ကွန်မင့်တခု = တချို့အလွဲလေးတွေကို ၏ သည် မရွေး လိုက်မထောက်ဖို့ မေတ္တာရပ်ခံပါတယ်။ ဥပမာ...အခု ဒေါက်တာရဲ့စာထဲက "ဝန်ကြီးချပ် ဆိုတာ ဘာကိုပြောမှန်းမသိပါ" လို့ ဒေါက်တာရေးလေ့ပြောလေ့ရှိသလိုမျိုး
ပြန်စာ
ကျွန်တော်စာရေးတိုင်း ပြန်ပြန်ပြင်ရလေ့ရှိတယ်။
"အမှားမပါ ဒေါက်တာတင့်ဆွေမဟုတ်" လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပါတယ်။
ကျနေ၊ ကျန်နေတာ သိရင် အကုန်လိုက်ပြင်တယ်။ မပြင်ရသေးတာတွေလည်း ရှိဦးမယ်။
ထောက်ပြတယ်ဆိုတာ တလုံးတလေ နေပါစေ မဖြစ်သင့်။
စာရေးတာ၊ ပုံနှိပ်တာ အမှားကင်းတာ အတော်ရှားတယ်။
ပညာရှင်တွေအများကြီးနဲ့ ထုတ်ထားတဲ့ မြန်မာ့စွယ်စုံကျမ်းမှာလည်း အမှားပြင်ဆင်ချက် ထည့်ရတယ်။
"ခြောက်ပြစ်ကင်း သဲလဲစင်" မရှိသလောက် ရှားတယ်။ ဒါပေမဲ့ ဖြစ်နိုင်သလောက် ကြိုးစားကြတယ်။
"အတန်အသင့်တော်အောင် ကြိုးစားပါ" ဆောင်ပုဒ် မရှိပါ။
"နည်းနည်းမှားတာ ထားလိုက်ပါ" မရှိသင့်ပါ။
ခြောက်ပြစ်ကင်း သဲလဲစင် = အပြစ်လုံးဝကင်းသောအဖြစ်။
ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ကာ နဂိုရည်အတိုင်းပင်ရှိခဲ့သည်။ ချစ်စို့။ ၂၂၂။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment