Skip to main content

"ပုပ္ပါးတောင် တိမ်ညိုဆောင်းတော့"

(မောင်စွမ်းရည်)

ပုပ္ပါးတောင် တိမ်ညိုဆောင်းတော့

မိုးကောင်းလိမ့် ကိုရင်ရယ် 

ဒီတခါ ဝါမဆက်နဲ့

လူထွက်ခဲ့ ကွယ် 

မိဘအတွက် နှစ်ဝါရယ်

ကိုယ့်တွက်တာ တဝါပေါ့ 

မယ့်တွက်တာ ဝါမဆက်ပါနဲ့

လူ ထွက်ပါတော့ 

လိင်ပြန်လျှင် စီးဖို့လို့

ဗျက်ကြီးကြီး ဖိနပ်ကျယ် 

မြို့တက်ကာ ဘုရားဖူးရောက်တော့

ဈေးလျှောက်လို့ ဝယ် 

ဝါးခမောက် ထယ်ထယ်

အနံကျယ် လုံကွင်း 

ပျိုတို့မောင် တောင်ယာခုတ်ဖို့

ဓားက တစင်း 

ထင်းစည်းကို မောင်ခုတ်တော့

ဆူးငုတ်တို့ စူးပါ့မယ် 

ရှင်လိင်ပြန် လူပျိုလှမို့

စိတ် မချတယ် 

မောင့်နှမ လိုက်လို့ရယ်

ခုတ်ပါ့မယ် ကြံရဲ့ 

ပျို့မောင်မှာ ယာစောင်းက

နွားကျောင်း နေခဲ့ 

ပျိုတို့မောင် လယ်ထွန်ထွက်တော့

ထမင်းချက် ထုပ်ခဲ့မယ် 

ထွန်ရေးငင် မောင်မဖြောင့်တယ်လို့

စိတ်နှောင့်နဲ့ ကွယ် 

မောင်က အမှိုက်သယ်

မယ်က ထွန်မောင်း 

ထွန်ဖြုတ်ချိန် နေစောင်းမှ

နွား မောင်က ကျောင်း 

မောင့်နှမ နွားနို့ညှစ်တော့

ပျို့ချစ်သူ ဘေးကထိုင် 

ဆေးလိပ်တိုကို ပါးစောင်ခဲလို့

ခွက်မြဲမြဲ ကိုင် 

နို့ခွက် မနိုင်

ဖင်ထိုင်လို့ လဲမည်စိုး 

ပျို့မောင်ကို နွားကန်ပါ့မယ်

မဒန်းမ ဗွေဆိုး 

တောမီးကို မောင်ရှို့တော့

ပိုးမွှားတို့ ပါလိမ့်မယ် 

တရားရှင် ကိုရင်ထွက်မို့

စိတ်ပျက်နဲ့ ကွယ် 

အမှိုက်ကို သယ်

ယာခင်းလယ် ပုံခဲ့ 

ထွန်ဖြုတ်ချိန် နေညို့တော့

မေ ရှို့မယ်ကွဲ့ 

ထွန်ဖြုတ်ချိန် နေစောင်းတော့

ညောင်းသပ ဆိုပါလျှင် 

ပျို့မောင်ကို ချွေးသိပ်လို့

နင်းနှိပ်မယ့် ခင် 

ရွာဦးက နတ်စင်

အပြန်တွင် ဝင်လို့ 

သီးနှံတွေ အထွက်ကောင်းအောင်

ဆုတောင်းပါစို့ 

နောက်တောင်မှာ တိမ်ညိုစောင်းတော့

မိုးကောင်းလိမ့် ကိုရင်ရယ် 

ဒီတခါ ဝါမဆက်ပါနဲ့

လူထွက်ခဲ့ ကွယ် 

မိဘအတွက် နှစ်ဝါရယ်

ကိုယ့်တွက်တာ တဝါပေါ့ 

မယ့်တွက်တာ ဝါမဆက်နဲ့

လူ ထွက်ပါတော့။ (မောင်စွမ်းရည်)

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ