောင် လည်ရစ်ရှိသော ကြက်တူရွေးကြီးတမျိုး။။
ကျေးမြီး – န / ကျေးမျီး / ၁။ ကြက်တူရွေး၏ အမြီးပုံဖြစ်သော အရွက်ထွက်စပေါ်စ ထန်းပင်ငယ်။ “ကျေးမြီး လက်မြှောက်၊ ဆင်ခြေပေါ်က။” မဃ* ၄၂၂။ ၂။ ပရဆေးပင်တမျိုး။ (အဖို အမ ရှိသည်။)။
ကျေးရွာ – န / ကျေးဝွာ / လူနေရပ်ရွာ။ တောရွာ။။
ကျေးလက် – န / ကျေးလက် / မြို့ နယ်တွင် ပါဝင်သော ရွာ။ “ကိုးသိန်း ကျေးလက်၊ တုတ်ခွန်ဆက်၍။” မဃ* ဂ၅။။
ကျေးဝါ – န / ကျေးဝါ / ကြက်တူရွေးတမျိုး။။
ကျေးသား – န / ကျေးသား / ကြက်တူရွေးငှက်။ “သုဝ ကျေးသား၊ ကုလားတမာ။” ဂီတာ* ၅၁။။
ကျေးသန္တာ – န / ကျေးသန်ဒါ / နှုတ်သီးနှင့်မြီးထူးနီ၍ ရင်ပုံတွင် အပြာကွက်ရှိသော ကြက်တူရွေးငယ်တမျိုး။ ကျွမ်းထိုးငှက်။။
ဒေါက်တာတင့်ဆွေ








Comments
Post a Comment