၂။ ဝေဖန် ပဲထင်ပါတယ်
၃။ ဝေဖန် သို့ ဝေဘန် ဘယ်ဟာအမှန်ပါလဲဆရာ။
၄။ ဆရာ ဝေဖန် နဲ့ ဝေဘန် ဘယ်တခုက အမှန်ပါလဲရှင့်
ကျွန်တော် လေ့လာလို့ရသလောက် ဝေဘန်ရော ဝေဖန်ပါ သုံးကြပါတယ်။
ဖန်
ကုလားဖန်ထိုးသည်
ချိုချဉ်စပ်ငန်ဖန်ခါး
စကားဖန်ထိုးသည်
တရံတဖန်
ကြိမ်ဖန်များစွာ
ဖန်ခွက်
ဖန်ခါးသီး
ဖန်ခုန်ကစား
ဖန်ဆင်း (ဘန်ဆင်း)
ဖန်တီးသည်
ဖန်ဘူး (ဖန်ဗူး)
ဖန်မှန်
ဖန်ရည်စွန်းသင်္ကန်း
ဖန်ဝန်းနေခြည်
ကြည့်ဖန်များ
မျက်စိဖန်နေသည်
ဝါဖန်သည်
သုံးဖန်လှ (သုံးပန်လှ)
အဖန်ဖန်လုပ်သည်
အလုံးအဖန်ကောင်းသည်
အိပ်ဖန်စောင့်
ဝေဖန် (ဝေဘန်)
ဘန်
ဘန်ချည်ကြိုး
ဘန်တိုဘန်ရှည်
သတ္တရဘန်
ဝေဘန် (ဝေဖန်)
ခေါင်းဆောင်ကျင့်ဝတ် ခြောက်ပါး = ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု (ထောက်ရှု)၊ ဤခြောက်ခု၊ ကြီးသူကျင့်အပ်စွာ။
ပြောခဲ့တာတွေကလဲ စာပေဝေဖန်ရေးတို့ ကဗျာဝေဖန်ရေးတို့ဆိုတော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန် စာနာကြားသူ ပရိတ်သတ်ကို ငြီးငွေ့စေပါတယ်။ (မောင်စွမ်းရည်)
အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။ (မနာပဒါယီ အရှင်ဝိစိတ္တ)
ဝေ။ ။ ဝေငှ = (ဝေဖန်ခွဲခြား)။ ဝေဆာ = ဝေဝေဆာဆာ = (မြိုင်မြိုင်ဆိုင်ဆိုင်၊ စည်ကားပျံ့ပြောခြင်း)။ ဝေဝေထွားထွား = ထွားထွားဝေဝေ = (ကြီးကျယ်စည်ကားခြင်း)။ ဝေနေယျ = (ဆုံးမလွယ်ချွတ်ထိုက်သောသတ္တဝါ)။ ဝေဖန် = ဝေ ဖန် = (ခွဲခြမ်းစိတ်ဖြာခြင်း) = [ပိဘက်]။ ဝေဝုစ် = (ပရိယာယ်စကား၊ လဲလှယ်ခြင်း)။ ဝေစာဝေဓဇရှိသည်။ နှင်းဝေသည်။ မျက်စိဝေသည်။ ဝေလာမေတ္တာ၊ ဝေလမင်းသား၊ ဝေကျု၊ ဝေပု၊ နဝေပဝါ၊ ဝေလီဝေလင်း၊ ဝေသာလီပြည်၊ ဝေပုလ္လတောင်၊ ဝေလုသုမန၊ ဝေဒနာ၊ ဝေဟဗ္ဗိုလ်ဘုံ၊ ဝေဇယန္တာကျောက်၊ နန်းဝေဇယန်။ ဝေယန်ဘုံကျော်ကျောင်း၊ ဝေယျာဝစ္စ ဆောင်ရွက်သည်။ ။
ဝေ့။ ။ ဝေ့လည်လည်၊ ဝေ့လည်ကြောင်ပတ်၊ ဝေ့လည်ကြောင်ဝိုင်း၊ ဝေ့ဝိုက်ပြောသည်။ လေဝေ့သည်။ လေတဝေ့ဝေ့။
ဝဲ။ ။ ဝဲပဏ္ဍု = (အသီးအခြား) = [ပေါ]။ ဝဲရန် = (လှည့်ပတ်သည်) = [ပေါ]။ ဝဲဇောက်၊ ဝဲဂယက်၊ သံသရာဝဲ၊ စကားဝဲ၊ ဝဲရိုက်ဝဲသွင်း = (သုံးလုံးတပတ်စီတိုက်၍ စပ်သောလင်္ကာ)။ ဝဲလင်း = (ဝဲပျံခေါ်သောအဆိုး ဆင်စင်) = [ပေါ]။ ဝဲးကာပျံသည်။ ဝဲနာယားနာ၊ လက်ဝဲ၊ ဝဲဖက်ကစားသည်။
ဝေါ။ ။ ဝေါ = (အမိုးမပါသော မင်းစီးထမ်းစင်)။
ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၁၉

Comments
Post a Comment