Skip to main content

ဒုန်းဝေး ဒုံးဝေး

တင်ထားတဲ့စာ = ဒုံးဝေးသူတွေ မနည်းပါ

ကွန်မင့်တခု = စာပေအရေးအသားမှာ မသုံးပါဘူး စကားပြောသက်သက်ပါပဲ

ပြန်စာ

(၁)

ဝစ်ရှင်နရီ

ဒုံးဝေး =  တော်ရုံတန်ရုံနှင့်သဘောမပေါက်နိုင်ဖြစ်သည်။ နားဝေးသည်။

အထပ်ထပ်ပြောဟောပါလျက်ရွာသားတို့ကားဒုံးဝေးလှ၏။ သက်ရောက်။ ပ၊ ၄၂။

(၂)

"ဒုံးဝေးတဲ့ ကတုံးငအေး"(စ/ဆုံး) မင်းမော်ကွန်း၊ရွှေသမီး #မြန်မာဟာသကား M O V I E - ရုပ်ရှင်

(၃)

မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၂ (၁၉၇၉)၊ စာမျက်နှာ ၁၈၂။

ဒုန်းကြီး – န / ဒုန်းဂျိုး / ညှင်းလုံးသံစဉ် ညှို့ထားသော စောင်းကောက်ကြီး တဆယ့်သုံးကြိုးတွင် အပေါ်ကြိုး ရှစ်ကြိုး။

ဒုန်းချ – ကြိ / ဒုန်းချ / အလျင်အမြန်၊ မရပ်မနားပြေးသည်။

ဒုန်းစီး – ကြိ / ဒုန်းစီး / မြင်းကို ဒုန်းပြေးစေ၍ စီးသည်။

ဒုန်းစိုင်း – ကြိ / ဒုန်းစိုင်း / ၁။ မြင်းကို ဒုန်းစီးသည်။ “ဟိုမှာ လူတယောက် မြင်းဒုန်းစိုင်းလာနေတယ်။” ဂျုံ။ ၁၆၀။

၂။ အပြေးအလွှား အလျင်အမြန်သွားသည်။ “ကျောင်းဆင်းချိန်များတွင် အိမ်သို့ ဒုန်းစိုင်းပြန်လာကာ။” ဆန်း။ ၂၇။

ဒုန်းဆောင် – ကြိ / ဒုန်းဆောင် / အလျင်အမြန် မရပ်မနားပြေးသည်။

ဒုန်းတိုက် – ကြိဝိ / ဒုန်းဒိုက် / အလောတကြီး။ အပူတပြင်း။

ဒုန်းနွား – န / ဒုန်းနွား / အပြေးသန်သော နွား။

ဒုန်းမြင်း – န / ဒုန်းမျဉ်း / အပြေးသန်သောမြင်း။ ပြိုင်မြင်း။ “ပိတ်ဖွင့်၍ လွှတ်လိုက်သော ဒုန်းမြင်းကဲ့သို့။” ရွှေ၊ ဂ၊ ၉၃။ ၁၃၉။

ဒုန်းရိုက် – ကြိ / ဒုန်းယိုက် / နွား၊ မြင်း စသည်ကို ဒုန်းပြေးအောင် ရိုက်နှက်မောင်းနှင်သည်။

ဒုန်းလှည်း – န / ဒုန်းလဲ / လျင်မြန်စေရန် ပြုလုပ်ထားသော လှည်းယာဉ်တမျိုး။

ဒုန်းဝေး – ကြိ / ဒုန်းဝေး / ၁။ နားလည်မှု နည်းပါးသည်။ ၂။ ထုံသည်။ ထိုင်းသေသည်။ အသည်း။ “မင်းအတော် ဒုန်းဝေးပါကလား။” သုတ၊ ဒု။ ၅၆၉။

(၄)

စကားပြောသလိုစာရေးနည်း တွင်ကျယ်လာပါတယ်။ 

ဝတ္ထုတွေထဲမှာ ဇာတ်လိုက်တွေ စကားပြောခန်းကို စကားပြောသလိုရေးကြရတယ်။

ကာတွန်းတွေမှာလည်း စကားပြောသံအတိုင်း ရေးကြလေ့ရှိတယ်။

ဆိုရှယ်မီဒီယာမှာလည်း အတူတူ။

သီချင်းကိုလည်း စကားပြောသလို ဆိုကြရတယ်။

(၅)

သတ်ပုံကျမ်းမှာ ဒုန်း လို့ပါပေမဲ့ ဒုံး လို့ရေးတာကို အလွန်မှားတယ်လို့ မထင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ