Skip to main content

မြန်မာစာ အမြုတေ

လှသမိန်

အုပ်ရေ ၃၀၀၀

၁၆-၂-၆၇

အဘိုးနှုန်း ၃-ကျပ်

ပုံနှိပ်သူ – ဒေါ်မေဦး (မြ-၀၅၅၆)

သူဇာပုံနှိပ်တိုက်

၁၄၁၊ ၃၁-လမ်း၊ ရန်ကုန်မြို့။

ထုတ်ဝေသူ – ဒေါ်ခင်ခင် (မြ-၀၄၃၈)

ပညာအလင်းပြစာအုပ်တိုက်

နတ်တလင်းမြို့။

ဖြန့်ချိဌာန – ပညာအလင်းပြစာအုပ်ဆိုင်

၁၃၀-ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့။

၁။ အဓိပ္ပာယ်လျော့စေသောပစ္စည်း စကားလုံးများ (image_1633e4.jpg)

၂။ အဓိပ္ပာယ်လျော့စေသောပစ္စည်း စကားလုံးများ


မြန်မာကြိယာစကားလုံးများတွင် အဘိပ္ပာယ်ကို လျော့လျော့စေရန် စကားပိုပစ္စည်းစကားများဆက်၍သုံးလေ့ ရှိလေသည်။ ထိုသို့သောစကားလုံးကို နှစ်လုံးပွား၍ နောက်မှဆက်တွဲသုံးလေ့ ရှိ၍ စကားလုံးတခုအတွက် သီးခြားပစ္စည်းစကားတမျိုး၊ သို့မဟုတ် နှစ်မျိုး၊ သုံးမျိုးစီ သီးသန့်တွဲစပ်သုံးနှုန်းလေ့ ရှိလေသည်။ စကားလုံးအားလုံးအတွက် ပစ္စည်းစကားတမျိုးတည်းကို မသုံးစွဲနိုင်ကြပေ။ သုံးစွဲလေ့ ရှိသော စကားလုံးအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

ညို — စို့စို့၊

ယောင် — ယောင်းယောင်း၊

စောင်း — စောင်းစောင်း၊

အဲ — အဲအဲ၊

ပြုံး — ပြုံးပြုံး၊

ခါး — သက်သက်၊

စိမ်း — မြမြ၊

စို — ရွဲရွဲ၊ ရွှဲရွှဲ၊

ဆိမ့် — အိမ့်အိမ့်၊

ဖန် — တုတ်တုတ်၊

နီ — ပန်းပန်း၊ ဖျော့ဖျော့၊

ဝါ — ဖျော့ဖျော့၊

ပြာ — လဲ့လဲ့၊

ညို — မှိုင်းမှိုင်း၊

လန်း — လွင်လွင်၊

နက် — မှောင်မှောင်၊

အေး — မျက်မျက်၊ မြမြ၊

သင်း — ပျံ့ပျံ့၊

ယဉ် — စစ၊

မည်း — ရှမ်းရှမ်း၊

စပ် — ထိန်းထိန်း၊

မြိန် — ပျပျ။

အဓိပ္ပာယ်ကို လျော့လျော့စေ ရာတွင် (တ)နှစ်လုံး သို့မဟုတ် ပေါင်းစပ်ခြင်းဖြင့်လည်း ဆိုင်ရာပစ္စည်းစကား ရှာဖွေရသည့်အခါ အလွယ်တကူ သုံးနှုန်းနိုင်လေသည်။ အထောက်အထားအချို့မှာ အောက်ပါအတိုင်းဖြစ်လေသည်။

နီ — တိတိ၊

ပြာ — တာတာ၊

ချို — တိုတို၊

အေး — တေးတေး၊

လှ — တတ၊

စို — တိုတို၊

ယဉ် — တဉ်တဉ်၊

ဖြူ — တူတူ။

၂။ အဓိပ္ပာယ်တိုးစေသောပစ္စည်း စကားလုံးများ 

၃။ အဓိပ္ပာယ်တိုးစေသောပစ္စည်း စကားလုံးများ

တခါတရံတွင် စကားလုံးဆက်ခြင်းဖြင့် အဘိပ္ပာယ်သည် လျော့လျော့မသွားဘဲ ပိုလွန်စေသည့် ပစ္စည်းစကားလုံး များလည်း ရှိလေသည်။ ထိုစကားလုံးအချို့မှာ အောက်ပါအတိုင်းဖြစ်လေသည်။

နီ — တုတ်တုတ်၊ ရဲရဲ၊ တာတာ၊

ပြာ — မှိုင်းမှိုင်း၊

နက် — ကျွတ်ကျွတ်၊

ဖြူ — ဆွတ်ဆွတ်၊ ဖွေးဖွေး၊

ညို — မှောင်မှောင်၊

ချဉ် — စုတ်စုတ်၊

ခါး — ရဲရဲ၊

ခါး — တောက်တောက်၊

ဖန် — စုစု၊

ဝါ — ထိန်ထိန်၊

ပူ — ယားယား၊

အေး — ဟောင်းဟောင်း၊

အေး — စက်စက်၊

မည်း — ဝင်းဝင်း၊

နှေး — တုံတုံ၊

စို — စိုစို၊

အိ — မင်းမင်း၊

ဟိ — လျလျ၊

တုန် — ချိချိ၊ ခွဲခွဲ၊

ကြည် — တည်တည်၊

ပြုံး — တီးတီး၊

စိမ်း — တိမ်းတိမ်း၊

မှုန် — တုန်တုန်၊

လတ် — တက်တက်၊

ယော် — တော်တော်၊

ပါး — တားတား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ