ဆီမပါပဲ = ပဲပြုတ်ကို ဆီးမဆမ်း
ရှယ်ပဲ = ပဲအကောင်းစား
မင်းပဲစား = သူ့သူငယ်ချင်း ပဲစားခြင်း
“စံဘဲဟေ့” = စံပဲဟေ့ မဟုတ်ပါ။
စံပါဘဲ
စံဘဲ
စံဘဲဟေ့
စံပါဘဲတော်
ဆိုတာ အရင်က ဘန်းစကား။ အလွန်ခေတ်စားတယ်။ စာတွေထဲမှာသာမက ရုပ်ရှင်လည်း ရိုက်တယ်။
စံပြ၊ စံနမူနာ စာလုံးတွေကနေ လာတာ။
အခုတော့ ပဲ ခေတ်စားနေတယ်။
မ မပါတိုင်း ပဲ တဲ့။ ဘယ်ကလာ ဟုတ်ရမှာလဲ။
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ (ဇော်ဂျီ)
သူငယ်ချင်းလို့ဘဲ ဆက်၍ ခေါ်မည်ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
ကဲ မောင်ဘဲအနိုင်ယူ (ရီလေး ဆိုတဲ့ သီချင်း)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment